တည္ၿငိမ္ရင့္က်က္လာျခင္းရဲ႕သေဘာ

တည္ၿငိမ္ရင့္က်က္လာျခင္းရဲ႕သေဘာ

အႏွစ္ေတြကို သိလာေတာ့ အခ်စ္ေတြကို မသိမသာ ေလွ်ာ့လာျဖစ္ခဲ့တယ္။

ေသရင္ ကိုယ့္ေနာက္ကိုဘာမွမပါဘူးဆိုတာ တကယ္သိလာေတာ့ ဘာမွ အထွာႀကီး

လုပ္စရာမလိုဘူးဆိုတာ ဆင္ျခင္လာမိတယ္။

ကိုယ္အားရွိေနလို႔ သူအနား ရွိေနတာကို သတိျပဳမိေတာ့ #သူထားရက္ခဲ့လို႔လည္းကိုယ္အားမပ်က္ေတာ့ဘူး။

သူမရွိတာဟာ ကိုယ္အထိနာဖို႔မွ မဟုတ္တာ။ ပိုသိစရာေတြ လုပ္ဖို႔ပဲ မဟုတ္လား။

ဟုတ္တယ္။ ဘဝရဲ႕အႏွစ္သာရဆိုတာ

အခ်စ္မွ မဟုတ္တာ။ သစၥာနဲ႔ေမတၱာတရားပါပဲ။

သစၥာေတြရွိေနၾကမယ္။

ေမတၱာေတြရွိေနၾကမယ္ဆိုရင္

ခ်စ္တာဟာသိစရာေတာင္မလိုဘူးေပါ့။

အခ်စ္ရဲ႕သေဘာက ငယ္တုန္းအခ်ိန္မွာသာ #တေသာေသာနဲ႔အေမာတေကာ ျဖစ္ေနၾက ေပမယ့္ …

အႏွစ္သာရကိုသိလာတဲ့အခါမွာေတာ့ #အခ်စ္ေလ်ာ့လာလို႔လည္း

အစစ္ေတြကေပါ့မသြားပါဘူးေလ။

သံသရာနဲ႔ယွဥ္ရင္အရာရာကထားခဲ့ရမွာပဲ မဟုတ္လား။

ရွိေနလို႔လည္းေျမာက္ႂကြားစရာမလိုသလို

မရွိလို႔လည္းေအာက္သြားစရာမလိုပါဘူး။

ေဟာက္စားခ်င္တဲ့စိတ္ရွိရင္ေတာ့

ေအာက္သြားဖို႔လည္းျဖစ္ရင္ျဖစ္သြားမွာေပါ့။

ကိုယ့္ကိုယ္ကိုယ္ေတာ့ အထွာႀကီးနဲ႔ဆရာႀကီးမလုပ္မိဖို႔ပဲ ႀကိဳးစားရမွာေပါ့။

လူဆိုတဲ့ သတၱဝါကေလာကဓံတရားေတြေနာက္ကိုလိုက္တတ္သလို

ေလာကဓံေတြကလည္းလူ႔ေတြေနာက္ကိုျပန္လိုက္ေနတတ္တယ္။

တဒဂၤအရွိတရားေနာက္ကို

ကိုယ္ကလိုက္ေနရင္းနဲ႔

မရွိတရားကကိုယ့္ေနာက္ကိုျပန္လိုက္ေနေတာ့တာ။

ကိုယ့္မွာ ရာထူးဌာနႏၲရ ဂုဏ္ပကာသနေတြ အားရွိေနရင္ ကိုယ့္အနားမွာ သူတို႔သူတို႔ေတြ လည္း ရွိေနၾကမွာပါပဲ။

