Advertisement

ျကြက္တက္ျခင္းအတြက္ အိမ္တြင္းကုထံုးမ်ား

ျကြက္တက္ျခင္းအတြက္ အိမ္တြင္းကုထံုးမ်ား 2

ျကြက္တက္ျခင္းဆိုတာ ကိုယ္ခႏၶာထဲရွိ ဆားဓာတ္မ်ားနဲ့ သတၱဳဓာတ္မ်ား မ်ွတမွုမရွိျခင္းကို ျပသေနျခင္းျဖစ္ပါတယ္

။ျကြက္သားမ်ားရုတ္တရက္ အျပင္းအထန္နာက်င္တင္းမာလာျပီး ျပန္လည္ေျပေလ်ာ့မွသာ နာက်င္မွုသက္သာပါတယ္။ျဖစ္ပြားေစေသာအေျကာင္းရင္းေပၚမူတည္ျပီး

အားေဆးမ်ားမွီ၀ဲျခင္း ေဆးေသာက္ျခင္းျပဳလုပ္နိုင္ျပီး ေအာက္ပါ သဘာ၀နည္းမ်ားကိုလဲ အသံုးျပဳနိုင္ပါတယ္။

(၁)ေရဓာတ္ျပည့္၀ပါေစ

ေလ့က်င့္ခန္းအျပင္းအထန္လုပ္ျပီး သို့မဟုတ္ ေနပူထဲတြင္အားကစားေလ့က်င့္ျပီးေနာက္ ေခြ်းထြက္လြန္ျခင္းေျကာင့္ ေရဓာတ္ဆံုးရွံဳးရာမွ

ကယ္ဆီယမ္ ပိုတက္ဆီယမ္နဲ့ မက္ဂနီဆီယမ္မ်ားလဲ ကိုယ္ထဲမွ ဆံုးရွံဳးသြားပါတယ္။ထိုသို့ လိုအပ္ေသာ ဓာတ္မ်ား မမ်ွတရာမွ ျကြက္တက္ျခင္းျဖစ္ေပၚေစပါတယ္။

ဒါေျကာင့္ အားကစားမျပဳလုပ္ခင္ေကာ လုပ္ေနစဥ္နဲ့လုပ္ျပီးအခ်ိန္မ်ားတြင္ပါ ေရကို ေသာက္သံုးသင့္ပါတယ္။ဆားဓာတ္ပါျပီးသား အားကစားအခ်ိဴရည္မ်ားလဲ ေသာက္သံုးနိုင္ပါတယ္။

(၂)ေျခဆန့္ေလ့က်င့္ခန္း

ျကြက္သားမ်ား ေျပေလ်ာ့ေစဖို့ အေညာင္းဆန့္ေလ့က်င့္ခန္းပံုမွန္ျပဳလုပ္ေပးသင့္တယ္ေနာ္။အထူးသျဖင့္

အားကစားမျပဳလုပ္မီနဲ့ျပဳလုပ္ျပီးေနာက္ ေသြးလွည့္ပတ္မွုေကာင္းေစဖို့ အေျကာေလ်ွာ့ေလ့က်င့္ခန္းျပဳလုပ္ေပးပါ။

သင္ဟာ ညတေရးနိုးမွာ ျကြက္တက္ျပီးနိုးထလာတယ္ဆိုပါက ျဖစ္ပြားေသာေနရာကို လက္သီးဆုပ္ျဖင့္ အေပၚေအာက္ဖိနွိပ္ေပးျခင္းနဲ့အတူ

အေျကာဆန့္ေလ့က်င့္ခန္းျပဳလုပ္ေပးျခင္းျဖင့္ သက္သာေစပါတယ္။

အေမရိကန္နိုင္ငံ နယးူေယာက္မွ ပညာရွင္မ်ား သတ္မွတ္ထားေသာ အေျကာဆန့္ေလ့က်င့္ခန္းမွာ နံရံကေန လက္တစ္ဆန့္စာ ခြာရပ္ပါ။

ထို့ေနာက္ နံရံကုိ လက္ျဖင့္တြန္းျပီး ဒူး၂ဖက္ကိုခ်ိတ္ထားပါ။သင့္ေျခသလံုးျကြက္သားမ်ားတြင္ အားထည့္ထားပါ။ထိုအေနအထားကို၁၀စကန့္ထားျပီး ၃ျကိမ္ျပဳလုပ္ပါ။ ျကြက္တက္ျခင္းကိုသက္သာေစပါလိမ့္မည္။

