Advertisement

ခဏေတာ့ငိုပါ ( အခ်စ္နဲ ့ပတ္သက္ရင္စိတ္ႏုတဲ့သူေတြဖတ္ၾကည့္ပါ )

ခဏေတာ့ငိုပါ  ( အခ်စ္နဲ ့ပတ္သက္ရင္စိတ္ႏုတဲ့သူေတြဖတ္ၾကည့္ပါ ) 2

ခဏေတာ့ငိုပါ

( အခ်စ္နဲ ့ပတ္သက္ရင္စိတ္ႏုတဲ့သူေတြဖတ္ၾကည့္ပါ )

အသဲကြဲတိုင္းငိုေနစရာလား ငိုမ္ိရင္ခဏေပါ့ ။

မ်က္နွာထသစ္ သနပ္ခါးလိမ္းျပီးရင္ စိတ္လက္ၾကည္သာ

တဲ့ေနရာကို ထသြားလိုက္မယ္ ။

နဂိုအတိုင္း အခ်စ္ဆိုတာ ျပန္မရနိဳင္မွေတာ့

ဘာလို ့မ်ားေမွ်ာ္လင့္ေတာင့္တ ငိုေၾကြးေနရမွာလည္း ။

ေလာကမွာ သနားစရာအေကာင္းဆံုး လူဟာ

ကိုယ္ျဖစ္သင့္သလို ကိုယ့္ကိုကိုယ္ ေလာက္ဘယ္သူမွ

မခ်စ္နိုင္ပါဘူး ။

လမ္းခြဲသြားလို ့ ဝမ္းနည္းေၾကကြဲေနစရာလား စိတ္ထိခိုက္

ခံစားရရင္ ခဏဆို လံုေလာက္ျပီေလ ။

ကိုယ္လုပ္စရာရွိတာေတြကို ဆက္လုပ္ဖို ့ အားအင္အသစ္

ေတြကို အျမန္ဆံုးေမြးယူျပီး လုပ္ငန္းခြင္နဲ ့ သူငယ္ခ်င္းေတြ

ၾကား ေပ်ာ္ေပ်ာ္ဘဲေနလိုက္မယ္ ။

ခ်န္ထားခဲ့သူထက္ တစ္ေန ့သာရမယ္ ဆိုတဲ့ စိတ္နဲ ့အလုပ္

ေတြကိုပိုေတာင္ျကိုးစားလိုက္ရံုဘဲ ။

ကိုယ့္ဘဝအတြက္ ေနာက္ထပ္ေရွ ့ဆက္ရမဲ့ ခရီးရဲ့ပဲ့ကိုင္ရွင္

ဟာ ကိုယ္သာျဖစ္ေနတာမို ့ ကိုယ့္ကိုယ္ေဖးကူသူမဟုတ္တဲ့

လူအတြက္ အခ်ိန္ေပးျပီး စိတ္ကိုညင္းဆဲေနစရာမွမဟုတ္တာ။

သစၥာမရွိလို ့ ခံပ်င္းစိတ္ျဖစ္ေနလား ခဏေဒါသထြက္

ေပါက္ကြဲပစ္လိုက္မယ္ ဒါဆို အဆင္ေျပျပီေလ ။

သြားစမ္းပါေစ တန္ဖိုးမသိတဲ့သူအတြက္ ကိုယ့္တန္ဖိုးေတြပါ

က်ဆင္းေစေလာက္ေအာင္ ရုပ္ပ်က္ေနစရာမွ မလိုတာ ။

သူ ့ထက္သာတဲ့ သစၥာရွိတဲ့ ခ်စ္သူ အခ်ိန္တန္ရလာလိမ့္မယ္။

