စိတ္ဓာတ္က်တဲ့အခါ ဒီအားေဆး (၁၀)မ်ိဳးကို ေသာက္ျပီး ခရီးဆက္ေလွ်ာက္ႏိုင္ပါေစ

စိတ္ဓာတ္က်တဲ့အခါ ဒီအားေဆး (၁၀)မ်ိဳးကို
ေသာက္ျပီး ခရီးဆက္ေလွ်ာက္ႏိုင္ပါေစ

(၁) သူတစ္ပါးေရွ႕မွာ ေရာက္ရွိေနတဲ့ သင္ဟာ

လမ္းပိတ္သူမျဖစ္ေစဘဲ လမ္းျပေပးသူျဖစ္ေအာင္ ၾကိဳးစားပါ။

(၂) ေအာင္ျမင္မႈဆိုတာ အခ်ိန္ နဲ႔ ေနရာေပၚမတည္ပါဘူး။

အားကိုးထိုက္သူျဖစ္ေအာင္ ၾကိဳးစားေနမွ

သင္ရဲ႕ လုပ္ငန္းခြင္မွာ ယံုၾကည္ထိုက္သူျဖစ္လာမွာပါ။

ထာ၀ရ ရပ္တည္ႏိုင္ဖို႔ ၾကိဳးစားမႈေပၚမွာပဲ မူတည္ပါတယ္။

(၃) အရႈံးေတြနဲ႕ေတြ႕ခ်ိန္ စိတ္ညစ္ေနသလား ။

အဲဒီအရႈံးထဲက ရခဲ့တဲ့သင္ခန္းစာေတြဟာ

ေနာက္တစ္ၾကိမ္အတြက္ အျမတ္ေတြပါ။

ဘာကိုမွစိတ္ဓာတ္မက်ပါနဲ႔။

အခက္အခဲ ဆိုရင္ ရင္ေကာ့ျပီးရင္ဆိုင္ပစ္လုိက္ပါ။

(၄) အတင္းေျပာ ကဲရဲ႕မွာကို ေၾကာက္ေနသလား။

ကိုယ့္လိပ္ျပာကိုယ္လံုရင္ပဲ ေက်နပ္စရာမို႔ သင့္လမ္းကိုသင္ဆက္ေလွ်ာက္ပါ။

လမ္းမွာေဟာင္သမွ်ေခြးတိုင္းကိုသာ ခဲနဲ႕ထုေနမယ္ဆိုရင္ သင္သြားခ်င္တဲ့

ခရီးရဲ႕ ပန္းတိုင္ကို ေရာက္မွာမဟုတ္ေတာ့ဘူး။

(၅) အဆိပ္ရွိတဲ့သတၱဝါ၊ ဦးခ်ိဳေထာင္တဲ့သတၱဝါ၊

ဆင္ျခင္မႈတရားနည္းပါးသူ ထိုသံုးမ်ိဳးကို ေတြ႕လွ်င္ေဝးေဝးကေရွာင္ပါ။

ထိုသံုးမ်ိဳးက သင့္ကိုေသြးမ်က္ရည္က်ေစႏိုင္ပါတယ္။

(၆) ေလာဘၾကီးသူ၊ အယံုလြယ္သူ၊ အားနာတတ္သူ၊

သနားတတ္သူ မျဖစ္ေအာင္ သတိထားစဥ္းစားပါ။

ထိုသူမ်ားဟာ လူလိမ္အမ်ားဆံုးခံရသူေတြ ျဖစ္ပါတယ္။

(၇) ေနခ်င္သလိုမျဖစ္လို႔ ျဖစ္သလိုမေနလိုက္ပါနဲ႕။

ရခဲလွတဲ့ ဘဝတစ္ခုကို သင္ကိုယ္တိုင္မွ

တန္ဖိုးမထားတတ္ရင္ လူျဖစ္ရႈံုးလိမ့္မယ္။

(၈) မိမိအလင္းေရာင္နဲ႕ မိမိဘဝကို ထြန္းလင္းေအာင္ၾကိဳးစားပါ။

ရယူလိုက္ရလို႔ ေပ်ာ္ရတာထက္ ေပးလိုက္ရလို႔

ေပ်ာ္တဲ့သူကသာ ေပ်ာ္ရႊင္မႈအစစ္၊