ေနာက္တစ္နည္းအေနနဲ့ ေျခဖ၀ါးေအာက္တြင္ တင္းနစ္ေဘာလံုးကိုထားျပီး လွိမ့္ေပးပါ။

(၃)အပူ အေအး နည္း

အပူနဲ့အေအးကို တစ္လွည့္စီ မိနစ္၂၀ခန့္ကပ္ေပးရပါမယ္။ေရခဲကနာက်င္မွုဒဏ္ရာမ်ားကို သက္သာေစျပီး ျကြက္သားမ်ားေျပေလ်ာ့ေစပါတယ္။ေရေႏြးကျကြက္သားတင္းမာမွုမ်ားကိုေလ်ွာ့ခ်ေပးပါတယ္။

(၄)ပိုတက္ဆီယမ္ပါေသာအစာမ်ားစားပါ

ျကြက္သားေတြ အေကြးအဆန့္လုပ္ဖို့နဲ့ အာရံုေျကာမ်ားအလုပ္လုပ္ဖို့ ပိုတက္စီယမ္ကိုလိုအပ္ပါတယ္။

ငွက္ေပ်ာသီး၊ကီ၀ီသီး၊ဂရိတ္ဖုသီး၊သေဘၤာသီး၊အာလူး၊ခရမ္းခ်ဥ္သီး၊ပဲ၊ငါးနဲ့ နို့ထြက္ပစည္းမ်ားျဖစ္ေသာ ခ်ိစ္ ၊ဒိန္ခ်ဥ္တို့ကိုစားေပးဖို့လိုပါတယ္။

(၅)မက္ဂနီဆီယမ္ပါေသာအစာမ်ားကိုစားပါ

ကိုယ္၀န္ေဆာင္ခ်ိန္ ျကြက္တက္ေသာမိခင္မ်ားအနက္ ၃၀ရာနွဳန္းခန့္သည္ မက္ဂနီဆီယမ္ခ်ိဴ့တဲ့ေသာေျကာင့္ျဖစ္ပါတယ္။ဂ်ံဴ၊အစိမ္းေရာင္အရြက္မ်ား၊ပဲမ်ားကို စားသံုးနိုင္ျပီး မက္ဂနီဆီယမ္ အားေဆးျပားမ်ားမွီ၀ဲပါ။

(၆)ကယ္ဆီယမ္ပါေသာအစာမ်ားစားပါ

နွမ္း၊အစိမ္းေရာင္အရြက္မ်ားနွင့္ သစ္အယ္သီး၊တို့ဟူး၊ခ်ိစ္၊ဒိန္ခ်ဥ္နဲ့ႏြားနို့မ်ား စားေပးနိုင္တယ္ေနာ္။ျကြက္သားမ်ားသန္မာဖို့နဲ့ေျပေလ်ာ့ဖို့ ကယ္ဆီယမ္က အေရးျကီးပါတယ္။အရိုးမ်ားကိုလဲ သန္မာေစပါတယ္။

Writer – Dr Jue ( Daily Hot News )

Unicode >>>

ကြွက်တက်ခြင်းဆိုတာ ကိုယ်ခန္ဓာထဲရှိ ဆားဓာတ်များနဲ့ သတ္တုဓာတ်များ မျှတမှုမရှိခြင်းကို ပြသနေခြင်းဖြစ်ပါတယ်

။ကြွက်သားများရုတ်တရက် အပြင်းအထန်နာကျင်တင်းမာလာပြီး ပြန်လည်ပြေလျော့မှသာ နာကျင်မှုသက်သာပါတယ်။ဖြစ်ပွားစေသောအကြောင်းရင်းပေါ်မူတည်ပြီး

အားဆေးများမှီဝဲခြင်း ဆေးသောက်ခြင်းပြုလုပ်နိုင်ပြီး အောက်ပါ သဘာဝနည်းများကိုလဲ အသုံးပြုနိုင်ပါတယ်။

(၁)ရေဓာတ်ပြည့်ဝပါစေ

လေ့ကျင့်ခန်းအပြင်းအထန်လုပ်ပြီး သို့မဟုတ် နေပူထဲတွင်အားကစားလေ့ကျင့်ပြီးနောက် ချွေးထွက်လွန်ခြင်းကြောင့် ရေဓာတ်ဆုံးရှုံးရာမှ

ကယ်ဆီယမ် ပိုတက်ဆီယမ်နဲ့ မက်ဂနီဆီယမ်များလဲ ကိုယ်ထဲမှ ဆုံးရှုံးသွားပါတယ်။ထိုသို့ လိုအပ်သော ဓာတ်များ မမျှတရာမှ ကြွက်တက်ခြင်းဖြစ်ပေါ်စေပါတယ်။

