Advertisement

“သံဃ ႆ ေဒမ”လို႔ ေျပာလွဴတဲ့ အလွဴရွင္မ်ားသိေစရန္”

“သံဃ ႆ ေဒမ”လို႔ ေျပာလွဴတဲ့ အလွဴရွင္မ်ားသိေစရန္” 2

“သံဃ ႆ ေဒမ”လို႔ ေျပာလွဴတဲ့ အလွဴရွင္မ်ားသိေစရန္
ဒကာႀကီး ဒကာမႀကီးေတြဘက္က သတိရွိဖို႔ေလးတစ္ခု ဘုန္းႀကီးေျပာခ်င္ပါတယ္..

ဆြမ္းေလာင္းၿပီးရင္ သံဃာ့ဂုဏ္ရည္ကိုရည္ညႊန္းၿပီး သံဃာေတာ္ဟူေသာ အမွတ္သညာျဖင့္ေလာင္းလွဴရင္ ဘာမွမျဖစ္ပါဘူး..

သို႔ေသာ္ ပါးစပ္ကလည္း “သံဃႆ ေဒမ”ဆိုၿပီး ဆိုလိုက္ေသးတယ္..

“သံဃ ႆ ေဒမ”ဆိုတဲ့ပစၥည္းသည္ ဝိနည္းေၾကာင္းအရ ဘယ္လိုျဖစ္လာလဲ?..

ဝိနည္းေဒသနာေတာ္ဘက္ေရာက္လာလ်ွင္ အလွဴရွင္ႏႈတ္က ေျပာဆိုေသာစကားသည္သာလ်ွင္ ပမာဏျဖစ္တယ္..

အလွဴရွင္က”သံဃ ႆ ေဒမ”လို႔ေျပာလွဴလ်ွင္ သူလွဴလိုက္တဲ့ “သံဃ ႆ ေဒမ”က မုန္႔ေလးတစ္ပဲြပဲ..

အဲဒီမုန္႔ေလးတစ္ပဲြကို ရြာထဲမွာျဖစ္ခဲ့မယ္ဆိုလ်ွင္ တစ္ဆယ့္ႏွစ္ေတာင္အတြင္းမွာ အျခားသံဃာမရွိေသးဘူးဆိုလ်ွင္

အဲ့ခ်ိန္အခါမွာ အလွဴခံရေသာသံဃာက”ဤပစၥည္းသည္ ငါ႔အားေရာက္၏”ဟု အဓိ႒ာန္ရပါတယ္..

ဒီလိုဆိုလ်ွင္ သူစားထိုက္ပါတယ္.. တစ္ဆယ့္ႏွစ္ေတာင္အတြင္းမွာ အျခားသံဃာက ရွိေနခဲ့လ်ွင္အဲ့ဒီသံဃာကို ခဲြျခားေဝဖန္မႈမျပဳခဲ့ပဲ

ဒီရဟန္းေတာ္ကစားလိုက္လ်ွင္သံဃိကပစၥည္းကို မတရားသုံးစဲြသည္မည္ပါတယ္..

ဒါက အာပတ္သင့္ရံုတင္မကဘူး အဲဒီမုန္႔က ပါရာဇိကက်ႏိုင္ေလာက္ေအာင္ တန္ဖိုးရွိခဲ့လ်ွင္ ဒီရဟန္းေတာ္က အဲ့ဒီရဟန္းေတာ္က အဲ့ဒီေနရာတြင္ပင္ ပါရာဇိကက်ႏိုင္ပါတယ္..

ေနာက္တစ္ခု ေက်ာင္းဝန္းအတြင္း”သံဃ ႆ ေဒမ”လို႔ဆိုၿပီး အလွဴရွင္က လွဴတယ္..

ဒါဆိုေက်ာင္းတိုက္အတြင္း သံဃာငါးရာရွိလ်ွင္ ငါးရာလုံးကိုရတဲ့သံဃာက လိုက္ၿပီးခဲြေဝရမွာျဖစ္တယ္..

ျဖစ္ပါ႔မလား..စဥ္းစားၾကည့္..ဘယ္ကိုယ္ေတာ္က ဘယ္ၾကြမွန္းမသိ သူလွဴတဲ့မုန္႔ကို အပုံငါးရာေက်ာ္ပုံဖို႔လည္း အခ်ိန္ရွိဦးမလား..

အဲ့ဒါေၾကာင့္ နည္းနည္းလည္းစဥ္းစားၾကည့္..ဘယ္သူကမ်ား သင္ေပးလိုက္လဲမသိဘူး..

ဒီအစဥ္အလာက ဆြမ္းေလာင္းတဲ့အခါ “သံဃ ႆ ေဒမ”တဲ့..ရင္းႏွီးတဲ့သူေတြဆိုလ်ွင္ေတာ့ “ဒကာႀကီးျပန္ယူသြား ဘုန္းႀကီးမေဝႏိုင္ဘူး”ဆိုၿပီး ရွင္းရွင္းပဲေျပာလိုက္တယ္..

ဒါက သံဃာ့ဂုဏ္ကို အာရံုျပဳၿပီးသာ လွဴဒါန္းရမွာျဖစ္ပါတယ္..”သံဃ ႆ ေဒမ”လို႔ ႏႈတ္ကေျပာဆို လွဴဒါန္းရမယ့္ လုပ္ငန္းခြင္မဟုတ္ပါဘူး..

