Advertisement

အမေကို ဖေးမနေတဲ့ နေတိုး မငိုဖြစ်ခဲ့ခြင်းအကြောင်းအရင်းကို ပြောပြလာတဲ့ ဒေါ်ပတ္တမြားကေခိုင်

အမေကို ဖေးမနေတဲ့ နေတိုး မငိုဖြစ်ခဲ့ခြင်းအကြောင်းအရင်းကို ပြောပြလာတဲ့ ဒေါ်ပတ္တမြားကေခိုင် 2











အဲ့လိုမျိုးဖြစ်တယ် ။

သူ့ကိုယ်သူ ဆောက်တည်တယ် ဆိုတော့ သူ့ရဲ့ တည်ငြိမ်မှုကို ချီးကျူးတာက တစ်ပိုင်းပေါ့။



ဗဟုသုတ (www.bahututa)

Unicode >>>

ပြီးခဲ့တဲ့ အောက်တိုဘာ(၃)ရက်နေ့က ဘဝတစ်ပါးကို ကူးပြောင်းကွယ်လွန်သွားခဲ့တဲ့ အဆိုတော်သရုပ်ဆောင် မင်းသွေးရဲ့ အောက်တိုဘာ(၇)ရက်နေ့က ပြုလုပ်ခဲ့တဲ့

နာရေးဈာပနပွဲလေးမှာတော့ ပြည်သူပရိသတ်တွေကြား ပြောစရာလေးတွေ ဖြစ်ခဲ့ပါတယ်..။

သားတစ်ယောက်ရဲ့ နာရေးမှာ ရင်နင့်ကြေကွဲနေတဲ့ အမေတစ်ယောက်နဲ့ ညီဖြစ်သူရဲ့ ဈာပနမှာ တွေ့ရတဲ့အစ်ကိုတစ်ယောက်တို့ရဲ့

ပုံရိပ်လေးတွေကတော့ တကယ်ကို ဝမ်းနည်းစရာကောင်းပြီးဆို့နစ်ကြေကွဲနေပေမယ့်လည်း

ပရိသတ်တွေအပေါ်ထားတဲ့ လေးစားစရာ စိတ်သဘောထားတွေကိုတော့ ပြည်သူတွေနဲ့ အနုပညာရှင်တွေကလည်း ချီးကျူးနေကြတာ တွေ့ရပါတယ်..။

ယူကျုံးမရ ဝမ်းနည်းနေတဲ့အမေကို ဖေးမနေတဲ့ နေတိုး မငိုဖြစ်ခဲ့ခြင်းအပေါ်ကို ဒေါ်ပတ္တမြားကေခိုင်က အခုလိုပဲ ပြောပြခဲ့ပါတယ်။

နေတိုးက မငိုခဲ့ဘူးဆိုပေမဲ့ အစပိုင်း တစ်ရက် နှစ်ရက်လောက်မှာ သူ့ကို ကြည့်ရတာ အဆင်မပြေဘူး။

အဆင်မပြေဘူးဆိုတာ အာရုံက စိတ်မှတ်မဲ့ခံစားချက်ရှိနေသလိုမျိုးပဲ ။

တစ်ယောက်က ညီလေး အဲ့ဒါက လုပ်ရမယ်နော်ဆို သြော် လုပ်လိုက် လုပ်လိုက်ပေါ့ နောက်တစ်ယောက်ကလည်း ဒါကတော့ ဖြစ်သင့်တယ် ဆိုရင်

ဟုတ်ကဲ့ ဟုတ်ကဲ့ လုပ်လေဆိုတော့ သူ့ဘာသာ မဆုံးဖြတ်တော့ဘူးပေါ့နော်။

အဲ့လိုမျိုးဖြစ်တယ် ။
အန်ကယ်ကတော့ အများဆုံး ဆုံးဖြတ်ပေးရတာပေါ့။ နေတိုးက နောက်ပိုင်းမှာ သူလည်း အမေက အရမ်းကို ပြိုလဲနေတဲ့ အခါကျတော့

သူ့ကိုယ်သူ ဆောက်တည်တယ် ဆိုတော့ သူ့ရဲ့ တည်ငြိမ်မှုကို ချီးကျူးတာက တစ်ပိုင်းပေ့ါ။

အဓိက နေတိုးမငိုဘူးဆိုတာ သူ့ရင်ထဲမှာတော့ ပြည့်နှက်နေမယ်လို့ ထင်ပါတယ် လို့ ပြောကြားခဲ့ပါတယ်။

Credit Popular Interview

ဗဟုသုတ (www.bahututa)