႐ိုက္ကြင္းလာၾကည့္တဲ့ ပရိသတ္ေတြေတာင္ ငိုခဲ့ရတဲ့ အူဝဲရဲ႕ သ႐ုပ္ေဆာင္ခ်က္အခ်ိဳ႕

႐ိုက္ကြင္းလာၾကည့္တဲ့ ပရိသတ္ေတြေတာင္ ငိုခဲ့ရတဲ့ အူဝဲရဲ႕ သ႐ုပ္ေဆာင္ခ်က္အခ်ိဳ႕”

အႏုပညာေလာကရဲ႕ ထိပ္တန္းမင္းသမီးတစ္လက္ ေဒြး တို႔ေခတ္တည္းက ယေန႕ခ်ိန္ထိ ႏုပ်ိဳေနဆဲ လွပေနဆဲ ေအာင္ျမင္ေနဆဲ ပရိသတ္ေတြရင္ထဲရွိေနဆဲ မင္းသမီးကေတာ့ ထပ္ဆင့္အကယ္ဒမီ အိႏၵျာေက်ာ္ဇင္ ျဖစ္ပါတယ္။

ပရိသတ္ေတြရဲ႕ အူဝဲကေတာ့ လက္ရွိမွာ နာမည္ႀကီး စာေရးဆရာမ သွ်င္မ ရဲ႕ ေအာင္ျမင္ခဲ့တဲ့ “ဟစ္တိုင္” ဝတၳဳက ဇာတ္ေကာင္ “ေဒါင္းနီ” ေနရာက ပါဝင္သ႐ုပ္ေဆာင္လ်က္ရွိပါတယ္။

တုန္ေနေအာင္ခ်စ္တဲ့ သူမရဲ႕သမီးငယ္ေလးကို ဖ်က္ဆီးခဲ့တဲ့ လူကို ဓားဆြဲၿပီး သတ္ပစ္ခဲ့တဲ့ “ေဒါင္းနီ” ဇာတ္ေကာင္ကေန သ႐ုပ္ေဆာင္ထားတာ ျဖစ္ၿပီး လက္ရွိဒီဇာတ္ကားကိုေတာ့ ဆင္ျဖဴကြၽန္းမွာ ရိုက္ကူးေနတယ္လို႔ သိရပါတယ္။

ဒီဇာတ္ကားရဲ႕ ရိုက္ကြင္းပုံရိပ္ေတြကေတာ့ ပရိသတ္ေတြၾကား ပ်ံ့ႏွံ႕လို႔ေနၿပီး ဇာတ္ဝင္ခန္းအခ်ိဳ႕က အူဝဲရဲ႕ မ်က္ႏွာထားသ႐ုပ္ေဆာင္မႈေတြဟာ ဒီဇာတ္ေကာင္ကို သက္ဝင္ေနတာေတြ႕ရပါတယ္။

ျပင္ပဘဝမွာလည္း သားသမီးေတြကို ဦးစားေပးတတ္တဲ့ အူဝဲဟာ ေနာက္ပိုင္းမွာ ဇာတ္ကားရိုက္ကူးမႈေတြကို သိသိသာသာေလွ်ာ့ခ်ခဲ့ၿပီး ဒီဇာတ္ကားကိုေတာ့ ပရိသတ္ေတြ ေတာင္းဆိုမႈေၾကာင့္ လက္ခံျဖစ္ခဲ့တယ္လို႔လည္း သိရပါတယ္။

ဒီဇာတ္ကားရဲ႕ ရိုက္ကြင္းမွာလည္း အူဝဲရဲ႕ နယ္ပရိသတ္ေတြ ကြင္းအျပည့္လာေရာက္အားေပးေနၾကတာ ေတြ႕ရၿပီး သူမရဲ႕ Eainnies ေတြကေတာ့ ဒီဇာတ္ကားဟာ သူတို႔ရဲ႕ ခ်စ္မအတြက္ ေနာက္ထပ္အကယ္ဒမီယူေပးနိုင္မဲ့ ဇာတ္ကားႀကီးျဖစ္နိုင္တယ္ဆိုၿပီး ေျပာေနၾကတာေတြ႕ရပါတယ္။

Source : Our Pricess EDKZ Group

Celeberities

===========

“ရိုက်ကွင်းလာကြည့်တဲ့ ပရိသတ်တွေတောင် ငိုခဲ့ရတဲ့ အူဝဲရဲ့ သရုပ်ဆောင်ချက်အချို့”

အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်လက် ဒွေး တို့ခေတ်တည်းက ယနေ့ချိန်ထိ နုပျိုနေဆဲ လှပနေဆဲ အောင်မြင်နေဆဲ ပရိသတ်တွေရင်ထဲရှိနေဆဲ မင်းသမီးကတော့ ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင် ဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အူဝဲကတော့ လက်ရှိမှာ နာမည်ကြီး စာရေးဆရာမ သျှင်မ ရဲ့ အောင်မြင်ခဲ့တဲ့ “ဟစ်တိုင်” ဝတ္ထုက ဇာတ်ကောင် “ဒေါင်းနီ” နေရာက ပါဝင်သရုပ်ဆောင်လျက်ရှိပါတယ်။

တုန်နေအောင်ချစ်တဲ့ သူမရဲ့သမီးငယ်လေးကို ဖျက်ဆီးခဲ့တဲ့ လူကို ဓားဆွဲပြီး သတ်ပစ်ခဲ့တဲ့ “ဒေါင်းနီ” ဇာတ်ကောင်ကနေ သရုပ်ဆောင်ထားတာ ဖြစ်ပြီး လက်ရှိဒီဇာတ်ကားကိုတော့ ဆင်ဖြူကျွန်းမှာ ရိုက်ကူးနေတယ်လို့ သိရပါတယ်။

ဒီဇာတ်ကားရဲ့ ရိုက်ကွင်းပုံရိပ်တွေကတော့ ပရိသတ်တွေကြား ပျံ့နှံ့လို့နေပြီး ဇာတ်ဝင်ခန်းအချို့က အူဝဲရဲ့ မျက်နှာထားသရုပ်ဆောင်မှုတွေဟာ ဒီဇာတ်ကောင်ကို သက်ဝင်နေတာတွေ့ရပါတယ်။

ပြင်ပဘဝမှာလည်း သားသမီးတွေကို ဦးစားပေးတတ်တဲ့ အူဝဲဟာ နောက်ပိုင်းမှာ ဇာတ်ကားရိုက်ကူးမှုတွေကို သိသိသာသာလျှော့ချခဲ့ပြီး ဒီဇာတ်ကားကိုတော့ ပရိသတ်တွေ တောင်းဆိုမှုကြောင့် လက်ခံဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီဇာတ်ကားရဲ့ ရိုက်ကွင်းမှာလည်း အူဝဲရဲ့ နယ်ပရိသတ်တွေ ကွင်းအပြည့်လာရောက်အားပေးနေကြတာ တွေ့ရပြီး သူမရဲ့ Eainnies တွေကတော့ ဒီဇာတ်ကားဟာ သူတို့ရဲ့ ချစ်မအတွက် နောက်ထပ်အကယ်ဒမီယူပေးနိုင်မဲ့ ဇာတ်ကားကြီးဖြစ်နိုင်တယ်ဆိုပြီး ပြောနေကြတာတွေ့ရပါတယ်။

Source : Our Pricess EDKZ Group

Celeberities