လူေတြရဲ႕ ေလာဘစိတ္ကုိ အသုံးခ်ၿပီး အလိမ္ခံလိုက္ရတဲ့ ျဖစ္ရပ္

လူေတြရဲ႕ ေလာဘစိတ္ကုိ အသုံးခ်သြားတဲ့ လိမ္လည္မွဳ ျဖစ္ရပ္

မႏၲေလးျမိဳ႕မွာ ေနတဲ့ အန္တီတစ္ေယာက္ဆီကုိ ဖုန္းဝင္လာပါတယ္။ ဖုန္းကုိင္လုိက္တာက အန္တီရဲ႕အမ်ိဳးသားပါ။ ဟုိဘ က္က ဖုန္းဆက္သူက သူ႔ကုိယ္သူ ျမန္မာ့ဆက္သြယ္ေရးရုံးခ်ဳပ္ ရန္ကုန္ က ဦးစီးမွဴး ဦးျပည့္စုံ ပါ။

ဒီဖုန္းအမည္ေပါက္က ေဒၚ……………ျဖစ္ေနပါတယ္။ ေဒၚ…………ရွိပါသလား။ တဲ့ MPT ဆင္းကဒ္ ၅ သိန္းတန္ နံပါတ္ေ တြထဲက ဖုန္း ၃ လုံးကုိ ိ မဲႏွဳိက္ျပီး သိန္း ၅၀၀ဆု ၃ ဆု မဲေဖာက္ေပးပါတယ္။

ဒီဖုန္းနံပါတ္ ေဒၚ………… အမည္နဲ႔ သိန္း ၅၀၀ ကံစမ္းမဲေပါက္ပါတယ္….လုိ႔ ဖုန္းဆက္အေၾကာင္းၾကား လာပါတယ္။ လူေ တြရဲ႕ေလာဘစိတ္ကုိ ပုိျပီးျကြလာေအာင္ စကားေတြ ရႊန္းရႊန္းေဝေအာင္ ေျပာပါတယ္။

ကံထူးရွင္ အန္တီႀကီးကေတာ့ တကယ္လုိ႔ ယုံၾကည္သြားခ်ိန္က်မွ အဲ့ဒီလုိ မဲေပါက္တာ ႏိုင္ငံေတာ္ကုိ ဝင္ေငြခြန္ေဆာင္ ရပါမယ္တဲ့။အခု ခ်က္ခ်င္း ေငြ ၁၁ သိန္းခြဲ လႊဲေပးပါ။ ဒီေန႔ မလႊဲရင္ သိန္း ၅၀၀ ထုတ္လုိ႔ မရေတာ့ပါဘူးး။

၁၁ သိန္းခြဲအခြန္ေဆာင္ျပီးတာနဲ႔ သိန္း ၅၀၀ ထုတ္ယူဖုိ႔ မႏၲေလး ျမန္မာ့စီးပြားေရးဘဏ္မွာ ေငြထုတ္ဖို႔ ေစာင့္ေနပါဆုိျပီး ရန္ကုန္ ၉ မုိင္ ကေမ႓ာဇ ဘဏ္ကုိ ေငြလႊဲခုိင္းပါတယ္။ မသိ နားမလည္တဲ့ အန္တီနဲ႔ ဦးေလးႀကီးကေတာ့ ေငြ ၁၁ သိန္းခြဲ ကုိ မရ ရေအာင္ရွာျပီး ယုံၾကည္စြာပဲ ေငြလႊဲေပးမိလုိက္ပါတယ္။

ေငြလႊဲျပီး နာရီဝက္ေလာက္အျကာမွာ အလိမ္ခံရျပီလုိ႔ သံသယဝင္မိတာနဲ႔ ဦးစီးမွဴးပါ ဆုိသူကုိ ဖုန္းဆက္ျပန္ေတာ့ ဖုန္းေတြ ပိတ္ထားလုိက္ပါျပီ။ ေငြလႊဲလုိက္တဲ့ မႏၲေလး ကေမ႓ာဇကုိ အေၾကာင္းၾကားျပီး လႊဲေငြထုတ္ျပီး မျပီး စုံစမ္းေတာ့ သူတုိ႔က တဆင့္ ၉ မုိင္ ကေမ႓ာဇဘဏ္ကုိ စုံစမ္းၾကည့္ေတာ့ ေငြ ထုတ္ယူသြားျပီးျဖစ္ပါတယ္။

ဟုိမွာ ေငြလႊဲျပီ ဆုိတာနဲ႔ ေငြထုတ္မယ့္သူက အဆင္သင့္ ေစာင့္ေနတယ္ ထင္ပါတယ္။ ခ်က္ခ်င္း ေငြထုတ္ယူသြားပါတ ယ္။ ေငြထုတ္ယူသံြားသူကုိ ဘဏ္CCTV မွာေတာ့ မွတ္တမ္းတင္ ထားတဲ့ပုံေတာ့ ရလုိက္ပါတယ္။

သူ႔နာမည္က မ်ိဳးမင္းပုိင္ တဲ့၇/မညန (နိုင္) ၀၈၉၈၉၄သူငယ္ခ်င္းတုိ႔ နဲ႔ အနီးအနားမွာ ဒီလုိ ျဖစ္ရပ္မ်ိဳး ႀကံဳခဲ့ရင္ဟသတိ ထားနုိင္ သတိေပးနုိင္ေအာင္ လိမ္လည္မွဳျဖစ္စဥ္ကုိ မ်ွေဝေပးလုိက္ရပါတယ္ထပ္ဆင့္ Share ေပးျခင္းျဖင့္..

