Advertisement

ကၽြန္ေတာ္ငိုရင္ ကေလးမွာ သြားျပီး ဒုကၡေရာက္မွာစိုးလုိ႕ဆိုတဲ့ ေနတိုး

ကၽြန္ေတာ္ငိုရင္ ကေလးမွာ သြားျပီး ဒုကၡေရာက္မွာစိုးလုိ႕ဆိုတဲ့ ေနတိုး 2

မင္းေသြးဆိုတဲ့ အႏုပညာၾကယ္ပြင့္ ေၾကြလြင့္သြားခဲ့တဲ့ သတင္းက တစ္ႏိုင္ငံလံုးရွိ ပရိသတ္ေတြ အတြက္ လြမ္းတသသ ပူေဆြးမႈကိုသာ က်န္ရစ္ေစခဲ့ပါတယ္။

သားအတြက္ ယူၾကံဳးမရျဖစ္တဲ့ အရီး ၊ ညီငယ္ေလးအတြက္ မငိုမိဖို႕ တင္းထားတဲ့ အကိုေနတိုး ၊

ေဖ့စ္ဘြတ္ စာမ်က္ႏွာေပၚမွာ ပလူပ်ံေနတဲ့ မင္းေသြးရဲ႕ ဗီဒီယိုဖိုင္ေလးေတြက ပရိသတ္ေတြကို စိတ္ထိခိုက္ေစခဲ့ပါတယ္။

ကၽြန္ေတာ္ငိုရင္ ကေလးမွာ သြားျပီး ဒုကၡေရာက္မွာစိုးလုိ႕ဆိုတဲ့ ေနတိုး 3
မင္းေသြးရဲ႕ စ်ာပနမွာ ၾကံဳဆံု ေတြ႕ခဲ့ရတဲ့ ခံစားခ်က္ အျဖစ္အပ်က္အစံုကို လူရႊင္ေတာ္/သရုပ္ေဆာင္ ဦးေဗဒါက ခုလို ေျပာျပထားပါတယ္။

“ေနတိုးၾကီးကေတာ့ တင္းထားတယ္။ ဒါေပမဲ့ ငိုမွာေနာ္ သားငိုမွာေနာ္ ဒါေပမဲ့ ကေလးမွာ သြားျပီး ဒုကၡေရာက္မွာစိုးလို႕ ဆိုတဲ့ စကားေလးတစ္ခြန္းက ရင္ထဲထိတယ္။

အရီးက သူ႕သားေလးကို သၿဂိဳဟ္တဲ့ စက္ထဲ မထည့္ရေသးဘူး ျပင္ထားျပီးသားကို ဝဝ ၾကည့္တယ္

သူ႕အမ်ိဳးေတြလည္း စံုေအာင္ ၾကည့္ျပီး အားလံုးဆံုျပီဆိုမွ မွန္ေခါင္းေလးကို ျဖည္းျဖည္းခ်င္း သယ္သြားတဲ့အခ်ိန္မွာ ေနတိုးၾကီးက ေရွ႕က သြားတာေပါ့ေနာ္။

ကၽြန္ေတာ္ငိုရင္ ကေလးမွာ သြားျပီး ဒုကၡေရာက္မွာစိုးလုိ႕ဆိုတဲ့ ေနတိုး 4

ညီေလးေရ မင္းမတင္းနဲ႕ေနာ္ ဆရာေတ္ာၾကီး ေျပာသလို ငိုမွ သိမွာေနာ္ မငိုရင္ မသိဘူး ဆိုေတာ့ ငိုမယ္

ကၽြန္ေတာ္အထဲမွာ အားရပါးရ ငိုမယ္ ဆိုျပီး သူ႕ညီဓာတ္ပံုေလး ကိုင္သြားတာ။

အရီးကေတာ့ သူ႕သားေလး မင္းေသြးကို နဖူးေလး ကိုင္တယ္ ျပီးေတာ့ သူ႕နဖူးေလး သူျပန္စမ္း တကယ္ေသတာေရာ ဟုတ္ရဲ႕လားဟင္

အခုေလးတင္ ေတြ႕ေနတာပဲ အိပ္ေနသလိုပဲ ဆိုျပီး ေျပာေတာ့ ေတာ္ေတာ္ ခံစားရတယ္။

ကိုယ္တို႕နဲ႕က မိသားစုလို ျဖစ္ေနေတာ့ ကုိယ္ေတြ ေယာက်္ားၾကီးတန္မဲ့ ၾကည့္မိျပီး မ်က္ရည္က်တယ္။” လို႕ ဆိုပါတယ္။

မင္းေသြးရဲ႕ နာေရးမွာ စည္းကမ္းမရွိတဲ့ လူေတြလုပ္ရပ္ကိုလည္း ဦးေဗဒါက ခုလိုေဝဖန္ျပသြားပါတယ္။

အမွန္တကယ္ ၅ နာရီ သၿဂိဳဟ္ဖို႕ ၅ နာရီမထိုးခင္ သူတို႕ေရာက္လာတယ္။ လူက ထိန္းမႏိုင္ဘူး။