“သံဃ ႆ ေဒမ”လို႔ေျပာဆိုလွဴဒါန္းတဲ့ အျခားအျခားေသာပစၥည္းျဖစ္ခဲ့လ်ွင္

သံဃာ့ေရးရာဘ႑ာထိန္းတဲ့ဌာနကို ေဝဖန္ႏိုင္ရန္အလို႔ငွာ ပို႔ေပးလိုက္ပါတယ္.. ဒီေတာ့ေျပာခ်င္တာက လွဴဒါန္းတဲ့ေနရာမွာ သတိေတာ့ရွိၾကပါ.. ။

ဖားေအာက္ေတာရဆရာေတာ္ဘုရားႀကီး

Bhikkhu’s Dhamma

Unicode >>>

“သံဃ ဿ ဒေမ”လို့ ပြောလှူတဲ့ အလှူရှင်များသိစေရန်
ဒကာကြီး ဒကာမကြီးတွေဘက်က သတိရှိဖို့လေးတစ်ခု ဘုန်းကြီးပြောချင်ပါတယ်..

ဆွမ်းလောင်းပြီးရင် သံဃာ့ဂုဏ်ရည်ကိုရည်ညွှန်းပြီး သံဃာတော်ဟူသော အမှတ်သညာဖြင့်လောင်းလှူရင် ဘာမှမဖြစ်ပါဘူး..

သို့သော် ပါးစပ်ကလည်း “သံဃဿ ဒေမ”ဆိုပြီး ဆိုလိုက်သေးတယ်..

“သံဃ ဿ ဒေမ”ဆိုတဲ့ပစ္စည်းသည် ဝိနည်းကြောင်းအရ ဘယ်လိုဖြစ်လာလဲ?..

ဝိနည်းဒေသနာတော်ဘက်ရောက်လာလျှင် အလှူရှင်နှုတ်က ပြောဆိုသောစကားသည်သာလျှင် ပမာဏဖြစ်တယ်..

အလှူရှင်က”သံဃ ဿ ဒေမ”လို့ပြောလှူလျှင် သူလှူလိုက်တဲ့ “သံဃ ဿ ဒေမ”က မုန့်လေးတစ်ပွဲပဲ..

အဲဒီမုန့်လေးတစ်ပွဲကို ရွာထဲမှာဖြစ်ခဲ့မယ်ဆိုလျှင် တစ်ဆယ့်နှစ်တောင်အတွင်းမှာ အခြားသံဃာမရှိသေးဘူးဆိုလျှင်

အဲ့ချိန်အခါမှာ အလှူခံရသောသံဃာက”ဤပစ္စည်းသည် ငါ့အားရောက်၏”ဟု အဓိဋ္ဌာန်ရပါတယ်..

ဒီလိုဆိုလျှင် သူစားထိုက်ပါတယ်.. တစ်ဆယ့်နှစ်တောင်အတွင်းမှာ အခြားသံဃာက ရှိနေခဲ့လျှင်အဲ့ဒီသံဃာကို ခွဲခြားဝေဖန်မှုမပြုခဲ့ပဲ

ဒီရဟန်းတော်ကစားလိုက်လျှင်သံဃိကပစ္စည်းကို မတရားသုံးစွဲသည်မည်ပါတယ်..

ဒါက အာပတ်သင့်ရုံတင်မကဘူး အဲဒီမုန့်က ပါရာဇိကကျနိုင်လောက်အောင် တန်ဖိုးရှိခဲ့လျှင် ဒီရဟန်းတော်က အဲ့ဒီရဟန်းတော်က အဲ့ဒီနေရာတွင်ပင် ပါရာဇိကကျနိုင်ပါတယ်..

နောက်တစ်ခု ကျောင်းဝန်းအတွင်း”သံဃ ဿ ဒေမ”လို့ဆိုပြီး အလှူရှင်က လှူတယ်..

ဒါဆိုကျောင်းတိုက်အတွင်း သံဃာငါးရာရှိလျှင် ငါးရာလုံးကိုရတဲ့သံဃာက လိုက်ပြီးခွဲဝေရမှာဖြစ်တယ်..

ဖြစ်ပါ့မလား..စဉ်းစားကြည့်..ဘယ်ကိုယ်တော်က ဘယ်ကြွမှန်းမသိ သူလှူတဲ့မုန့်ကို အပုံငါးရာကျော်ပုံဖို့လည်း အချိန်ရှိဦးမလား..

အဲ့ဒါကြောင့် နည်းနည်းလည်းစဉ်းစားကြည့်..ဘယ်သူကများ သင်ပေးလိုက်လဲမသိဘူး..

ဒီအစဉ်အလာက ဆွမ်းလောင်းတဲ့အခါ “သံဃ ဿ ဒေမ”တဲ့..ရင်းနှီးတဲ့သူတွေဆိုလျှင်တော့ “ဒကာကြီးပြန်ယူသွား ဘုန်းကြီးမဝေနိုင်ဘူး”ဆိုပြီး ရှင်းရှင်းပဲပြောလိုက်တယ်..

ဒါက သံဃာ့ဂုဏ်ကို အာရုံပြုပြီးသာ လှူဒါန်းရမှာဖြစ်ပါတယ်..”သံဃ ဿ ဒေမ”လို့ နှုတ်ကပြောဆို လှူဒါန်းရမယ့် လုပ်ငန်းခွင်မဟုတ်ပါဘူး..

“သံဃ ဿ ဒေမ”လို့ပြောဆိုလှူဒါန်းတဲ့ အခြားအခြားသောပစ္စည်းဖြစ်ခဲ့လျှင်

သံဃာ့ရေးရာဘဏ္ဍာထိန်းတဲ့ဌာနကို ဝေဖန်နိုင်ရန်အလို့ငှာ ပို့ပေးလိုက်ပါတယ်.. ဒီတော့ပြောချင်တာက လှူဒါန်းတဲ့နေရာမှာ သတိတော့ရှိကြပါ.. ။

ဖားအောက်တောရဆရာတော်ဘုရားကြီး

Bhikkhu’s Dhamma