Advertisement

ဒီနေ့ တောင်ဒဂုံကနေ တာမွေသွားတဲ့ အောက်ဆိုဒ်ကားပေါ်မှာ ယုတ်မာခံရတာ.. မိန်းကလေးတိုင်း သတိထားပါ

ဒီနေ့ တောင်ဒဂုံကနေ တာမွေသွားတဲ့ အောက်ဆိုဒ်ကားပေါ်မှာ ယုတ်မာခံရတာ.. မိန်းကလေးတိုင်း သတိထားပါ 2

ဒီနေ့ တောင်ဒဂုံကနေ တာမွေသွားတဲ့ အောက်ဆိုဒ်ကားပေါ်မှာ ယုတ်မာခံရတာ

တောင်ဒဂုံကနေ တာမွေကိုဆွဲတဲ့ အောက်ဆိုဒ်ကားပေါ်မှာ အခုမနက် ဖြစ်ခဲ့တာပါ ဒီလို ဖြစ်ရပ်မျိုးတွေကျတော့ ဘယ်ကို တိုင်ရမလဲ မသိဘူးနော်! ပုံမှာပါတဲ့ အကောင်ကို မိန်းကလေးတိုင်း သတိထားပါ

လက်က ကျောပိုးအိတ်ကြီးကို ပွေ့ထားသလိုနဲ့ လက်တစ်ဖက်က စစချင်း ပေါင်ကို မတော်တဆ ထိသလိုနဲ့ တမင်သက်သက်ကို လိုက်လိုက်ကိုင်နေတာပါ

မနက်ခင်းဆို YBS 3 တွေ ရှားလို့ တာမွေဈေးလေးကို အောက်ဆိုဒ်ကား ၅၀၀ကျပ်နဲ့ စီးရပါတယ်

ကားစီးတိုင်း အဲ့လူနဲ့ ဆုံတာ ၅ခါ လောက် ရှိပါပြီ ပထမတစ်ကြိမ်တုန်းက မတော်တဆ ပုံစံနဲ့မို့ နေရာပြောင်းထိုင်လိုက်ပါတယ်

နောက်အခေါက်တွေမှာ ကားပေါ်သူနဲ့ဆုံရင် သူနဲ့ အဝေးဆုံးနေရာမှာပဲ ထိုင်ပါတယ် လူတွေဆင်းရင်း ဆင်းရင်း နေရာချောင်သွားရင်

ဘေးမှာနေရာပြောင်းထိုင်ပါတယ် သူ့စောက်ကျင့်အတိုင်း လိုက်လိုက်ထိပါတယ် ကိုယ်မဟုတ်ဘဲ တခြားမိန်းကလေးတွေဆိုလည်း အဲလိုလုပ်တာ မြင်နေရပါတယ်

သူမလုပ်တာဆိုလို့ ကြက်ဘဲဈေးမှာ ဈေးရောင်းမယ့် ဈေးသည်တွေရယ် အသက်ကြီးပိုင်းတွေရယ်ကိုပါ

ဒီနေ့မနက်စီးတော့ သူအခုထိုင်နေတဲ့ ရှေ့ဆုံး တနေရာပဲ ကျန်လို့ ကိုယ်လည်း လောလော လောလောနဲ့ ၀င်ထိုင်လိုက်ပါတယ်

အဲ့မှာ သူ ရှိနေတာကို လုံးဝသတိမထားမိလိုက်ပါဘူး နောက်မှ သူ့လက်က ပေါင်ကို လာထိတော့ သူမှန်းသိတာနဲ့

စလင်းဘတ်အိတ်ကို ကြားထဲ ပြောင်းထားလိုက်ပါတယ် ဒါတောင် နှာဘူးက

လက်နဲ့ ကိုင်ဖို့ လှမ်းလှမ်းလာတာ (ကိုယ်က တောက်လျောက် ကြည့်နေတာမို့ တွေ့တာပါ) ဒေါသဖြစ်ပြီး

အလယ်ခုံမှာ ထိုင်နေတဲ့ bro တစ်ယောက်ကို နေရာလဲပေးပါလား လို့ပြောပြီး ၀ုန်းဝုန်းဝုန်းနဲ့ နေရာပြောင်းလိုက်တော့

စပယ်ယာက ဘာဖြစ်လို့လဲ ထိုင်လို့မရလို့လားမေးရော…

အဲဒါနဲ့ ကိုယ်လည်း အဲ့အကောင်ရဲ့ လုပ်ရပ်ကို ပြောပြလိုက်တယ်။ ကားပေါ်မှာ ဆွမ်းကြီးဝိုင်းလောင်းမယ့်သူမျိုးတွေ မပါလို့ အဲ့အကောင် ကံကောင်းတယ်။

ခါးပိုက်နှိုက် လူဆိုး လူမိုက်လည်း မဟုတ်ဘဲ တဏှာရူးနှာဘူးတွေကိုကျတော့ ဘယ်ကိုတိုင်ပြီး ဘယ်သူတွေက အရေးယူပေးလဲ မသိဘူး။

Ref သဲမီမီသိန်း