Advertisement
အသက် ၃၀ မတိုင်ခင် သိရှိထားသင့်တဲ့ သင်ခန်းစာ ( ၇ )ခု …..
အသက် ၃၀ မတိုင်ခင် သိရှိထားသင့်တဲ့ သင်ခန်းစာ ( ၇ )ခု ….. 2
မလုံလောက်ပါဘူး။
၃။ ဘဝဆိုတာ မတရားပါဘူး။
Credit#
========
ဘဝမှာ သင်လည်း အမှားတွေ အများကြီးလုပ်ခဲ့ဖူးမှာပါ။ အမှားတွေဟာ တကယ်တော့ ကြောက်စရာကောင်းတဲ့
အရာတွေမဟုတ်ပါဘူး။ အမှားတွေဟာ ကျွန်တော်တို့ တိုးတက်ဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။
ဒါပေမဲ့ သင် အသက် ၃၀ မပြည့်ခင်မှာတော့ ရင့်ကျက်တဲ့ အရွယ်တစ်ခု ရောက်နေဖို့လိုအပ်ပါတယ်။ အသက် ၃၀ မပြည့်ခင်
ကျွန်တော်တို့ လုံးဝသိထားဖို့လိုအပ်တဲ့ ဘဝအတွက် အရေးကြီး သင်ခန်းစာတွေကတော့ –
၁။ ကျောင်းပညာရေးက သင့်ကို အကုန်သင်ပေးလိုက်မှာ မဟုတ်ပါဘူး။
ကျောင်းပြင်ပ ပညာရေးတွေဟာ သင့်ကို ရည်ရှည်အောင်မြင်ဖို့အတွက် အကူအညီပေးမှာဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်
ပညာရပ်တွေ အမြဲဖြည့်တင်းနေခြင်းက သင့်ကို ဘဝမှာ အောင်မြင်ဖို့အတွက် အကူအညီပေးမှာ ဖြစ်ပြီး ကောလိပ်ဒီဂရီတွေနဲ့တင်
မလုံလောက်ပါဘူး။
၂။ တစ်ခြားလူတွေရဲ့ အမြင်တွေကို အရမ်း ဂရုမစိုက်မိပါစေနဲ့။
လူတွေ ဘာထင်လဲဆိုတာအရေးမကြီးပါဘူး။ သင်ဘာထင်လဲဆိုတာက အရေးကြီးပါတယ်။ ကိုယ်မထိန်းချုပ်နိုင်တဲ့
အရာတွေနဲ့ ပတ်သတ်ပြီး အရမ်း ဂရုစိုက်နေစရာမလိုပါဘူး။ သင့်ကိုယ်သင်အာရုံစိုက်ထားပါ။
၃။ ဘဝဆိုတာ မတရားပါဘူး။
ဘီလ်ဂိတ်က “ ဘဝဟာမတရားပါဘူး။ အသားကျအောင်ကြိုးစားပါ ”။ ဘဝဆိုတာ ဘယ်တော့မှာ မတရားပါဘူး။
သင်အနေနဲ့ ဘာကြောင့် ငါကျမှ ဖြစ်နေရတာလဲဆိုတာ ခဏခဏ တွေးမိနေပါလိမ့်မယ်။ ဒါပေမဲ့ ဒါက အရေးမကြီးပါဘူး။
ကိုယ့်ရဲ့ ကိုယ်ပိုင်လုပ်ရပ်တွေအတွက် တာဝန်ယူမှုရှိဖို့ ကြိုးစားပါ။
၄။ ကျရှုံးမှုဆိုတာ သင်ရဲ့ သင်ကြားရေး လုပ်ငန်းစဉ်ထဲက တစ်ခုပါ။