ပိုင္ဆိုင္မႈအစစ္ျဖစ္တယ္။

(၉) မိမိရဲ႕ ေပ်ာ္ရြင္မႈက သူတစ္ပါးရဲ႕ မ်က္ရည္ေတြမျဖစ္ပါေစနဲ႕။

မလုပ္သင့္မွန္းသိရက္နဲ႕ ခဏေပ်ာ္ဖို႔ကို

ဦးစားေပးျပီး လုပ္လိုက္ရင္ ပိုစိတ္ဆင္းရဲရလိမ့္မယ္။

(၁၀) သင့္မ်က္ႏွာမွာ အျပံဳးတစ္ပြင့္တပ္ဆင္လိုက္ပါ။

ေအာင္ျမင္ျခင္း၊ ေပ်ာ္ရြင္ျခင္းတို႔အတြက္ ေလွကားထစ္

တစ္ခုျဖစ္လာပါလိမ့္မယ္္။ သင့္ရင္ထဲ ဝမ္းနည္း

နာက်င္ေနခ်ိန္မွာေတာင္ ျပံဳးနိုင္ခဲ့မယ္ဆိုရင္

သင္ဟာ ရင့္က်က္သူျဖစ္လာပါျပီ။

သင္သာလွ်င္ေလာက၌ အျမင့္ျမတ္ဆံုး

လူတိုင္းရဲ႕ ရင္ထဲမွာ ေကာင္းတဲ့ စိတ္တစ္လွည့္ ဆိုးတဲ့

စိတ္တစ္လွည့္ ေနထိုင္လႈပ္ရွားပါတယ္။ ေလာကမွာ

စိတ္ေၾကာင့္ အက်ိဳးမဲ့ ဆင္းရဲဒုကၡေရာက္သလို

စိတ္ေၾကာင့္ပဲ ေကာင္းက်ိဳးခ်မ္းသာရတတ္တယ္။

မေကာင္းတဲ့ စိတ္ၾကီးစိုးရင္ အမွားေတြ

ထပ္ဆင့္ထပ္ဆင့္လုပ္မိၾကပါတယ္။ ဒီလိုအခါမ်ိဳးေတြမွာ

စဥ္းစားခ်ိန္ထိုးႏိုင္ဖို႔ ဒီစာေလးကို

ေရးသားေပးလိုက္ပါတယ္။…..

Credit : Original

Unicode >>>

စိတ်ဓာတ်ကျတဲ့အခါ ဒီအားဆေး (၁၀)မျိုးကို
သောက်ပြီး ခရီးဆက်လျှောက်နိုင်ပါစေ

(၁) သူတစ်ပါးရှေ့မှာ ရောက်ရှိနေတဲ့ သင်ဟာ

 

လမ်းပိတ်သူမဖြစ်စေဘဲ လမ်းပြပေးသူဖြစ်အောင် ကြိုးစားပါ။

(၂) အောင်မြင်မှုဆိုတာ အချိန် နဲ့ နေရာပေါ်မတည်ပါဘူး။

အားကိုးထိုက်သူဖြစ်အောင် ကြိုးစားနေမှ

 

သင်ရဲ့ လုပ်ငန်းခွင်မှာ ယုံကြည်ထိုက်သူဖြစ်လာမှာပါ။

 

ထာဝရ ရပ်တည်နိုင်ဖို့ ကြိုးစားမှုပေါ်မှာပဲ မူတည်ပါတယ်။

(၃) အရှုံးတွေနဲ့တွေ့ချိန် စိတ်ညစ်နေသလား ။

 

အဲဒီအရှုံးထဲက ရခဲ့တဲ့သင်ခန်းစာတွေဟာ

 

နောက်တစ်ကြိမ်အတွက် အမြတ်တွေပါ။

ဘာကိုမှစိတ်ဓာတ်မကျပါနဲ့။

အခက်အခဲ ဆိုရင် ရင်ကော့ပြီးရင်ဆိုင်ပစ်လိုက်ပါ။

(၄) အတင်းပြော ကဲရဲ့မှာကို ကြောက်နေသလား။

 