လူက ေတာ္ေတာ္ေလးမ်ားေတာ့ ေနာက္ဆံုးမရတဲ့ အဆံုး လူရႊင္ေတာ္ေတြ က်န္တဲ့ actors ေတြအကုန္လံုး လက္ခ်င္းခ်ိတ္ထားျပီးေတာ့ ေနတယ္။

ေနာက္မွာ ကိုလူေခ်ာမ်ား အဖြဲ႕လည္း ရွိတယ္။ ဟိုးေနာက္မွာ အရံမီးသတ္အဖြဲ႕လည္း ရွိတယ္။

၃ ဆင့္တားတာ ေတာင္မွ မရဘူး။
ကိုယ္ခ်စ္တဲ့ အႏုပညာသမားကို ကိုယ္ခ်စ္တာမွန္တယ္။

ဒါေပမဲ့ နာေရးက နာေရးပါ။ နာေရးကို ဦးစားေပးျပီးေတာ့ စည္းကမ္းရွိရွိနဲ႕ ရုပ္ကလာပ္ကို အလယ္မွာ ခ်ထားျပီးေတာ့ တန္းစီျပီး စည္းကမ္းရွိရွိနဲ႕ၾကည့္ သြားလို႕ရပါတယ္။

အဲ့လိုမဟုတ္ဘဲ ေစ်းေတြေရာင္းတဲ့ လူကေရာင္း နာေရးကို အျမတ္ထုတ္သူက ထုတ္ဆိုေတာ့ မေကာင္းဘူးလို႕ ထင္တယ္။” လို႕ ဆိုပါတယ္။

မင္းေသြးတစ္ေယာက္ ရန္ကုန္စေရာက္ကတည္းက လူရႊင္ေတာ္ေတြကို ခ်စ္တတ္တဲ့ အေၾကာင္းကိုလည္း ခုလိုလြမ္းဆြတ္တသစြာ ေျပာျပလာပါတယ္။

“မင္းေသြးေလးကေလ သူရုပ္ရွင္ကား မရိုက္ခင္တည္းက ရန္ကုန္ေရာက္ထဲက လူရႊင္ေတာ္ေတြကို အရမ္းခ်စ္တယ္။

ကေလးေလးလိုပဲ ရင္ဘတ္ထဲ ဝင္တိုးျပီးေတာ့ ကၽြန္ေတ္ာ့ကို ဒီျပက္လံုးေလး လုပ္ေပးဦး ဟာသေလး လုပ္ေပးဦးဆိုျပီး ျပန္ျပန္ျပီး ေျပာခိုင္းတယ္။

အဲ့ခ်ိန္တည္းက အရီးေလးနဲ႕ ဦးေဗဒါတို႕က ခင္မင္ရင္းႏွီးျပီး သားအမိလိုပဲ။ သူကအရမ္းခ်စ္တတ္တယ္။” လို႕ ဆုိပါတယ္။

ပရိသတ္ေတြ ခ်စ္ရတဲ့ ပရိသတ္ေတြကိုလည္း ခ်စ္တဲ့ မင္းေသြးတစ္ေယာက္ ေကာင္းရာမြန္ရာေရာက္ျပီး

အရီးရဲ႕ ေတာင္းဆုေတြ ျပည့္ဝပါေစလို႕ ဆုေတာင္းေပးလိုက္ပါတယ္။

Credit : Nanmalgyi

Unicode >>>

မင်းသွေးဆိုတဲ့ အနုပညာကြယ်ပွင့် ကြွေလွင့်သွားခဲ့တဲ့ သတင်းက တစ်နိုင်ငံလုံးရှိ ပရိသတ်တွေ အတွက် လွမ်းတသသ ပူဆွေးမှုကိုသာ ကျန်ရစ်စေခဲ့ပါတယ်။

သားအတွက် ယူကြုံးမရဖြစ်တဲ့ အရီး ၊ ညီငယ်လေးအတွက် မငိုမိဖို့ တင်းထားတဲ့ အကိုနေတိုး ၊

ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ပလူပျံနေတဲ့ မင်းသွေးရဲ့ ဗီဒီယိုဖိုင်လေးတွေက ပရိသတ်တွေကို စိတ်ထိခိုက်စေခဲ့ပါတယ်။

မင်းသွေးရဲ့ ဈာပနမှာ ကြုံဆုံ တွေ့ခဲ့ရတဲ့ ခံစားချက် အဖြစ်အပျက်အစုံကို လူရွှင်တော်/သရုပ်ဆောင် ဦးဗေဒါက ခုလို ပြောပြထားပါတယ်။

“နေတိုးကြီးကတော့ တင်းထားတယ်။ ဒါပေမဲ့ ငိုမှာနော် သားငိုမှာနော် ဒါပေမဲ့ ကလေးမှာ သွားပြီး ဒုက္ခရောက်မှာစိုးလို့ ဆိုတဲ့ စကားလေးတစ်ခွန်းက ရင်ထဲထိတယ်။

