Advertisement
ဒေါသကြောင့်…….
ဒါကြောင့်….
ဒေါသကင်းကြပါစေ……
မေတ္တာဖြင့်
Unicode >>>
ဒေါသ မဖြစ်အောင်နေပါ။ အဲဒီဒေါသက သင့်ကိုသာ နာကျင်စေပါတယ်။
တကယ်လက်တွေ့ကျကျစဉ်းစားကြည့်ရင်….
ဒေါသဖြစ်လာတဲ့အခါ အဲဒီဒေါသရဲ့ဆိုးကျိုးကိုဦးစွာခံစားရတာက
ကိုယ်အရင်ပါပဲ။ ပြီးမှ သူများတွေဆီ ကူးစက်တာပါ။
ဒေါသဟာကြောက်စရာကောင်းပါတယ်….
သူငယ်ချင်းကြားမှာရှိတဲ့ ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာတရားတွေ၊
မိသားစုကြားမှာရှိတဲ့ ဖြူစင်တဲ့ နှောင်ဖွဲ့မှုသံယောဇဉ်တွေ၊
ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ ကောင်းတဲ့ဆက်ဆံရေးတွေ၊
ဆရာတပည့်ကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာတရားတွေစတဲ့…
လူသားတွေရဲ့ကောင်းတဲ့အရည်အသွေး၊ တန်ဖိုးတွေကို
ဖျက်ဆီးပစ်တာဟာဒေါသပါ။
ဒေါသကြောင့်…….
သူငယ်ချင်းကောင်းတွေ ဆုံးရှုံးသွားနိုင်တယ်။
မိတ်ဆွေကောင်းတွေ ဆုံးရှုံးသွားနိုင်တယ်။
ဆက်ဆံရေးကောင်းတွေ ဆုံးရှုံးသွားနိုင်တယ်။
ဆရာကောင်းတွေ ဆုံးရှုံးသွားနိုင်တယ်။
ချစ်ခြင်းမေတ္တာတွေ ဆုံးရှုံးသွားနိုင်တယ်။
အရာအားလုံးကို ဆုံးရှုံးသွားနိုင်တယ်။
သင့်ရဲ့ဖြူစင်နေတဲ့စိတ်ကိုတောင် ဆုံးရှုံးသွားနိုင်တယ်။
ဒါကြောင့်….
ဒေါသကိုအနိုင်ယူနိုင်အောင်ကြိုးစားပါ၊ ဒေါသကြောင့်သင့်မှာရှိတဲ့
ကောင်းတဲ့စိတ်အရည်အသွေးတွေ၊ တန်ဖိုးတွေ၊ သိက္ခာတွေ၊
မိတ်ဆွေကောင်းတွေ၊ သူငယ်ချင်းကောင်းတွေ၊ ဆရာကောင်းတွေ၊
မိသားစုကောင်းတွေ၊ ချစ်ခြင်းမေတ္တာတရားတွေကို….
ဆုံးရှုံးမခံပါနဲ့။ တကယ်တော့ ဘဝဆိုတာဟာ မမြဲတဲ့အတွက်
ဒေါသနဲ့အသက်ရှင်နေရတာဟာ မတန်ပါဘူး။
ဒေါသဖြစ်လာရင် ငါ့မှာရှိတဲ့ ကောင်းတာတွေအားလုံးကို
ဆုံးရှုံးသွားနိုင်တယ်လို့ သတိရပေးပါ။
ဒေါသကင်းကြပါစေ……
မေတ္တာဖြင့်
Credit to Original Writer