Advertisement

အခ်စ္ဆံုး ခ်စ္ခင္ပြန္း ဖတ္ၾကည့္ေပးပါ

အခ်စ္ဆံုး ခ်စ္ခင္ပြန္း ဖတ္ၾကည့္ေပးပါ 2

မိသားစုအတြက္အျပံဳး

မိန္းမ ေရာ့မင္းႀကိဳက္တာဝယ္ႀကိဳက္တာသံုးဆိုတဲ့၊စကားထက္မိန္းမ အျပင္အတူသြားၾကမယ္ေလျပင္ဆင္လိုက္၊

ဘာလိုခ်င္လည္း လို္က္ဝယ္ေပးမယ္ဆိုတဲ့၊

စကား အသံုးျပဳမႈေလးကပိုေႏြးေထြးေက်နပ္ေစရတာပါ။

မိန္းမ စားႏွင့္ကြာ ဝမ္းမွမဆံုတာဆိုတဲ့၊

စကားထက္ မိန္းမခဏေတာ့ေစာင့္ေပးေနာ္၊

ဗိုက္ဆာေပမယ့္အလုပ္မပီးေသးလို႔ပါဆိုတဲ့၊စကားအသြားအလာေလးကပိုစိတ္ေက်နပ္ေစရတာပါ။

မိန္းမ အိမ္အသံုးစရိတ္ကကုန္လွခ်ည္လားဆိုတဲ့၊စကားထက္မိန္းမကုန္ေစ်းႏႈန္း အျခအေနဘယ္လုိလဲ၊

ေလာက္ေအာင္ ခ်င့္ခ်ိန္ဝယ္ၾကည့္ေပါ့ကြာ

မေလာက္ရင္ေျပာေပါ့ဆိုတဲ့၊ စကားလံုးေလးေတြရဲ႕ ခ်ဳပ္ထိန္းသြားမႈကပိုမလာတဲ့ အသံုးစရိတ္ေနာက္မွာစိတ္သက္သာရာ ရေစတာပါ။

မိန္းမ အေခ်အတင္မျဖစ္ခ်င္ဘူးကြာဆိုတဲ့၊စကားထက္မိန္းမ ဘာအလုိမက်တာ႐ွိလည္းညႇိႏိႈင္းၾကမယ္ေျပာၾကည့္ဆိုတဲ့

၁၀မိနစ္စာအခ်ိန္ေပးလမ္းဖြင့္မႈကပိုအက်ိဳးသက္ေရာက္ေစတာပါ။

မိန္းမ ပင္ပန္းတယ္ကြာအဆင္ေျပေျပေနရေအာင္ဆိုတဲ့၊စကားထက္​္မိန္းမဒီေန႔ေတာ့ဘယ္လုပ္ငန္း

ဘယ္အေၾကာင္းအရာမွာအဆင္ေျပတယ္မေျပဘူးဆိုပီးသူငယ္ခ်င္းနဲ႔ေျပာသလိုရင္ဖြင့္ခ်ေျပာျပလိုက္တာက

နွစ္ဦးႏွစ္ဖက္စိတ္အဖုအထစ္ေျပေလ်ာ့ေစတာပါ။

မိန္းမ ျပင္ျပင္ဆင္ဆင္ေနစမ္းပါဆိုတဲ့ စကားထက္​

မိန္းမေနေကာင္းက်န္းမာရဲ႕လား၊

ဘာေတြစိတ္တိုင္းမက်တာ႐ွိလည္းလို႔တစ္လမွာ တစ္ႀကိမ္ေလာက္ေမးလိုက္ရင္ကို

စကားမ်ားရန္ျဖစ္တယ္ဆိုတာမ႐ွိသေလာက္

နည္းပါးလာမွာပါ။

မိန္းမသားတိုင္းက ခင္ပြန္းေဝယ်ာဝစၥ၊သားသမီးေဝယ်ာဝစၥ၊မိဘ႐ွိရင္မိဘေဝယ်ာဝစၥ၊အိမ္မႈကိစၥ၊

အကုန္ တာဝန္ယူလုပ္ကိုင္ေနရတာမို႔ေငြ႐ွာရံုနဲ႔တာဝန္ေက်ပီမထင္ပါနဲ႔၊

ျပည့္စံုေအာင္ထားေပးႏိုင္ရံုနဲ႔ျပီးေျမာက္ပီမထင္ပါနဲ႔၊လိုေလေသးမ႐ွိျဖည့္ဆည္းေပးရံုနဲ႔မလိုအပ္တာမ႐ွိေတာ့ဘူးမထင္ပါနဲ႔။

စကားတစ္ခြန္းကလက္ေဆာင္တစ္ခုထက္ပိုတန္ဖိုး႐ွိပါတယ္၊

စကားကအားျဖစ္ေစတာေနရာအေတာ္မ်ားမ်ားမွာမို႔၊ကိုယ့္မိသားစုေအးခ်မ္းမႈဟာကိုယ့္စကားတစ္ခြန္းေပၚမူတည္ေနတာေမ့မထားပါနဲ႔။

ကိုယ္ပင္ပန္းသလိုတေနကုန္မနားတမ္းမ်က္လံုးထဲေခြၽးဝင္သည္ထိ၊ေဝယ်ာဝစၥေတြလုပ္ေနရတဲ့မွီခိုဇနီးသည္ဟာ၊

