Advertisement

ဒီခေတ်ကြီးမှာ ပုဂ္ဂိုလ်ရေးရာ လုံခြုံမှုအတွက် သင့် FB ပေါ်မှ ဖျက်ပစ်သင့်သော အချက်အလက် ၁၂ မျိုး

ဒီခေတ်ကြီးမှာ ပုဂ္ဂိုလ်ရေးရာ လုံခြုံမှုအတွက် သင့် FB ပေါ်မှ ဖျက်ပစ်သင့်သော အချက်အလက် ၁၂ မျိုး 2

ပုဂ္ဂိုလ်ရေးရာ လုံခြုံမှုအတွက် သင့် Facebook ပေါ်မှ ဖြတ်ပစ်သင့်သော အချက်အလက် ၁၂မျိုး

သင့်Facebookက လုံခြုံမှုရှိရဲ့လား? ယနေ့ခေတ်မှာ Facebookဟာ အင်အား အကြီးမားဆုံး social media တွေထဲမှ တစ်ခုဖြစ်လာပါတယ်။

လူတွေဟာ နေ့စဉ်အဖြစ်အပျက် လှုပ်ရှားမှုတိုင်းကိုfacebookပေါ်မှာ မျှဝေကြပါတယ်။

ဒါပေမယ့် သင့်လုံခြုံမှုအတွက် facebookပေါ်မှာ မဖော်ပြသင့်တာတွေလဲရှိပါတယ်။

အင်္ဂလန်နိုင်ငံ Cambridge Analytica Sandal ကိုအင်တာဗျူးပြုလုပ်တဲ့အခါမှာ ကျွန်ုပ်တို့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုအတွက်

facebookပေါ်မတင်သင့်သော အချက်အလက်၁၂မျိုးကိုသုံးသပ်ပြခဲ့ပါတယ်။

(1)မွေးနေ့

သင်ဟာမွေးနေ့ကိုဖော်ပြထားခြင်းဖြင့် သင့်သူငယ်ချင်းတွေက နှစ်စဉ် မွေးနေ့ဆုတောင်းတွေတောင်းပေးကြမှာဖြစ်ပေမယ့်

သင့်နာမည် လိပ်စာနဲ့အတူ သင့်မွေးနေ့ကိုသိရှိသွားပါက သင့်ဘဏ်အကောင့်နဲ့အခြားအရေးကြီးကိစ္စများမှာ

လုံခြုံရေးအားနည်းသွားမှာ ဖြစ်လို့ မွေးနေ့ကို ပဟေဠိအနေဖြင့်သိုဝှက်ထားသင့်ပါတယ်။

(2)ဖုံးနံပါတ်

သင်မလိုလားသူများ သို့မဟုတ် သူစိမ်းများဆီက ဖုန်းတွေဝင်လာနိုင်လို့ ဖုံးနံပါတ်ကိုမဖော်ပြသင့်ပါဘူး။

(3) credit card အသေးစိတ်

သင့်ခရက်ဒစ်ကတ်ပေါ်က နာမည်,နံပါတ်,လျှိ့ဝှက်ကုတ်စသည်ဖြင့် တစွန်းတစတောင်မဖော်ပြသင့်ပါဘူး။

ဘဏ်ကတ်,ခရက်ဒစ်ကတ်,သင့်ငွေကြေးစာရင်း များနှင့်ပတ်သက်ပြီး facebookမှာ လျို့ဝှက်ထားသင့်ပါတယ်

(4)သင့်Relationship Status

သင့်ရဲ့ချစ်သူသစ်အကြောင်း သူငယ်ချင်းတွေကို ကြွားချင်တာမှန်ပေမယ့် မကြာခဏ ပြတ်လိုက်ဆက်လိုက်

အသစ်တွဲလိုက်လုပ်နေမယ်ဆို RS Status တင်တာမကောင်းပါဘူးတဲ့

(5)အပြင်မှာမသိသောသူငယိချင်းများ

စိတ်ရောဂါ ပါမောက္ခ Rosie Dunbarက facebook user 3000ကျော်ကိုလေ့လာရာမှာ

မိတ်ဆွေစာရင်းရဲ့တ၀က်ကျော်က အပြင်မှာတကယ်ရင်းနှီးခြင်းမရှိသူများဖြစ်တယ်လို့ဆိုပါတယ်။

