ညီအစ္အကို ႏွစ္ေယာက္ရဲဲ႕ ျခားနားခ်က္

ညီအစ္အကို ႏွစ္ေယာက္ရဲဲ႕ ျခားနားခ်က္

တစ္ခါက ၿမိဳ႕တစ္ၿမိဳ႕တြင္ အင္မတန္ ဆုိးသြမ္းေသာ ဒုစရိုက္ လူဆုိးတစ္ေယာက္ကုိ ရဲတပ္ဖြဲ႕မွ ဖမ္းဆီးရမိလိုက္ေလ၏။ အမႈတြဲမွတ္တမ္းတင္ ရဲအရာရွိက မည္သည့္အတြက္ေၾကာင့္ ခုလုိ လူဆုိးျဖစ္ေနရသနည္း ဟု ေမးျမန္းၾကည့္ေလ၏။

ေမး- “ ခင္ဗ်ား ဘာေၾကာင့္ ဒီလုိ လူဆုိး ဘ၀ေရာက္ ေနရတာ လဲဆုိတာ လူငယ္ေတြ သိၿပီး ေရွာင္ႏိုင္ေအာင္လုိ႕ ေျပာေပးပါလားဗ်ာ”

ေျဖ – “ ကၽြန္ေတာ္ လူဆုိး ျဖစ္ရျခင္းရဲ႕ အဓိက တရားခံက ကၽြန္ေတာ့္အေမရဲ႕ ေနာက္ေယာက်္ား (ပေထြး) ေၾကာင့္ ေပါ့ဗ်ာ။ ပေထြးက သူလုပ္ေကၽြးရတာဆုိၿပီး ကၽြန္ေတာ္တုိ႕ကုိ ႏွိပ္စက္တယ္ ၊ ကၽြန္ေတာ္လည္း စိတ္ညစ္တဲ့ အတြက္ အေမနဲ႕ ပေထြးကုိ အရြဲ႕တိုက္ၿပီး အရက္ ေသာက္တယ္ ၊ ဖဲရိုက္တယ္ ၊ ည ညေတြ အိမ္ မွာ ျပန္မအိပ္ဘဲ လမ္းေပၚမွာပဲ အခ်ိန္ကုန္ ခဲ့တယ္။ အဲဒီမွာတင္ ကေလကေျခေတြနဲ႕ ေပါင္းမိၿပီး ေဆးေျခာက္ေတြ သုံးစြဲ ခဲ့ၾကတယ္။ ခုိး၊ လု ၊ ခါးပိုက္ႏွိဳက္ ဒုစရိုက္မ်ိဳးစုံကုိ က်ဴးလြန္မိေတာ့ တာပဲဗ်ာ”

ေမး – “ ခင္ဗ်ား မွာ အစ္ကုိ တစ္ေယာက္ ရွိတယ္လုိ႕ သိရတယ္။ သူကေရာ ဒုစရိုက္သမားပဲလား “

ေျဖ – “ မဟုတ္ပါဘူး ၊ သူက အျခားၿမိဳ႕မွာ တကၠသုိလ္ ပါေမာကၡ လုပ္ေနပါတယ္။”မွတ္တမ္းတင္ အရာရွိလည္း စိတ္၀င္စားသြားၿပီး တကၠသိုလ္ ရွိရာသုိ႕ လိုက္သြားကာ ပါေမာကၡကုိ အခုလုိ သြားေရာက္ေတြ႕ဆုံၿပီး ေမးျမန္း ခဲ့ပါသည္။

ေမး – “ ဆရာခင္ဗ်ာ – အခုလုိ ပါေမာကၡ ျဖစ္သာေအာင္ ဘယ္လုိၾကိဳးစား ရုန္းကန္ခဲ့ရတယ္ ဆုိတာကုိ လူငယ္ေတြ စံနမူနာ ယူႏိုင္ၾကေစဖုိ႕ ေျပာျပေပးေစခ်င္ပါတယ္ “