သူ႔ကိုျပန္မွိီခိုေနသူေတြအတြက္သူ႔အျပံဳးဟာအေရးပါတာမို႔။

အိမ္ေထာင္တစ္ခုမွာ ဘယ္သူက ဘယ္သူ႔ကိုပိုျပံဳးႏိုင္ေစေနတာလဲ

Crd

Unicode >>>

မိသားစုအတွက်အပြုံး

မိန်းမ ရော့မင်းကြိုက်တာဝယ်ကြိုက်တာသုံးဆိုတဲ့၊စကားထက်မိန်းမ အပြင်အတူသွားကြမယ်လေပြင်ဆင်လိုက်၊

ဘာလိုချင်လည်း လိုက်ဝယ်ပေးမယ်ဆိုတဲ့၊

စကား အသုံးပြုမှုလေးကပိုနွေးထွေးကျေနပ်စေရတာပါ။

မိန်းမ စားနှင့်ကွာ ဝမ်းမှမဆုံတာဆိုတဲ့၊

စကားထက် မိန်းမခဏတော့စောင့်ပေးနော်၊

ဗိုက်ဆာပေမယ့်အလုပ်မပီးသေးလို့ပါဆိုတဲ့၊စကားအသွားအလာလေးကပိုစိတ်ကျေနပ်စေရတာပါ။

မိန်းမ အိမ်အသုံးစရိတ်ကကုန်လှချည်လားဆိုတဲ့၊စကားထက်မိန်းမကုန်ဈေးနှုန်း အခြအနေဘယ်လိုလဲ၊

လောက်အောင် ချင့်ချိန်ဝယ်ကြည့်ပေါ့ကွာ

မလောက်ရင်ပြောပေါ့ဆိုတဲ့၊ စကားလုံးလေးတွေရဲ့ ချုပ်ထိန်းသွားမှုကပိုမလာတဲ့ အသုံးစရိတ်နောက်မှာစိတ်သက်သာရာ ရစေတာပါ။

မိန်းမ အချေအတင်မဖြစ်ချင်ဘူးကွာဆိုတဲ့၊စကားထက်မိန်းမ ဘာအလိုမကျတာရှိလည်းညှိနှိုင်းကြမယ်ပြောကြည့်ဆိုတဲ့

၁၀မိနစ်စာအချိန်ပေးလမ်းဖွင့်မှုကပိုအကျိုးသက်ရောက်စေတာပါ။

မိန်းမ ပင်ပန်းတယ်ကွာအဆင်ပြေပြေနေရအောင်ဆိုတဲ့၊စကားထက်မိန်းမဒီနေ့တော့ဘယ်လုပ်ငန်း

ဘယ်အကြောင်းအရာမှာအဆင်ပြေတယ်မပြေဘူးဆိုပီးသူငယ်ချင်းနဲ့ပြောသလိုရင်ဖွင့်ချပြောပြလိုက်တာက

နှစ်ဦးနှစ်ဖက်စိတ်အဖုအထစ်ပြေလျော့စေတာပါ။

မိန်းမ ပြင်ပြင်ဆင်ဆင်နေစမ်းပါဆိုတဲ့ စကားထက်

မိန်းမနေကောင်းကျန်းမာရဲ့လား၊

ဘာတွေစိတ်တိုင်းမကျတာရှိလည်းလို့တစ်လမှာ တစ်ကြိမ်လောက်မေးလိုက်ရင်ကို

စကားများရန်ဖြစ်တယ်ဆိုတာမရှိသလောက်

နည်းပါးလာမှာပါ။

မိန်းမသားတိုင်းက ခင်ပွန်းဝေယျာဝစ္စ၊သားသမီးဝေယျာဝစ္စ၊မိဘရှိရင်မိဘဝေယျာဝစ္စ၊အိမ်မှုကိစ္စ၊

အကုန် တာဝန်ယူလုပ်ကိုင်နေရတာမို့ငွေရှာရုံနဲ့တာဝန်ကျေပီမထင်ပါနဲ့၊

ပြည့်စုံအောင်ထားပေးနိုင်ရုံနဲ့ပြီးမြောက်ပီမထင်ပါနဲ့၊လိုလေသေးမရှိဖြည့်ဆည်းပေးရုံနဲ့မလိုအပ်တာမရှိတော့ဘူးမထင်ပါနဲ့။

စကားတစ်ခွန်းကလက်ဆောင်တစ်ခုထက်ပိုတန်ဖိုးရှိပါတယ်၊

စကားကအားဖြစ်စေတာနေရာအတော်များများမှာမို့၊ကိုယ့်မိသားစုအေးချမ်းမှုဟာကိုယ့်စကားတစ်ခွန်းပေါ်မူတည်နေတာမေ့မထားပါနဲ့။

ကိုယ်ပင်ပန်းသလိုတနေကုန်မနားတမ်းမျက်လုံးထဲချွေးဝင်သည်ထိ၊ဝေယျာဝစ္စတွေလုပ်နေရတဲ့မှီခိုဇနီးသည်ဟာ၊

သူ့ကိုပြန်မှီခိုနေသူတွေအတွက်သူ့အပြုံးဟာအရေးပါတာမို့။

အိမ်ထောင်တစ်ခုမှာ ဘယ်သူက ဘယ်သူ့ကိုပိုပြုံးနိုင်စေနေတာလဲ

Crd