Advertisement

ကေလးငယ္တစ္ဦး အပါအဝင္ စုစုေပါင္းေလးဦးကို အပိုင္းပိုင္းျဖတ္ သတ္ျဖတ္မႈ တစ္ခု ေတာင္ၾကီးျမိဳ႕တြင္ ျဖစ္ပြား

ကေလးငယ္တစ္ဦး အပါအဝင္ စုစုေပါင္းေလးဦးကို အပိုင္းပိုင္းျဖတ္ သတ္ျဖတ္မႈ တစ္ခု ေတာင္ၾကီးျမိဳ႕တြင္ ျဖစ္ပြား 2

ရွမ္းျပည္နယ္ျမိဳ ့ေတာ္ ေတာင္ႀကီးၿမိဳ ့၏ ေတာင္ေပၚတက္လမ္းတြင္ ၾသဂုတ္ ၂၀ ရက္ ည ၉ နာရီခန္႕က

မိသားစုေလးဦး အသတ္ခံရမႈ ျဖစ္ပြားခဲ့ေၾကာင္း ေတာင္ႀကီး ၿမိဳ႕ ေဒသခံတစ္ဦးက The Ladies သို႔ အတည္ျပဳေျပာသည္။

“ျဖစ္တာက သြားေဆးတကၠသိုလ္ အေပၚ ေတာင္ေပၚတက္လမ္းမွာေပါ့။ ဟိုပုံးဘက္က လာရင္ ၿမိဳ႕အ၀င္ေပါ့။

အဲ့ဒီမွာျဖစ္တာ။ ဘာမွေတာ့ ေသခ်ာ မသိရေသးဘူး။ သက္ဆိုင္ရာကလည္း သတင္းမထုတ္ျပန္ေသးဘူး။

နယ္ခံမီဒီယာေတြလည္း ရဲစခန္းေရွ႕မွာ ေစာင့္ေနၾကတုန္း”ဟု ေတာင္ႀကီးေဒသခံ အမ်ိဳးသားတစ္ဦးက The Ladies သို႕ေျပာသည္။

အသတ္ခံရ၍ ေသဆံုးခဲ့သူမ်ားမွာ စုစုေပါင္း ၄ ဦး ျဖစ္ၿပီး၊ အသက္ ၅ ႏွစ္အ႐ြယ္ ကေလးငယ္ တစ္ဦးလည္း ပါဝင္ခဲ့သည္။

ကေလးငယ္တစ္ဦး အပါအဝင္ စုစုေပါင္းေလးဦးကို အပိုင္းပိုင္းျဖတ္ သတ္ျဖတ္မႈ တစ္ခု ေတာင္ၾကီးျမိဳ႕တြင္ ျဖစ္ပြား 3

ေသဆံုးသူ အမ်ိဳးသမီးႏွင့္ ကေလးငယ္၏ ေဆြမ်ိဳးေတာ္စပ္သူတစ္ဦး တင္ထားသည့္ Facebook ပို ့စ္ကလည္း

လူမႈကြန္ရက္တြင္ ပ်ံ ့ႏွံ႔့ေနကာ အပိုင္းပိုင္းျဖတ္၍ ရက္စက္စြာ သတ္ျဖတ္ခဲ့ျခင္း ျဖစ္ေၾကာင္း ေဒသခံမ်ား၏ အဆိုအရ သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မွဴးရုံးသို႕ ဖုန္းျဖင့္ ဆက္သြယ္ခဲ့ေသာ္လည္း ဖုန္းလက္ခံျပီး ျပန္လည္ေျဖၾကားေပးျခင္း မရွိခဲ့ေပ။

( သတင္းအျပည့္အစံုကို ဆက္လက္စံုစမ္း ေဖာ္ျပေပးသြားမည္ ျဖစ္ပါသည္)

The Ladies News

Unicode >>>

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၏ တောင်ပေါ်တက်လမ်းတွင် သြဂုတ် ၂၀ ရက် ည ၉ နာရီခန့်က

မိသားစုလေးဦး အသတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း တောင်ကြီး မြို့ ဒေသခံတစ်ဦးက The Ladies သို့ အတည်ပြုပြောသည်။

“ဖြစ်တာက သွားဆေးတက္ကသိုလ် အပေါ် တောင်ပေါ်တက်လမ်းမှာပေါ့။ ဟိုပုံးဘက်က လာရင် မြို့အဝင်ပေါ့။

အဲ့ဒီမှာဖြစ်တာ။ ဘာမှတော့ သေချာ မသိရသေးဘူး။ သက်ဆိုင်ရာကလည်း သတင်းမထုတ်ပြန်သေးဘူး။

နယ်ခံမီဒီယာတွေလည်း ရဲစခန်းရှေ့မှာ စောင့်နေကြတုန်း”ဟု တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက The Ladies သို့ပြောသည်။

အသတ်ခံရ၍ သေဆုံးခဲ့သူများမှာ စုစုပေါင်း ၄ ဦး ဖြစ်ပြီး၊ အသက် ၅ နှစ်အရွယ် ကလေးငယ် တစ်ဦးလည်း ပါဝင်ခဲ့သည်။

သေဆုံးသူ အမျိုးသမီးနှင့် ကလေးငယ်၏ ဆွေမျိုးတော်စပ်သူတစ်ဦး တင်ထားသည့် Facebook ပို့စ်ကလည်း

လူမှုကွန်ရက်တွင် ပျံ့နှံ့နေကာ အပိုင်းပိုင်းဖြတ်၍ ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံပြီး ပြန်လည်ဖြေကြားပေးခြင်း မရှိခဲ့ပေ။

( သတင်းအပြည့်အစုံကို ဆက်လက်စုံစမ်း ဖော်ပြပေးသွားမည် ဖြစ်ပါသည်)

The Ladies News