Advertisement
အသက် ၈၈နှစ်အရွယ် အဖွားဒေါ်မဆယ်ကို အိမ်ပေါ်က တက်စွဲချတဲ့ ဗွီဒီယိုဖိုင် ထွက်ပေါ် 2
ဖြစ်စဉ်က …..
ပြည်သူ့ဟစ်တိုင်
တရားစီရင်ရေး ဘာလဲ၊ ဘယ်လဲ
Posted by ပြည်သူ့ဟစ်တိုင် on Saturday, 6 October 2018
Unicode >>>
အသက် ၈၈နှစ်အရွယ် အဖွားဒေါ်မဆယ်ကို အိမ်ပေါ်က တက်စွဲချတဲ့ ဗွီဒီယိုဖိုင် ထွက်ပေါ်
အသက် ၈၈နှစ်အရွယ် အဖွားဒေါ်မဆယ်ကို အိမ်ပေါ်က တက်စွဲချတဲ့ လောင်းလုံမြို့နယ်တရားရုံးက ဘီလစ်စာရေးမတွေ
ဥပဒေဆိုတာ အပြစ်မဲ့ ပြည်သူကို အကာအကွယ်ပေးဖို့နဲ့ အပြစ်ရှိသူကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးဖို့သာ ဖြစ်ပါတယ်။
ယခု ဗီဒီယိုဖိုင်မှာ မြင်တွေ့ရတာကတော့ လောင်းလုံးမြို့နယ် တရားရုံးက ဘီလစ်စာရေးမတွေက ကဒတ်ငယ်ဆိပ်ကျေးရွာက အဖွားဒေါ်မဆယ်ကို အိမ်ပေါ်က တက်စွဲချတဲ့မြင်ကွင်းပါ။
ဖြစ်စဉ်က …..
2010-2011 က လောင်းလုံးမြို့နယ်အတွင်းက ကျေးရွာတွေမှာ တရားမဝင်လေလံစုမဲ စုကြတာတွေ ရှိပါတယ်။
ဒီလို စုကြတဲ့ အထဲမှာ အဖွားဒေါ်မဆယ်နဲ့ အတူနေ မြေးမ တဝမ်းကွဲလည်း ပါဝင်ခဲ့ပါတယ်။
အဲဒီလေလံစုမဲကိစ္စတွေ ပြဿနာတက်တော့ လေလံစုမဲခေါင်းက တရားစွဲ၊ ပိုက်ဆံရစရာရှိပါတယ်ဆိုသူတွေရဲ့ အိမ်နဲ့ခြံတွေကို တရားရုံးမှာ
တစ်ဖက်သက် အနိုင်ယူပြီး အိမ်ခြံတွေကို ဝရမ်းကပ်၊ လေလံတင်ရောင်းတာမျိုးတွေ လုပ်လာပါတယ်။
အဖွားဒေါ်မဆယ် အသက် ၈၈နှစ် ရှိပါပြီ။
အဖွားဒေါ်မဆယ်ဟာ အပျိုကြီးပါ။ အသက်အရွယ်ကြီးလာတဲ့အခါ ပြုစုစောင့်ရှောက်ဖို့ မြေးမကို အိမ်ခေါ်ထားခဲ့တာပါ။
အဲဒီ မြေးမထံက ရစရာရှိတဲ့ငွေအတွက် အဖွားဒေါ်မဆယ်ရဲ့ အိမ်နဲ့ခြံကို တရားရုံးက တရားလိုများဘက် အနိုင်ပေးပြီး ဝရမ်းကပ်၊ လေလံတင်ရောင်းတာမျိုးတွေ လုပ်လာပါတယ်။
နောင်ဆုံး တရားရုံးက စာရေးမတွေဟာ အဖွားဒေါ်မဆယ်ကို အိမ်ပေါ်ကနေ အဓမ္မ လာစွဲချသည်အထိ ယုတ်မာလာခဲ့ပါတယ်။
တရားစီရင်ရေးဟာ ဘာလဲ။ တရားလိုဘက်က ငွေပေးနိုင်ရင် အနိုင်လား။ ဥပဒေတွေက ဘာအဓိပ္ပာယ်ရှိသေးလဲ။
အဖွားဒေါ်မဆယ်လိုပဲ အလားတူ အမှုဖြစ်စဉ်တွေ လောင်းလုံမြို့နယ်ထဲက ကျေးရွာတွေမှာ အများကြီးပါ။
အဲဒီဒေသအထိ ဆရာတော်ဦးပါမောက္ခ သွားရောက်လေ့လာပြီး ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
ဆရာတော် ပြောတဲ့ မြန်မာပြည်ဟာ တရားဥပဒေစိုမိုးမှုကင်းမဲ့ဇုန် ဖြစ်နေပြီဆိုတာ ဒီလိုအခြေအနေတွေကြောင့်ပေါ့ဗျာ။
ဒီဗီဒီယိုမှတ်တမ်းကို တနင်္သာရီတိုင်းမ်း မီဒီယာက ဖော်ပြသွားခဲ့ပါတယ်။
စာရေးသူတို့ အဖွားထံ သွားရောက် မေးမြန်းစဉ်မှာ အဖွားဒေါ်မဆယ် ကျန်းမာရေးမကောင်းပါဘူး။ မျက်စိလုံးလုံး မမြင်ရတော့ပါဘူး။
မြန်မာပြည်ကြီး တရားဥပဒေ စိုးမိုးပါစေ။
ပြည်သူ့ဟစ်တိုင်