ကိုယ့်လိပ်ပြာကိုယ်လုံရင်ပဲ ကျေနပ်စရာမို့ သင့်လမ်းကိုသင်ဆက်လျှောက်ပါ။

လမ်းမှာဟောင်သမျှခွေးတိုင်းကိုသာ ခဲနဲ့ထုနေမယ်ဆိုရင် သင်သွားချင်တဲ့

 

ခရီးရဲ့ ပန်းတိုင်ကို ရောက်မှာမဟုတ်တော့ဘူး။

(၅) အဆိပ်ရှိတဲ့သတ္တဝါ၊ ဦးချိုထောင်တဲ့သတ္တဝါ၊

 

ဆင်ခြင်မှုတရားနည်းပါးသူ ထိုသုံးမျိုးကို တွေ့လျှင်ဝေးဝေးကရှောင်ပါ။

ထိုသုံးမျိုးက သင့်ကိုသွေးမျက်ရည်ကျစေနိုင်ပါတယ်။

(၆) လောဘကြီးသူ၊ အယုံလွယ်သူ၊ အားနာတတ်သူ၊

 

သနားတတ်သူ မဖြစ်အောင် သတိထားစဉ်းစားပါ။

 

ထိုသူများဟာ လူလိမ်အများဆုံးခံရသူတွေ ဖြစ်ပါတယ်။

(၇) နေချင်သလိုမဖြစ်လို့ ဖြစ်သလိုမနေလိုက်ပါနဲ့။

 

ရခဲလှတဲ့ ဘဝတစ်ခုကို သင်ကိုယ်တိုင်မှ

 

တန်ဖိုးမထားတတ်ရင် လူဖြစ်ရှုုံးလိမ့်မယ်။

(၈) မိမိအလင်းရောင်နဲ့ မိမိဘဝကို ထွန်းလင်းအောင်ကြိုးစားပါ။

ရယူလိုက်ရလို့ ပျော်ရတာထက် ပေးလိုက်ရလို့

 

ပျော်တဲ့သူကသာ ပျော်ရွှင်မှုအစစ်၊

 

ပိုင်ဆိုင်မှုအစစ်ဖြစ်တယ်။

(၉) မိမိရဲ့ ပျော်ရွင်မှုက သူတစ်ပါးရဲ့ မျက်ရည်တွေမဖြစ်ပါစေနဲ့။

မလုပ်သင့်မှန်းသိရက်နဲ့ ခဏပျော်ဖို့ကို

 

ဦးစားပေးပြီး လုပ်လိုက်ရင် ပိုစိတ်ဆင်းရဲရလိမ့်မယ်။

(၁၀) သင့်မျက်နှာမှာ အပြံုးတစ်ပွင့်တပ်ဆင်လိုက်ပါ။

 

အောင်မြင်ခြင်း၊ ပျော်ရွင်ခြင်းတို့အတွက် လှေကားထစ်

 

တစ်ခုဖြစ်လာပါလိမ့်မယ််။ သင့်ရင်ထဲ ဝမ်းနည်း

 

နာကျင်နေချိန်မှာတောင် ပြံုးနိုင်ခဲ့မယ်ဆိုရင်

 

သင်ဟာ ရင့်ကျက်သူဖြစ်လာပါပြီ။

သင်သာလျှင်လောက၌ အမြင့်မြတ်ဆုံး

လူတိုင်းရဲ့ ရင်ထဲမှာ ကောင်းတဲ့ စိတ်တစ်လှည့် ဆိုးတဲ့

 

စိတ်တစ်လှည့် နေထိုင်လှုပ်ရှားပါတယ်။ လောကမှာ

 

စိတ်ကြောင့် အကျိုးမဲ့ ဆင်းရဲဒုက္ခရောက်သလို

 

စိတ်ကြောင့်ပဲ ကောင်းကျိုးချမ်းသာရတတ်တယ်။

 

မကောင်းတဲ့ စိတ်ကြီးစိုးရင် အမှားတွေ

 

ထပ်ဆင့်ထပ်ဆင့်လုပ်မိကြပါတယ်။ ဒီလိုအခါမျိုးတွေမှာ

 

စဉ်းစားချိန်ထိုးနိုင်ဖို့ ဒီစာလေးကို

 

ရေးသားပေးလိုက်ပါတယ်။…..

Credit : Original