ဦးသိန်းတန် ဘာ့ကြောင့် အခုလိုပြောရလဲဆိုတာ ပြောလာတဲ့ အိမ့်ချစ်
from အိမ့်ချစ်
Credit – shwemom
==========
ဦးသိန်းတန်ဘက်ကနေ ရပ်တည်ပေးလိုက်တဲ့ အိမ့်ချစ်
Myanmar Idol ကတော့ လက်တလောမှာ အရမ်းကို နာမည်ကြီးနေတဲ့ သီချင်းဆိုပြိုင်ပွဲပါ။ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အတော်လေး လူပြောများနေတဲ့ သီချင်းဆိုပြိုင်ပွဲပါ။ပြိုင်ပွဲ တစ်ခု ပြီးတိုင်းလည်း ဝေဖန်ပြောဆိုသံတွေ အများ ကြီး ထွက်ပေါ်လေ့ရှိတဲ့ သီချင်းဆိုပြိုင်ပွဲပါ။ဇူလိုင်လ(၁၉)ရက်နေ့ညက Myanmar Idol Season 3 ရဲ့  Rock Week ပြိုင်ပွဲကို ကျင်းပခဲ့့ပါတယ်။
ဒီပြိုင်ပွဲကတော့ ပရိသတ်တွေရော၊အနုပညာရှင်အသိုင်းအဝိုင်းကြားမှာပါ အတော်လေးကို လူပြောများနေပါတယ်။ဒိုင်ေ တွ၊ပြိုင်ပွဲဝင်တွေအပေါ်ဝဖန် ပြောဆိုသံတွေလဲ အများကြီးကို ထွက်ပေါ်နေပါတယ်။လက်တလောမှာ ဒိုင်တွေထဲက တစ်ယောက်ဖြစ်တဲ့ အန်ကယ်ဦးသိန်းတန်အပေါ် ဝေဖန်ပြောဆိုသံတွေ အများကြီး ထွက်ပေါ် နေပါတယ်။ အဆိုတော် အိမ့်ချစ်ကတော့  သူများတွေက ပြောဆိုဝေဖန်နေကြတဲ့ မြန်မာပြည်ဦးသိိန်းတန်ဘက်ကနေ ရပ်တည်ပေးလိုက်ပါတယ်။
“အန်ကယ့်ကိုအပြစ်မမြင်ကြပါနဲ့ခွာ အစီအစဉ်ရဲ့ စိတ်ဝင်စားမှုနှုန်းမြင့်တက်လာဖို့ သူကဇာတ်လမ်းစနေရတာပါ ဒါမှလူတွေပါးစပ်ဖျား ပြောစမှတ်တွေဖြစ်လာမယ် လူပြောများမှပိုအောင်မြင်တာကိုးကွ ခုကိုဒေါသတွေထွက်ကြ စတေးတပ်တွေရေးကြနဲ့ မကြည့်ဖြစ်တဲ့လူကလဲဒါတွေကြားသိရပြီးကြည့်ချင်လာမယ် ကြည့်နေတဲ့သူတွေကလဲ
နောက်တစ်ပတ်ဘယ်လိုတွေဘက်လိုက်ဦးမလဲ
ဆက်စောင့်ကြည့်ကြမယ် ဒါပါပဲကွယ်
ဒါမယ့်သတင်းကြားမိတာက အန်ကယ့်ချစ်သူစနက်ပါတယ်ဆိုလားဘာလား သိပါဘူးးးးးးး
အချစ်ရေ အန်ကယ်လူကြမ်းကြီးဘာာာာ…” ဆိုပြီး အိမ့်ချစ်က ပြောခဲ့ပါတယ်။
“ မောင်ချိုရော ဖြိုးမြတ်အောင်ရောကောင်းပါတယ်..” “အမခုပြောချင်တာလဲအဲ့ဒါပဲ အပန်းပြေရုံပဲကြည့်ကြပါ လို့အ ကြံပေးချင်တာ ပြီးတော့လူစွဲထက် တကယ်ကောင်းတယ်ဆိုတဲ့သူတွေကိုပဲမဲပေးစေချင်တာ” ဆိုပြီး Comment တွေ ကို Reply ပြန်ထားပါတယ်။
“ကျ​နော်​ ဂီတအ​ကြောင်​း​တော့ သိပ်​နားမလည်​ဘူးဗျ ​ကောင်​းတဲ့သူကို မပြုတ်​​စေချင်​တာ​တော့အမှန်​ပဲ MI ဆိုတာစီးပွား​ရေး program တစ်​ခု​ဖြစ်​​ကောင်​းဖြစ်​နိုင်​တယ်​
ဒါ​ပေမဲ့ ဖြိုးမြတ်​​အောင်​က ဂီတနဲ့ပတ်​သတ်​ရင်​ စန်​း ​တော်​​တော်​ရှိတယ်​ အမ အိမ်​့ချစ်​လိုပါပဲ သူပြီးရင်​ ​မောင်​ချို ​ငွေဇင်​လှိုင်​းကြိုက်​တယ်​ အပြုသ​ဘော သိသ​လောက်​ ဝင်​မန်​့တာပါ ..” ဆိုပြီး ပရိသတ်တစ်ယောက်ရဲ့ Comment ကိုလဲ အိမ့်ချစ်က ….
“အမနဲ့မောင်လေးအကြိုက်တူတယ် အမလဲတစ်ယောက်ထဲအားမပေးဘူး သူတို့သုံးယောက်လုံးဒီတစ်ပတ်ကောင်းကြတယ်..” ဆိုပြီး ပြန်ပြောထားတာကိုလဲ တွေ့ရပါတယ်။
from အိမ့်ချစ်
Credit – shwemom