အခ်စ္ဟာ ဘဝရဲ့ တစ္စိပ္တစ္ေဒသအခန္းက႑မွာ ပါဝင္

ေနတာမို ့ စာရိတၱမေကာင္းသူနဲ ့ ေစာေစာလမ္းခြဲရတဲ့

ကိုယ္ဟာ ကံေကာင္းတဲ့သူအျဖစ္ ဝမ္းသာဖို ့ေတာင္ေကာင္း

ေသးတယ္ ။

ေပ်ာ္ရႊင္ေနတဲ့ သူအျဖစ္ လူေတြၾကားထဲ

ဂုဏ္ယူစြာ သာသာယာယာေနလိုက္မယ္ ။

ခ်စ္ရက္နဲ ့ လမ္းခြဲရလို ့ အားငယ္ေနလား ခဏေတာ့ငိုပါမယ္ ။

ကိုယ္ခ်စ္တဲ့သူရဲ့ ေလွ်ာက္ရမဲ့ လမ္း ေနွာင့္ေနွးျခင္း ၊

အေနွာက္ယွက္ ျဖစ္ေစတာမ်ိဳး မျဖစ္ေအာင္ ေနာက္ထပ္

မ်က္ရည္ မက်ေတာ့ဘူး ။

သူျမင္ေစခ်င္တဲ့ အဆင္ေျပတဲ့ဘဝ

ကို ယူျပမယ္ ။ သူမျမင္ရက္တဲ့ မ်က္ရည္ ေနာက္ထပ္မက်ေစ

ျခင္းနဲ ့ နွစ္သိမ့္ေပးမယ္ ။

ခ်စ္တိုင္းညားက်ေၾကးဆိုရင္

အခ်စ္နဲ ့ပတ္သက္တဲ့ ရာဇဝင္ေတာင္ရွိလာမွာ မဟုတ္ဖူး

ဆိုျပီးစိတ္ကို ေျဖေဖ်ာက္လိုက္မယ္ ။

ကိုယ္ေပ်ာ္ေနတာဘဲ

သူျမင္ခ်င္ သလို ” သူေပ်ာ္ေနတာဘဲ ကိုယ္ျမင္ခ်င္တာမို ့

အခ်ိန္ၾကာၾကာ ဝမ္းနည္းေၾကကြဲေနျခင္းနဲ ့ စိတ္ဓါတ္ကို

မျပိဳလဲေစရဘူး ။

ေတြ ့ဆံုျခင္းရွိရင္ ဘယ္လို အေၾကာင္းနဲ ့ ျဖစ္ျဖစ္ ခြဲခြာျခင္း

ဆိုတာ တစ္ေန ့ရွိလာရမယ္ဆိုတာ ေလာကရဲ့ ဓမၼတာတရားပါ။

ဘယ္လိုအေၾကာင္းေၾကာင္းနဲ ့ ခြဲရပါေစ ကိုယ့္ကိုယ္ကိုယ္

ခ်စ္တဲ့သူေတြဟာ ခဏပဲငိုၾကတယ္ ။

ဒါေၾကာင့္ အသဲကြဲလို ့ ငိုလည္း ခဏေပါ့ ။

သစၥာမရွိလို ့ ထားခဲ့လည္းလို ့ ငိုလည္း ခဏေပါ့ ။

မျဖစ္နိုင္လို ့ လမ္းခြဲရလို ့ငိုလည္း ခဏေပါ့ ။

ဘဝကို ထိခိုက္ေအာင္ထိ အရူးအမူးျဖစ္ေနစရာ မလိုအပ္ပါဘူး ။

Credit to MayNoe

Unicode >>>

ခဏတော့ငိုပါ

( အချစ်နဲ့ပတ်သက်ရင်စိတ်နုတဲ့သူတွေဖတ်ကြည့်ပါ )