ဒါကြောင့် အားကစားမပြုလုပ်ခင်ကော လုပ်နေစဉ်နဲ့လုပ်ပြီးအချိန်များတွင်ပါ ရေကို သောက်သုံးသင့်ပါတယ်။ဆားဓာတ်ပါပြီးသား အားကစားအချိူရည်များလဲ သောက်သုံးနိုင်ပါတယ်။

(၂)ခြေဆန့်လေ့ကျင့်ခန်း

ကြွက်သားများ ပြေလျော့စေဖို့ အညောင်းဆန့်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးသင့်တယ်နော်။အထူးသဖြင့်

အားကစားမပြုလုပ်မီနဲ့ပြုလုပ်ပြီးနောက် သွေးလှည့်ပတ်မှုကောင်းစေဖို့ အကြောလျှော့လေ့ကျင့်ခန်းပြုလုပ်ပေးပါ။

သင်ဟာ ညတရေးနိုးမှာ ကြွက်တက်ပြီးနိုးထလာတယ်ဆိုပါက ဖြစ်ပွားသောနေရာကို လက်သီးဆုပ်ဖြင့် အပေါ်အောက်ဖိနှိပ်ပေးခြင်းနဲ့အတူ

အကြောဆန့်လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဖြင့် သက်သာစေပါတယ်။

အမေရိကန်နိုင်ငံ နယးူယောက်မှ ပညာရှင်များ သတ်မှတ်ထားသော အကြောဆန့်လေ့ကျင့်ခန်းမှာ နံရံကနေ လက်တစ်ဆန့်စာ ခွာရပ်ပါ။

ထို့နောက် နံရံကို လက်ဖြင့်တွန်းပြီး ဒူး၂ဖက်ကိုချိတ်ထားပါ။သင့်ခြေသလုံးကြွက်သားများတွင် အားထည့်ထားပါ။ထိုအနေအထားကို၁၀စကန့်ထားပြီး ၃ကြိမ်ပြုလုပ်ပါ။ ကြွက်တက်ခြင်းကိုသက်သာစေပါလိမ့်မည်။

နောက်တစ်နည်းအနေနဲ့ ခြေဖဝါးအောက်တွင် တင်းနစ်ဘောလုံးကိုထားပြီး လှိမ့်ပေးပါ။

(၃)အပူ အအေး နည်း

အပူနဲ့အအေးကို တစ်လှည့်စီ မိနစ်၂၀ခန့်ကပ်ပေးရပါမယ်။ရေခဲကနာကျင်မှုဒဏ်ရာများကို သက်သာစေပြီး ကြွက်သားများပြေလျော့စေပါတယ်။ရေနွေးကကြွက်သားတင်းမာမှုများကိုလျှော့ချပေးပါတယ်။

(၄)ပိုတက်ဆီယမ်ပါသောအစာများစားပါ

ကြွက်သားတွေ အကွေးအဆန့်လုပ်ဖို့နဲ့ အာရုံကြောများအလုပ်လုပ်ဖို့ ပိုတက်စီယမ်ကိုလိုအပ်ပါတယ်။

ငှက်ပျောသီး၊ကီဝီသီး၊ဂရိတ်ဖုသီး၊သင်္ဘောသီး၊အာလူး၊ခရမ်းချဉ်သီး၊ပဲ၊ငါးနဲ့ နို့ထွက်ပစည်းများဖြစ်သော ချိစ် ၊ဒိန်ချဉ်တို့ကိုစားပေးဖို့လိုပါတယ်။

(၅)မက်ဂနီဆီယမ်ပါသောအစာများကိုစားပါ

ကိုယ်ဝန်ဆောင်ချိန် ကြွက်တက်သောမိခင်များအနက် ၃၀ရာနှုန်းခန့်သည် မက်ဂနီဆီယမ်ချိူ့တဲ့သောကြောင့်ဖြစ်ပါတယ်။ဂျူံ၊အစိမ်းရောင်အရွက်များ၊ပဲများကို စားသုံးနိုင်ပြီး မက်ဂနီဆီယမ် အားဆေးပြားများမှီဝဲပါ။

(၆)ကယ်ဆီယမ်ပါသောအစာများစားပါ

နှမ်း၊အစိမ်းရောင်အရွက်များနှင့် သစ်အယ်သီး၊တို့ဟူး၊ချိစ်၊ဒိန်ချဉ်နဲ့နွားနို့များ စားပေးနိုင်တယ်နော်။ကြွက်သားများသန်မာဖို့နဲ့ပြေလျော့ဖို့ ကယ်ဆီယမ်က အရေးကြီးပါတယ်။အရိုးများကိုလဲ သန်မာစေပါတယ်။

Writer – Dr Jue ( Daily Hot News )