ေျဖ – “ ကၽြန္ေတာ္ ခုလို ပါေမာကၡျဖစ္ရတာ ပေထြးေၾကာင့္ ပါပဲ ခင္ဗ်ာ “

ေမး – “ ေပေထြးက ဘယ္လုိ အားေပးကူညီခဲ့လုိ႕လဲ “

ေျဖ – “ အားေပးကူညီတာ မဟုတ္ဘူးဗ် ၊ ႏွိပ္စက္တာ ၊ စိတ္ညစ္ေအာင္လုပ္တာ။ ကၽြန္ေတာ္ကလည္း အဲဒီလုိ လုပ္ေလ စာၾကည့္တိုက္သြားၿပီး စာဖတ္ေလပဲ။ တစ္ခါတေလ အိမ္မျပန္ေတာ့ဘဲ စာၾကည့္တိုက္မႈးကုိ ေျပာၿပီး စာၾကည့္တိုက္မွာအိပ္တယ္။ စာၾကည့္တိုက္မွဴးကလည္း ကၽြန္ေတာ္ နဲ႕ သင့္မယ့္ စာအုပ္ေတြကုိ ေရြးၿပီး ဖတ္ေစတယ္။ စာအုပ္ေတြထဲက ေန ေလာကဓံကုိ ဘယ္လုိရင္ဆိုင္ရမယ္။ ကိုယ့္ဘ၀ကုိ ဘယ္လုိ ရပ္တည္ရမယ္ဆုိတာ သိလာၿပီးၾကိဳးစားလိုက္တာ ခုလုိတကၠသုိလ္ ပါေမာကၡ ျဖစ္လာတာပါပဲ ခင္ဗ်ာ “

သင္ခန္းစာ – ပေထြးဆုိး နဲ႕ ေတြ႕တာျခင္း ေလာကဓံကုိ ခံရတာျခင္းတူေသာ္လည္း စိတ္ညစ္လုိ႕ အရက္ေသာက္ၿပီး အခ်ိန္ျဖဳန္းတဲ့ သူနဲ႕ စာဖတ္ၿပီး အခ်ိန္ကုိ ေကာင္းစြာ အသုံးခ်တဲ့သူ ဘယ္ေလာက္ကြာျခားလဲ ဆုိတာထင္ဟပ္ၿပီး ၊ စာဖတ္ျခင္းဟာ ဘ၀ အတြက္ ဘယ္ေလာက္ အေရးပါလဲ ဆုိတာ သိသာထင္ရွားလွပါတယ္။

Credit..thutazone.net

ညီအစ်အကို နှစ်ယောက်ရဲဲ့ ခြားနားချက်

တစ်ခါက မြို့တစ်မြို့တွင် အင်မတန် ဆိုးသွမ်းသော ဒုစရိုက် လူဆိုးတစ်ယောက်ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိလိုက်လေ၏။ အမှုတွဲမှတ်တမ်းတင် ရဲအရာရှိက မည်သည့်အတွက်ကြောင့် ခုလို လူဆိုးဖြစ်နေရသနည်း ဟု မေးမြန်းကြည့်လေ၏။

မေး- “ ခင်ဗျား ဘာကြောင့် ဒီလို လူဆိုး ဘဝရောက် နေရတာ လဲဆိုတာ လူငယ်တွေ သိပြီး ရှောင်နိုင်အောင်လို့ ပြောပေးပါလားဗျာ”

ဖြေ – “ ကျွန်တော် လူဆိုး ဖြစ်ရခြင်းရဲ့ အဓိက တရားခံက ကျွန်တော့်အမေရဲ့ နောက်ယောကျ်ား (ပထွေး) ကြောင့် ပေါ့ဗျာ။ ပထွေးက သူလုပ်ကျွေးရတာဆိုပြီး ကျွန်တော်တို့ကို နှိပ်စက်တယ် ၊ ကျွန်တော်လည်း စိတ်ညစ်တဲ့ အတွက် အမေနဲ့ ပထွေးကို အရွဲ့တိုက်ပြီး အရက် သောက်တယ် ၊ ဖဲရိုက်တယ် ၊ ည ညတွေ အိမ် မှာ ပြန်မအိပ်ဘဲ လမ်းပေါ်မှာပဲ အချိန်ကုန် ခဲ့တယ်။ အဲဒီမှာတင် ကလေကခြေတွေနဲ့ ပေါင်းမိပြီး ဆေးခြောက်တွေ သုံးစွဲ ခဲ့ကြတယ်။ ခိုး၊ လု ၊ ခါးပိုက်နှိုက် ဒုစရိုက်မျိုးစုံကို ကျူးလွန်မိတော့ တာပဲဗျာ”