Crd:အရုိင္း စ်ာန္္

===========

လူတွေရဲ့ လောဘစိတ်ကို အသုံးချသွားတဲ့ လိမ်လည်မှု ဖြစ်ရပ်

မန္တလေးမြို့မှာ နေတဲ့ အန်တီတစ်ယောက်ဆီကို ဖုန်းဝင်လာပါတယ်။ ဖုန်းကိုင်လိုက်တာက အန်တီရဲ့အမျိုးသားပါ။ ဟိုဘ က်က ဖုန်းဆက်သူက သူ့ကိုယ်သူ မြန်မာ့ဆက်သွယ်ရေးရုံးချုပ် ရန်ကုန် က ဦးစီးမှူး ဦးပြည့်စုံ ပါ။

ဒီဖုန်းအမည်ပေါက်က ဒေါ်……………ဖြစ်နေပါတယ်။ ဒေါ်…………ရှိပါသလား။ တဲ့ MPT ဆင်းကဒ် ၅ သိန်းတန် နံပါတ်ေ တွထဲက ဖုန်း ၃ လုံးကို ိ မဲနှိုက်ပြီး သိန်း ၅ဝဝဆု ၃ ဆု မဲဖောက်ပေးပါတယ်။

ဒီဖုန်းနံပါတ် ဒေါ်………… အမည်နဲ့ သိန်း ၅၀၀ ကံစမ်းမဲပေါက်ပါတယ်….လို့ ဖုန်းဆက်အကြောင်းကြား လာပါတယ်။ လူေ တွရဲ့လောဘစိတ်ကို ပိုပြီးကြွလာအောင် စကားတွေ ရွှန်းရွှန်းဝေအောင် ပြောပါတယ်။

ကံထူးရှင် အန်တီကြီးကတော့ တကယ်လို့ ယုံကြည်သွားချိန်ကျမှ အဲ့ဒီလို မဲပေါက်တာ နိုင်ငံတော်ကို ဝင်ငွေခွန်ဆောင် ရပါမယ်တဲ့။အခု ချက်ချင်း ငွေ ၁၁ သိန်းခွဲ လွှဲပေးပါ။ ဒီနေ့ မလွှဲရင် သိန်း ၅၀၀ ထုတ်လို့ မရတော့ပါဘူးး။

၁၁ သိန်းခွဲအခွန်ဆောင်ပြီးတာနဲ့ သိန်း ၅၀၀ ထုတ်ယူဖို့ မန္တလေး မြန်မာ့စီးပွားရေးဘဏ်မှာ ငွေထုတ်ဖို့ စောင့်နေပါဆိုပြီး ရန်ကုန် ၉ မိုင် ကမေ႓ာဇ ဘဏ်ကို ငွေလွှဲခိုင်းပါတယ်။ မသိ နားမလည်တဲ့ အန်တီနဲ့ ဦးလေးကြီးကတော့ ငွေ ၁၁ သိန်းခွဲ ကို မရ ရအောင်ရှာပြီး ယုံကြည်စွာပဲ ငွေလွှဲပေးမိလိုက်ပါတယ်။

ငွေလွှဲပြီး နာရီဝက်လောက်အကြာမှာ အလိမ်ခံရပြီလို့ သံသယဝင်မိတာနဲ့ ဦးစီးမှူးပါ ဆိုသူကို ဖုန်းဆက်ပြန်တော့ ဖုန်းတွေ ပိတ်ထားလိုက်ပါပြီ။ ငွေလွှဲလိုက်တဲ့ မန္တလေး ကမေ႓ာဇကို အကြောင်းကြားပြီး လွှဲငွေထုတ်ပြီး မပြီး စုံစမ်းတော့ သူတို့က တဆင့် ၉ မိုင် ကမေ႓ာဇဘဏ်ကို စုံစမ်းကြည့်တော့ ငွေ ထုတ်ယူသွားပြီးဖြစ်ပါတယ်။

ဟိုမှာ ငွေလွှဲပြီ ဆိုတာနဲ့ ငွေထုတ်မယ့်သူက အဆင်သင့် စောင့်နေတယ် ထင်ပါတယ်။ ချက်ချင်း ငွေထုတ်ယူသွားပါတ ယ်။ ငွေထုတ်ယူသွံားသူကို ဘဏ်CCTV မှာတော့ မှတ်တမ်းတင် ထားတဲ့ပုံတော့ ရလိုက်ပါတယ်။

သူ့နာမည်က မျိုးမင်းပိုင် တဲ့ရ/မညန (နိုင်) ၀၈၉၈၉၄သူငယ်ချင်းတို့ နဲ့ အနီးအနားမှာ ဒီလို ဖြစ်ရပ်မျိုး ကြုံခဲ့ရင်ဟသတိ ထားနိုင် သတိပေးနိုင်အောင် လိမ်လည်မှုဖြစ်စဉ်ကို မျှဝေပေးလိုက်ရပါတယ်ထပ်ဆင့် Share ပေးခြင်းဖြင့်..

Crd:အရိုင်း စျာန််