အရီးက သူ့သားလေးကို သဂြိုဟ်တဲ့ စက်ထဲ မထည့်ရသေးဘူး ပြင်ထားပြီးသားကို ဝဝ ကြည့်တယ်

သူ့အမျိုးတွေလည်း စုံအောင် ကြည့်ပြီး အားလုံးဆုံပြီဆိုမှ မှန်ခေါင်းလေးကို ဖြည်းဖြည်းချင်း သယ်သွားတဲ့အချိန်မှာ နေတိုးကြီးက ရှေ့က သွားတာပေါ့နော်။

ညီလေးရေ မင်းမတင်းနဲ့နော် ဆရာတေ်ာကြီး ပြောသလို ငိုမှ သိမှာနော် မငိုရင် မသိဘူး ဆိုတော့ ငိုမယ်

ကျွန်တော်အထဲမှာ အားရပါးရ ငိုမယ် ဆိုပြီး သူ့ညီဓာတ်ပုံလေး ကိုင်သွားတာ။

အရီးကတော့ သူ့သားလေး မင်းသွေးကို နဖူးလေး ကိုင်တယ် ပြီးတော့ သူ့နဖူးလေး သူပြန်စမ်း တကယ်သေတာရော ဟုတ်ရဲ့လားဟင်

အခုလေးတင် တွေ့နေတာပဲ အိပ်နေသလိုပဲ ဆိုပြီး ပြောတော့ တော်တော် ခံစားရတယ်။

ကိုယ်တို့နဲ့က မိသားစုလို ဖြစ်နေတော့ ကိုယ်တွေ ယောကျ်ားကြီးတန်မဲ့ ကြည့်မိပြီး မျက်ရည်ကျတယ်။” လို့ ဆိုပါတယ်။

မင်းသွေးရဲ့ နာရေးမှာ စည်းကမ်းမရှိတဲ့ လူတွေလုပ်ရပ်ကိုလည်း ဦးဗေဒါက ခုလိုဝေဖန်ပြသွားပါတယ်။

အမှန်တကယ် ၅ နာရီ သဂြိုဟ်ဖို့ ၅ နာရီမထိုးခင် သူတို့ရောက်လာတယ်။ လူက ထိန်းမနိုင်ဘူး။

လူက တော်တော်လေးများတော့ နောက်ဆုံးမရတဲ့ အဆုံး လူရွှင်တော်တွေ ကျန်တဲ့ actors တွေအကုန်လုံး လက်ချင်းချိတ်ထားပြီးတော့ နေတယ်။

နောက်မှာ ကိုလူချောများ အဖွဲ့လည်း ရှိတယ်။ ဟိုးနောက်မှာ အရံမီးသတ်အဖွဲ့လည်း ရှိတယ်။

၃ ဆင့်တားတာ တောင်မှ မရဘူး။
ကိုယ်ချစ်တဲ့ အနုပညာသမားကို ကိုယ်ချစ်တာမှန်တယ်။

ဒါပေမဲ့ နာရေးက နာရေးပါ။ နာရေးကို ဦးစားပေးပြီးတော့ စည်းကမ်းရှိရှိနဲ့ ရုပ်ကလာပ်ကို အလယ်မှာ ချထားပြီးတော့ တန်းစီပြီး စည်းကမ်းရှိရှိနဲ့ကြည့် သွားလို့ရပါတယ်။

အဲ့လိုမဟုတ်ဘဲ ဈေးတွေရောင်းတဲ့ လူကရောင်း နာရေးကို အမြတ်ထုတ်သူက ထုတ်ဆိုတော့ မကောင်းဘူးလို့ ထင်တယ်။” လို့ ဆိုပါတယ်။

မင်းသွေးတစ်ယောက် ရန်ကုန်စရောက်ကတည်းက လူရွှင်တော်တွေကို ချစ်တတ်တဲ့ အကြောင်းကိုလည်း ခုလိုလွမ်းဆွတ်တသစွာ ပြောပြလာပါတယ်။

“မင်းသွေးလေးကလေ သူရုပ်ရှင်ကား မရိုက်ခင်တည်းက ရန်ကုန်ရောက်ထဲက လူရွှင်တော်တွေကို အရမ်းချစ်တယ်။

ကလေးလေးလိုပဲ ရင်ဘတ်ထဲ ဝင်တိုးပြီးတော့ ကျွန်တေ်ာ့ကို ဒီပြက်လုံးလေး လုပ်ပေးဦး ဟာသလေး လုပ်ပေးဦးဆိုပြီး ပြန်ပြန်ပြီး ပြောခိုင်းတယ်။

အဲ့ချိန်တည်းက အရီးလေးနဲ့ ဦးဗေဒါတို့က ခင်မင်ရင်းနှီးပြီး သားအမိလိုပဲ။ သူကအရမ်းချစ်တတ်တယ်။” လို့ ဆိုပါတယ်။

ပရိသတ်တွေ ချစ်ရတဲ့ ပရိသတ်တွေကိုလည်း ချစ်တဲ့ မင်းသွေးတစ်ယောက် ကောင်းရာမွန်ရာရောက်ပြီး

အရီးရဲ့ တောင်းဆုတွေ ပြည့်ဝပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit : Nanmalgyi