Advertisement
ရွှေမှုံရတီက လိမ္မာတဲ့တပည့်ထဲမှာပါမယ်မထင်ဘူး လို့ တပည့်ဖြစ်သူ ရွှေမှုံရတီအကြောင်း ပြောပြလိုက်တဲ့ ဂျွန်လွင်
ရွှေမှုံရတီက လိမ္မာတဲ့တပည့်ထဲမှာပါမယ်မထင်ဘူး လို့ တပည့်ဖြစ်သူ ရွှေမှုံရတီအကြောင်း ပြောပြလိုက်တဲ့ ဂျွန်လွင် 2
ရွှေမှုံရတီက လိမ္မာတဲ့တပည့်ထဲမှာပါမယ်မထင်ဘူး လို့ တပည့်ဖြစ်သူ ရွှေမှုံရတီအကြောင်း ပြောပြလိုက်တဲ့ ဂျွန်လွင် 3
ရွှေမှုံရတီက လိမ္မာတဲ့တပည့်ထဲမှာပါမယ်မထင်ဘူး လို့ တပည့်ဖြစ်သူ ရွှေမှုံရတီအကြောင်း ပြောပြလိုက်တဲ့ ဂျွန်လွင် 4
ရွှေမှုံရတီက လိမ္မာတဲ့တပည့်ထဲမှာပါမယ်မထင်ဘူး လို့ တပည့်ဖြစ်သူ ရွှေမှုံရတီအကြောင်း ပြောပြလိုက်တဲ့ ဂျွန်လွင် 5
Unicode >>>>
ခုလက်တလောမှာတော့ ရွှေမှုန်ရတီနဲ့ ရွှေထူးတို့ရဲ့အချစ်ရေးက အရမ်းကိုဟော့ဖြစ်နေတာဖြစ်ပါတယ်။
မနေ့ညကမှ အချစ်ရေးကို ပွင့်ပွင့်လင်းလင်းချပြလိုက်တဲ့ ရွှေ ၂ ရွှေကတော့ ရိုဆန်ဆန်ရိုက်ကူးထားတဲ့ပုံတွေနဲ့ ပရိသတ်ကြီးကို
တအံ့တသြဖြစ်အောင်လုပ်လိုက်တာလည်းဖြစ်ပါတယ်။
ရွှေမှုန်ရတီဟာ အနုပညာပျိုးခင်းရဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး ဆရာဖြစ်သူ ဂျွန်လွင်ကတော့
လက်တလော ရွှေမှုန်ရတီရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး သူ့အမြင်ကို ပြောထားပါတယ်။
“သူကအသက်အရမ်းငယ်ပါသေးတယ်။ ကျတော်ထင်တယ် အသက် (၁၈) နှစ်လားမသိဘူး။
သူ့မှာလည်း သူ့လွတ်လပ်ပိုင်ခွင့်တွေရှိတယ်။ သူချစ်ချင်လည်းချစ်လို့ရပါတယ်။ သူ့ရဲ့ခံစားချက်တစ်ခုပေါ်မှာပဲ ပြောစေချင်တယ်။
ဘာလို့လဲဆို ရုပ်ရှင်သရုပ်ဆောင်လုပ်နေတယ်။ သူလည်းအောင်မြင်တဲ့ မင်းသမီးတစ်လက်ဖြစ်နေပြီ ကျတော့်အနေနဲ့ပြောချင်တာကတော့
သတိလေးနဲ့နေစေချင်တယ်။အရာရာတိုင်းကတော့မတည်မြဲဘူး။ သူတို့လည်းချစ်ချင်မှာပေါ့ ဘယ်သူနဲ့ပဲချစ်ချစ် ချစ်လို့ရပါတယ်။”
ဒါ့အပြင် တပည့်ဖြစ်သူ ရွှေမှုံရတီရဲ့ အလုပ်လုပ်တဲ့အပေါ်မှာလည်း ဒီလိုလေးပြောထားပါသေးတယ်။
ရွှေမှုံရတီက လိမ္မာတဲ့တပည့်ထဲမှာပါမယ်မထင်ဘူး လို့ တပည့်ဖြစ်သူ ရွှေမှုံရတီအကြောင်း ပြောပြလိုက်တဲ့ ဂျွန်လွင် 3
“ရွှေမှုံရတီကလိမ္မာတဲ့တပည့်တစ်ယောက်လို့တော့မထင်ဘူး။ သူကအလုပ်တွေကို ကလန်ကဆန်လုပ်တယ်။
ကုမ္ပဏီကလူတွေကျတော့်ကိုတော်တော်များများတိုင်တယ်။ အကိုအမြဲတမ်းဆုံးမပါတယ်။
ပိုက်ဆံဆိုတာ မိုးပေါ်ကကျလာတာမဟုတ်ဘူး။ နင့်ကိုဒီလိုပေးထားတဲ့အတွက်ကြောင့် အလုပ်ကိုတော့တာဝန်ကျေအောင်လုပ်ရမယ်။
“ဖေ့ဘုတ်ချက်ဘောက်ကနေလည်းပြောတယ်။ ဖုန်းခေါ်ပြီးပြောတယ်။
ဘာလို့ဆို ဒီလိုမျိုးအောင်မြင်နေတဲ့နေရာတစ်ခုကို လူတိုင်းကလိုချင်ကြတာလေ။
အဲ့နေရာကနေဆင်းသွားပြီးရင် ပြန်တက်ဖို့ဆိုတာ မလွယ်ဘူးဆိုတာ သူတခါတလေကျရင်မေ့နေမှာစိုးလို့ကိုယ်က
အနောက်ကနေအမြဲတမ်း သတိပေးရတယ်။”
Ref;8 Days TV & We Love Cele