မေး – “ ခင်ဗျား မှာ အစ်ကို တစ်ယောက် ရှိတယ်လို့ သိရတယ်။ သူကရော ဒုစရိုက်သမားပဲလား “

ဖြေ – “ မဟုတ်ပါဘူး ၊ သူက အခြားမြို့မှာ တက္ကသိုလ် ပါမောက္ခ လုပ်နေပါတယ်။”မှတ်တမ်းတင် အရာရှိလည်း စိတ်ဝင်စားသွားပြီး တက္ကသိုလ် ရှိရာသို့ လိုက်သွားကာ ပါမောက္ခကို အခုလို သွားရောက်တွေ့ဆုံပြီး မေးမြန်း ခဲ့ပါသည်။

မေး – “ ဆရာခင်ဗျာ – အခုလို ပါမောက္ခ ဖြစ်သာအောင် ဘယ်လိုကြိုးစား ရုန်းကန်ခဲ့ရတယ် ဆိုတာကို လူငယ်တွေ စံနမူနာ ယူနိုင်ကြစေဖို့ ပြောပြပေးစေချင်ပါတယ် “

ဖြေ – “ ကျွန်တော် ခုလို ပါမောက္ခဖြစ်ရတာ ပထွေးကြောင့် ပါပဲ ခင်ဗျာ “

မေး – “ ပေထွေးက ဘယ်လို အားပေးကူညီခဲ့လို့လဲ “

ဖြေ – “ အားပေးကူညီတာ မဟုတ်ဘူးဗျ ၊ နှိပ်စက်တာ ၊ စိတ်ညစ်အောင်လုပ်တာ။ ကျွန်တော်ကလည်း အဲဒီလို လုပ်လေ စာကြည့်တိုက်သွားပြီး စာဖတ်လေပဲ။ တစ်ခါတလေ အိမ်မပြန်တော့ဘဲ စာကြည့်တိုက်မှုးကို ပြောပြီး စာကြည့်တိုက်မှာအိပ်တယ်။ စာကြည့်တိုက်မှူးကလည်း ကျွန်တော် နဲ့ သင့်မယ့် စာအုပ်တွေကို ရွေးပြီး ဖတ်စေတယ်။ စာအုပ်တွေထဲက နေ လောကဓံကို ဘယ်လိုရင်ဆိုင်ရမယ်။ ကိုယ့်ဘဝကို ဘယ်လို ရပ်တည်ရမယ်ဆိုတာ သိလာပြီးကြိုးစားလိုက်တာ ခုလိုတက္ကသိုလ် ပါမောက္ခ ဖြစ်လာတာပါပဲ ခင်ဗျာ “

သင်ခန်းစာ – ပထွေးဆိုး နဲ့ တွေ့တာခြင်း လောကဓံကို ခံရတာခြင်းတူသော်လည်း စိတ်ညစ်လို့ အရက်သောက်ပြီး အချိန်ဖြုန်းတဲ့ သူနဲ့ စာဖတ်ပြီး အချိန်ကို ကောင်းစွာ အသုံးချတဲ့သူ ဘယ်လောက်ကွာခြားလဲ ဆိုတာထင်ဟပ်ပြီး ၊ စာဖတ်ခြင်းဟာ ဘဝ အတွက် ဘယ်လောက် အရေးပါလဲ ဆိုတာ သိသာထင်ရှားလှပါတယ်။

Credit..thutazone.net