ကိုယ္အားမရွိတဲ့တစ္ေန႔ သူတို႔လည္း အနားမရွိေတာ့တဲ့ ေန႔ပဲေပါ့။

ဘယ္သူအနားမရွိရွိကိုယ့္မွာတရားရွိေနဖို႔ပါပဲ။

တရားရွိရင္အမွားမရွိဘူး။

အမွားမရွိရင္အမ်ားမရွိလည္းအားရွိေနမွာပဲေပါ့။

ဆရာေတာ္

မနာပဒါယီ အရွင္ဝိစိတၱ

Unicode >>>

တည်ငြိမ်ရင့်ကျက်လာခြင်းရဲ့သဘော

အနှစ်တွေကို သိလာတော့ အချစ်တွေကို မသိမသာ လျှော့လာဖြစ်ခဲ့တယ်။

သေရင် ကိုယ့်နောက်ကိုဘာမှမပါဘူးဆိုတာ တကယ်သိလာတော့ ဘာမှ အထှာကြီး

လုပ်စရာမလိုဘူးဆိုတာ ဆင်ခြင်လာမိတယ်။

ကိုယ်အားရှိနေလို့ သူအနား ရှိနေတာကို သတိပြုမိတော့ #သူထားရက်ခဲ့လို့လည်းကိုယ်အားမပျက်တော့ဘူး။

သူမရှိတာဟာ ကိုယ်အထိနာဖို့မှ မဟုတ်တာ။ ပိုသိစရာတွေ လုပ်ဖို့ပဲ မဟုတ်လား။

ဟုတ်တယ်။ ဘဝရဲ့အနှစ်သာရဆိုတာ

အချစ်မှ မဟုတ်တာ။ သစ္စာနဲ့မေတ္တာတရားပါပဲ။

သစ္စာတွေရှိနေကြမယ်။

မေတ္တာတွေရှိနေကြမယ်ဆိုရင်

ချစ်တာဟာသိစရာတောင်မလိုဘူးပေါ့။

အချစ်ရဲ့သဘောက ငယ်တုန်းအချိန်မှာသာ #တသောသောနဲ့အမောတကော ဖြစ်နေကြ ပေမယ့် …

အနှစ်သာရကိုသိလာတဲ့အခါမှာတော့ #အချစ်လျော့လာလို့လည်း

အစစ်တွေကပေါ့မသွားပါဘူးလေ။

သံသရာနဲ့ယှဉ်ရင်အရာရာကထားခဲ့ရမှာပဲ မဟုတ်လား။

ရှိနေလို့လည်းမြောက်ကြွားစရာမလိုသလို

မရှိလို့လည်းအောက်သွားစရာမလိုပါဘူး။

ဟောက်စားချင်တဲ့စိတ်ရှိရင်တော့

အောက်သွားဖို့လည်းဖြစ်ရင်ဖြစ်သွားမှာပေါ့။

ကိုယ့်ကိုယ်ကိုယ်တော့ အထှာကြီးနဲ့ဆရာကြီးမလုပ်မိဖို့ပဲ ကြိုးစားရမှာပေါ့။

လူဆိုတဲ့ သတ္တဝါကလောကဓံတရားတွေနောက်ကိုလိုက်တတ်သလို

လောကဓံတွေကလည်းလူ့တွေနောက်ကိုပြန်လိုက်နေတတ်တယ်။

တဒင်္ဂအရှိတရားနောက်ကို

ကိုယ်ကလိုက်နေရင်းနဲ့

မရှိတရားကကိုယ့်နောက်ကိုပြန်လိုက်နေတော့တာ။

ကိုယ့်မှာ ရာထူးဌာနန္တရ ဂုဏ်ပကာသနတွေ အားရှိနေရင် ကိုယ့်အနားမှာ သူတို့သူတို့တွေ လည်း ရှိနေကြမှာပါပဲ။

ကိုယ်အားမရှိတဲ့တစ်နေ့ သူတို့လည်း အနားမရှိတော့တဲ့ နေ့ပဲပေါ့။

ဘယ်သူအနားမရှိရှိကိုယ့်မှာတရားရှိနေဖို့ပါပဲ။

တရားရှိရင်အမှားမရှိဘူး။

အမှားမရှိရင်အများမရှိလည်းအားရှိနေမှာပဲပေါ့။

ဆရာတော်

မနာပဒါယီ အရှင်ဝိစိတ္တ