Advertisement
နာမည်ကြီးနေတဲ့ ကြည့်ရှူ့သူအလွန်များပြားနေသော ကလေးငိုသံ (ရုပ်သံ)
နာမည်ကြီးနေတဲ့ ကြည့်ရှူ့သူအလွန်များပြားနေသော ကလေးငိုသံ (ရုပ်သံ) 2
THE PURGE ALARM
THE PURGE ALARM
Posted by Pinoy Rap Radio on Wednesday, 3 October 2018
Credit
Unicode >>>
လူသားတွေဟာ ဉာဏ်ရည်ထူးခြားတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ လူတွေဟာ မျောက်မျိုးနွယ်ဝင်တွေဖြစ်ကြောင်း
သိပ္ပံပညာက သက်သေပြဖို့ ကြိုးစားခဲ့ပေမယ့် လူတွေရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းနဲ့ ကိုယ်၊
နှုတ်အမူအရာတွေကို ထိန်းသိမ်းနိုင်စွမ်းဟာ တခြားသတ္တဝါတွေထက် အသာကြီးသာလျက် ရှိနေပါတယ်။
တိရစ္ဆာန်တွေနဲ့ နှိုင်းစာရင် အဆင့်မြင့်တဲ့ အသံကြိုးတွေကို ပိုင်ဆိုင်ထားတာကြောင့် အသံတုအမျိုးမျိုးလည်း လုပ်နိုင်ကြတာကို အောက်က ဗီဒီယိုလေးတစ်ခုမှာ တွေ့ရမှာပါ။
မကြာသေးခင်က ဆိုရှယ်မီဒီယာပေါ်မှာ ကလေးတစ်ယောက် ငိုနေတဲ့ဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တက်လာပါတယ်။
ထူးခြားတာက ကလေးငိုသံပါ။ အမှတ်တမဲ့ နဖူးနဲ့ မှန်နဲ့ဆောင့်မိလို့ အော်ငိုလိုက်တဲ့ ကလေးရဲ့ အသံဟာ အမေရိကန်လူသတ်ကားတစ်ကားဖြစ်တဲ့ “The Purge” ထဲမှာပါတဲ့ alarm မြည်သံလိုပါပဲ။
ဒီနိုင်ငံမှာဆို မီးသတ်ကား အချက်ပေးသံနဲ့ တူနေပါတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝှမ်းက အွန်လိုင်းအသုံးပြုသူတွေကတော့ ချက်ခြင်းကို သတိပြုမိခဲ့ကြတာဖြစ်ပါတယ်။
ဗီဒီယိုထဲမှာတော့ ကလေးတစ်ယောက်ဟာ အခန်းထဲမှာ လမ်းလျှောက်နေပါတယ်။ ကြမ်းပြင်ပေါ်မှာတော့ အရုပ်တွေက ပြန့်ကြဲလို့ပါ။ လမ်းလျှောက်ရင်း ခေါင်းကို မှန်တံခါးနဲ့ ဒုန်းကနဲမြည်အောင်
ဆောင့်မိပြီးတဲ့အခါမှာတော့ ကလေးဟာ ဗီဒီယိုရိုက်နေတဲ့ဘက်လှည့်ပြီး စအော်ငိုပါတော့တယ်။
မှန်တံခါးကို မမြင်တာကြောင့် ဆောင့်မိရာကနေ ခေါင်းနဲ့ မျက်နှာတော်တော်လေး နာသွားပုံရပါတယ်။ ဒါကြောင့်မို့လည်း ထူးထူးဆန်းဆန်းနဲ့ အော်ငိုနေတာပါ။
ကလေးငိုနေတဲ့ ဗီဒီယိုကိုတော့ စာဖတ်သူတွေအတွက် အောက်ဘက်မှာ တင်ပေးထားပါတယ်။
တကယ်ကို alarm မြည်သံအတိုင်းပဲ ငိုငိုချင်းမှာ စူးကနဲအသံပြဲကြီးနဲ့ အော်ငိုနေရာကနေ အသံပျော့လေး ပြန်ဖြစ်သွားတာကို ကြားရမှာပါ။
ကလေးက မှန်နဲ့ ဆောင့်မိလို့ သနားဂရုဏာဖြစ်ရပေမယ့် သူအော်ငိုလိုက်ခါမှ ရယ်စရာဖြစ်နေတာကိုလည်း သတိထားမိကြမှာပါနော်။
Credit