ဘယ်လူမှ မကျရှုံးချင်ကြပါဘူး။ ဒါပေမဲ့ တကယ်လက်တွေ့ဘဝမှာ ကျရှုံးမှုတွေ ကြုံတွေ့ခြင်းဟာ သင့်ကို သင်ခန်းစာ အသစ်တွေ
ပေးမှာ ဖြစ်သလို သင်ဘယ်တော့မှ အရှုံးမပေးမချင်း သင်မကျရှုံးသေးပါဘူး။
၅။ ပိုက်ဆံက အရာအားလုံးကို ဝယ်ယူလို့မရပါဘူး။
ငယ်ရွယ်တဲ့ အချိန်မှာတော့ ပိုက်ဆံကပေးနိုင်တဲ့ လွတ်လပ်မှုတွေကို လူတိုင်း ရင်ခုန်ခဲ့ဖူးကြမှာပါ။ ဒါပေမဲ့ ပိုက်ဆံက
အရာရာတိုင်းမဟုတ်ပါဘူး။ Nanodyr8 တည်ထောင်သူ Adam Legas စကားအရတော့ “ ကျွန်တော်တို့တွေက ဆည်တမံလို
မဖြစ်စေဘဲ မြစ်တစ်မြစ်လို အသက်ရှင်ပါ။ ငွေကြေးကိုလည်း သင့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်တဲ့
အရာတစ်ခုအဖြစ်မြင်ပါ။ ပိုက်ဆံ ပိုက်ဆံဆိုတာအစား တန်ဖိုးကို ဂရုစိုက်ပါ ” ကိုယ်က ကိုယ့်ရဲ့ ပတ်ဝန်းကျင်၊ ကိုယ့်နိုင်ငံ၊
ကိုယ့်ရဲ့ ကမ္ဘာကြီးအတွက် ဘယ်လို ပါဝင်ကူညီနိုင်မလဲဆိုတာ အမြဲစဉ်းစားပါ။
၆။ ကျန်းမာရေး ဂရုစိုက်ပါ။
ဆရာဦးအောင်သင်းစကားအရဆိုလည်း သင်ဘယ်လောက်ချမ်းသာချင်တဲ့ စိတ်ပြင်းပြနေ၊ ပြင်းပြနေ ခန္ဓာကိုယ်က
ကျန်းမာရေးမကောင်းရင် ဘာမှ လုပ်လို့မရပါဘူး။ သင့်ရဲ့ ခန္ဓာကိုယ်က အောင်မြင်မှုဆီ သင့်ကိုပို့ပေးမယ့် ယာဉ်တစ်ခုပါ။
သင့်သူ့ကို ဂရုစိုက်ရင် သူကလည်း ပြန်လည် ဂရုစိုက်ပါလိမ့်မယ်။
၇။ ရည်မှန်းချက်နဲ့ အသက်ရှင်နေထိုင်ပါ။
ငယ်ရွယ်တုန်းကတော့ ကျွန်တော်တို့ ဖြစ်ချင်တာတွေက အများကြီးပါ။ ဒါပေမဲ့ ကျွန်တော်တို့ အသက်ကြီးလာပြီဆိုတာနဲ့
ကျွန်တော်တို့ရဲ့စွမ်းအားနဲ့ အချိန်တွေကို ဘယ်နေရာသို့မောင်းနှင်မလဲဆိုတာ အရေးကြီးလာပါပြီ။ ဒါ့ကြောင့် အသက်ကြီးလာတာနဲ့
ကိုယ့်ကို ပျော်ရွှင်စေတဲ့ အရာတွေအတွက် အသက်ရှင်ပါ။ ကိုယ့်ရဲ့ ရည်မှန်းချက်ကိုရှာဖွေပြီး ကိုယ်လိုချင်တဲ့ ဘဝမျိုးကို တည်ဆောက်ပါ။
ဘဝကို ကောင်းကောင်းအသက်ရှင်ပါ။ ကိုယ်ကိုယ်ကို ယုံကြည်မှုရှိပါ။ ဆရာသမားတွေဟာ လူသစ်တွေထက် အများကြီး
ပိုမှားတတ်ကြောင်း နားလည်ထားပါ။
Credit#