အပြင်မှာရင်းနှီးခြင်းမရှိတဲ့facebook friendsများကိုဖယ်ထုတ်လိုက်တာလဲ ကိုယ့်အတွက်လုံခြုံစေပါတယ်

(6)သင့်ကလေးငယ်ရဲ့ဓာတ်ပုံများ

ယနေ့ခေတ်မှာfacebookပေါ် မှာ ကိစ္စတိုင်းကိုဖော်ပြကြပါတယ်။

ဒါပေမယ့် သင့်ကလေးကြီးပြင်းလာတဲ့အခါမှာ သူလမ်းလျှောက်ကာစအရွယ်ကပုံလေးတွေ တင်ထားခြင်းကိုနှစ်သက်ပါ့မလားဆိုတာ စဉ်းစားသင့်ပါတယ်

(7)သင့်ကလေးရဲ့ ကျောင်းလိပ်စာ

ပိုသတိထားသင့်တဲ့အချက်ပါ။

သင် ကလေးငယ်ရဲ့မူကြိုလိပ်စာ,စာသင်ကျောင့်းလိပ်စာကိုဖော်ပြခြင်းဟာ သင့်ကို ဒုက္ခပေးဖို့စောင့်ကြည့်နေတဲ့

သူစိမ်းတွေကိုအခွင့်အရေးပေးသလိုဖြစ်နိုင်ပါတယ်။

(8)သင့်သူဌေးအကြောင်း

သင်နဲ့သင့်သူဌေးအဆင်ပြေနေစဉ်ကာလမှာ သူ့ပုံတင်ခြင်းဟာကိစ္စမရှိပေမယ့် နောင်တချိန်သင်သူ့အပေါ်စိတ်ပျက်လာတဲအခါ

သို့ အလုပ်နဲ့ပတ်သက်ပြီ်းညည်းညူတာတွေ တင်တဲ့အခါ အရှေ့မှာသူ့အကြောင်းဖော်ပြထားတာဟာ သူ့privacy ကိုမလေးစားသလိုဖြစ်ပါတယ်

(9)check in များ

ယခုခေတ်မှာ အိုင်ဖုန်းများနှင့်androidဖုန်းများကိုသုံးပြီး ကိုယ်ရောက်တဲ့နေရာတွေကို check inတင်လေ့ရှိပါတယ်။

လူပေါင်း၅၀၀မီလီယန်ကျော်ကထိုသို့ပြုလုပ်လျက်ရှိနေပါတယ်။

သင်ရှိတဲ့နေရာအတိအကျကို လူတကာသိအောင်လုပိခြင်းဟာ တကယ်တော့ သင့်လုံခြုံရေးအတွက်စိတ်မချရပါဘူး။

(10)သင့်အိမ်လိပ်စာ အလုပ်လိပ်စာကို Tagတွဲခြင်း

သင့်အိမ်လိပ်စာအတိအကျကို လူအများသိအောင်ဖွင့်လှစ်ပြခြင်းဖြစ်လို့အလွန်အန္တရာယ်များပါတယ်။

(11)သင့်အားလပ်ရက်ခရီးများအကြောင်း

သင်ခရီးထွက်ဖို့ဘယ်နှရက်သာလိုကြောင်း ရေတွက်ပြနေခြင်းဟာ သင့်အလစ်ကိုချောင်းနေသူအတွက် သင်အိမ်မှာမရှိမယ့်ရက်ကို ကြိုတွက်ဆနိုင်ပါတယ်။

(12)သင့်Passportစာအုပ်များ

သင့်passportနံပါတ်, Boarding Passက ဘားကုတ်များအကြောင်းမတင်သင့်ပါဘူး။

မလိုလားအပ်တဲ့ပြဿနာများကိုဖိတ်ခေါ်သလိုဖြစ်စေလို့ပါ။

Credit – Writer Dr Jue(Daily Hot News)