အသဲကွဲတိုင်းငိုနေစရာလား ငိုမိရင်ခဏပေါ့ ။

မျက်နှာထသစ် သနပ်ခါးလိမ်းပြီးရင် စိတ်လက်ကြည်သာ

တဲ့နေရာကို ထသွားလိုက်မယ် ။

နဂိုအတိုင်း အချစ်ဆိုတာ ပြန်မရနိုင်မှတော့

ဘာလို့များမျှော်လင့်တောင့်တ ငိုကြွေးနေရမှာလည်း ။

လောကမှာ သနားစရာအကောင်းဆုံး လူဟာ

ကိုယ်ဖြစ်သင့်သလို ကိုယ့်ကိုကိုယ် လောက်ဘယ်သူမှ

မချစ်နိုင်ပါဘူး ။

လမ်းခွဲသွားလို့ ဝမ်းနည်းကြေကွဲနေစရာလား စိတ်ထိခိုက်

ခံစားရရင် ခဏဆို လုံလောက်ပြီလေ ။

ကိုယ်လုပ်စရာရှိတာတွေကို ဆက်လုပ်ဖို့ အားအင်အသစ်

တွေကို အမြန်ဆုံးမွေးယူပြီး လုပ်ငန်းခွင်နဲ့ သူငယ်ချင်းတွေ

ကြား ပျော်ပျော်ဘဲနေလိုက်မယ် ။

ချန်ထားခဲ့သူထက် တစ်နေ့သာရမယ် ဆိုတဲ့ စိတ်နဲ့အလုပ်

တွေကိုပိုတောင်ကြိုးစားလိုက်ရုံဘဲ ။

ကိုယ့်ဘဝအတွက် နောက်ထပ်ရှေ့ဆက်ရမဲ့ ခရီးရဲ့ပဲ့ကိုင်ရှင်

ဟာ ကိုယ်သာဖြစ်နေတာမို့ ကိုယ့်ကိုယ်ဖေးကူသူမဟုတ်တဲ့

လူအတွက် အချိန်ပေးပြီး စိတ်ကိုညင်းဆဲနေစရာမှမဟုတ်တာ။

သစ္စာမရှိလို့ ခံပျင်းစိတ်ဖြစ်နေလား ခဏဒေါသထွက်

ပေါက်ကွဲပစ်လိုက်မယ် ဒါဆို အဆင်ပြေပြီလေ ။

သွားစမ်းပါစေ တန်ဖိုးမသိတဲ့သူအတွက် ကိုယ့်တန်ဖိုးတွေပါ

ကျဆင်းစေလောက်အောင် ရုပ်ပျက်နေစရာမှ မလိုတာ ။

သူ့ထက်သာတဲ့ သစ္စာရှိတဲ့ ချစ်သူ အချိန်တန်ရလာလိမ့်မယ်။

အချစ်ဟာ ဘဝရဲ့ တစ်စိပ်တစ်ဒေသအခန်းကဏ္ဍမှာ ပါဝင်

နေတာမို့ စာရိတ္တမကောင်းသူနဲ့ စောစောလမ်းခွဲရတဲ့

ကိုယ်ဟာ ကံကောင်းတဲ့သူအဖြစ် ဝမ်းသာဖို့တောင်ကောင်း

သေးတယ် ။

ပျော်ရွှင်နေတဲ့ သူအဖြစ် လူတွေကြားထဲ

ဂုဏ်ယူစွာ သာသာယာယာနေလိုက်မယ် ။

ချစ်ရက်နဲ့ လမ်းခွဲရလို့ အားငယ်နေလား ခဏတော့ငိုပါမယ် ။

ကိုယ်ချစ်တဲ့သူရဲ့ လျှောက်ရမဲ့ လမ်း နှောင့်နှေးခြင်း ၊

အနှောက်ယှက် ဖြစ်စေတာမျိုး မဖြစ်အောင် နောက်ထပ်

မျက်ရည် မကျတော့ဘူး ။

သူမြင်စေချင်တဲ့ အဆင်ပြေတဲ့ဘဝ

ကို ယူပြမယ် ။ သူမမြင်ရက်တဲ့ မျက်ရည် နောက်ထပ်မကျစေ

ခြင်းနဲ့ နှစ်သိမ့်ပေးမယ် ။

ချစ်တိုင်းညားကျကြေးဆိုရင်

အချစ်နဲ့ပတ်သက်တဲ့ ရာဇဝင်တောင်ရှိလာမှာ မဟုတ်ဖူး

ဆိုပြီးစိတ်ကို ဖြေဖျောက်လိုက်မယ် ။

ကိုယ်ပျော်နေတာဘဲ

သူမြင်ချင် သလို ” သူပျော်နေတာဘဲ ကိုယ်မြင်ချင်တာမို့

အချိန်ကြာကြာ ဝမ်းနည်းကြေကွဲနေခြင်းနဲ့ စိတ်ဓါတ်ကို

မပြိုလဲစေရဘူး ။

တွေ့ဆုံခြင်းရှိရင် ဘယ်လို အကြောင်းနဲ့ ဖြစ်ဖြစ် ခွဲခွာခြင်း

ဆိုတာ တစ်နေ့ရှိလာရမယ်ဆိုတာ လောကရဲ့ ဓမ္မတာတရားပါ။

ဘယ်လိုအကြောင်းကြောင်းနဲ့ ခွဲရပါစေ ကိုယ့်ကိုယ်ကိုယ်

ချစ်တဲ့သူတွေဟာ ခဏပဲငိုကြတယ် ။

ဒါကြောင့် အသဲကွဲလို့ ငိုလည်း ခဏပေါ့ ။

သစ္စာမရှိလို့ ထားခဲ့လည်းလို့ ငိုလည်း ခဏပေါ့ ။

မဖြစ်နိုင်လို့ လမ်းခွဲရလို့ငိုလည်း ခဏပေါ့ ။

ဘဝကို ထိခိုက်အောင်ထိ အရူးအမူးဖြစ်နေစရာ မလိုအပ်ပါဘူး ။

Credit to MayNoe