Advertisement
အသက်ရှူရ ခက်ခက်နေလို့ ဆရာဝန်သွားပြခဲ့ရာ မထင်မှတ်ထားတဲ့ အရာတွေ့ရှိ 2
Source : Daily Mail/UK
Penny
Credit – shwemom
Unicode >>>
အသက်ရှူရ ခက်ခက်နေလို့ ဆရာဝန်သွားပြခဲ့ရာ မထင်မှတ်ထားတဲ့ အရာတွေ့ရှိ
အသက်ရှူရခက်ခဲနေတဲ့အတွက် Pan တစ်ယောက်ဆရာဝန်ဆီကို သွားပြခဲ့ပါတယ်။
ရောဂါထွေထွေထူးထူးမတွေ့တဲ့အတွက် ဆရာဝန်က နှာခေါင်းထဲကိုအဏုကြည့်မှန်ပြောင်းထည့်ခဲ့ပါတယ်။
ထည့်လိုက်တဲ့အခါ အဏုကြည့်မှန်းပြောင်းဝဟာ နှာခေါင်းသားထက် ပိုပြီးပျော့တဲ့ အရာတစ်ခုကို စမ်းမိသွားလို့
သေချာကြည့်လိုက်တဲ့အခါ အကောင်တစ်ကောင် တွယ်ကပ်နေတာကို အခုလိုပဲ မြင်ခဲ့ရပါတယ်။
အစက လေဆာပစ်ပြီး ထုတ်မယ်လို့ စီစဉ်ထားပေမယ့် ခွဲစိတ်ခန်းသုံး ဇာကနာနဲ့ ညှပ်ပြီး ထုတ်ကြည့်တဲ့အခါ အပြင်ကို အဲဒီအကောင်လေး ပါလာခဲ့တယ်။
ဟုတ်ပါတယ် မျှော့ပါ။ ဆွဲထုတ်ပေးတဲ့ De Manh Le နဲ့ Dr Xu Zhenbin တို့ဟာ သူတို့ သက်တမ်းတစ်လျှောက် အခုလို ဖြစ်ရပ်မျိုး တစ်ခါမှ မမြင်ဖူးဘူးလို့ ဆိုပါတယ်။
တွယ်နေတဲ့ မျှော့ဟာ နှာခေါင်းနံရံထဲဝင်ပြီး သွေးစုတ်နေတဲ့အတွက် အနာမကျတ်ခင် အထိ အဆက်မပြတ် နှာခေါင်းသွေးယိုစီးနိုင်ပါတယ်လို့လည်း သိရှိရပါတယ်။
Pan ရဲ့ အသက်ရှူရခက်တဲ့ ဝေဒနာကတော့ ပြန်ကောင်းသွားလောက်ပြီထင်ပါတယ်။
Pan ဟာ အသက်ရှူရ မခက်ခင်မှာ မြစ်ထဲဆင်းပြီး ရေကူးခဲ့ပါတယ်။
ဒါကြောင့်လည်း မြစ်ထဲမှာရှိတဲ့ မျှော့က သူ့နှာခေါင်းထဲဝင်ပြီး ကပ်နေတာ ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက ယူဆကြပါတယ်။
Source : Daily Mail/UK
Penny
Credit – shwemom