လူပ်ိဳၾကီးကိုၾကာရိုး၏ ရိုးအပံု

လူပ်ိဳၾကီးကိုၾကာရိုး၏ ရိုးအပံု

တစ္ခါက ရြာတစ္ရြာမွာ လူပ်ိဳႀကီးကိုၾကာရိုးဆိုတာရွိပါသည္ ။ ထိုရြာမွာပဲ အရမ္းကိုရွက္တတ္ျပီး အမူလြန္သည္႔ အပ်ိဳႀကီးမစံပယ္ဆိုတာလည္းရွိသည္။လူပ်ိဳၾကီးကိုၾကာရိုးက မစံပယ္ကို သေဘာက်ေန၏ ။ သို႔ေသာ္လည္း ဖြင္႔လည္းမေျပာရဲေပ ။

မည္သို႔မည္ပံု ပိုးပန္းရမွန္းမွန္းလည္း မသိဘူးျဖစ္ေနသည္ ။ သည္လိုႏွင္႔ ရြာကသူႀကီးသား ဖိုးခ်စ္တစ္ေယာက္ ၿမိဳ႔ေက်ာင္းပိတ္ရက္ ရြာျပန္လာခ်ိန္တြင္ လူပ်ိဳၾကီး ကိုၾကာရိုးႀကီး၏ ခံစားခ်က္မ်ားကို သိၿပီးေနာက္ လူပ်ိဳၾကီးႏွင္႔မစံပယ္အဆင္ေျပေအာင္ ကူညီေပးလိုက္ရာ လူပ်ိဳၾကီးကိုၾကာရိုးႏွင္႔ မစံပယ္တို႔ႏွစ္ေယာက္ ခ်စ္သူေတြ ျဖစ္သြားၾကပါေတာ႔သည္ ။ ဖိုးခ်စ္လည္း ေက်ာင္းေတြျပန္ဖြင္႔၍ ျမိဳ႔သို႔ျပန္သြားပါေတာ႔သည္ ။

ဖုိးခ်စ္ျပန္သြားတဲ႔ေန႔မွာပဲ လူပ်ိဳၾကီးကိုၾကာရိုးႏွင္႔မစံပယ္ အျပင္မွာ ပထမဆံုးအႀကိမ္ ခ်ိန္းေတြ႔ျဖစ္ၾကေလသည္ ။ ခ်စ္စကားေတြသီကံုးေနစဥ္မွာပဲ အပ်ိဳႀကီးမစံပယ္တစ္ေယာက္ ရုတ္တရက္မည္သို႔မွမေအာင္႔ႏိုင္စြာ ေလလည္လိုက္မိ၏ ။

ထိုသို႔ေလလည္မိသြားသည္ႏွင္႔ အပ်ိဳႀကီးမစံပယ္ တစ္ေယာက္ ရွက္လြန္းလြန္း၍ တခ်ိဳးတည္းလစ္ေျပးသြားပါေတာ႔သည္ ။ ေနာက္ေန႔ေတြလည္း လူပ်ိဳႀကီး ကိုၾကာရိုးကို လံုး၀အေတြ႔မခံေတာ႔ပါဘူး ။ သည္မွာပဲ လူပ်ိဳၾကီးကိုၾကာရိုးတစ္ေယာက္ အသည္းေတြ ဟတ္တည္႔ကြဲေလေတာ႔သည္ ။

သူ႔ဆရာဖိုးခ်စ္ကလည္းမရွိေတာ႔ မည္သို႔လုပ္ရမွန္းမသိသည္ႏွင္႔ ေနာက္ဆံုး မေရးတတ္ေရးတတ္ျဖင္႕ အပ်ိဳႀကီးဆီသို႕ု ေခ်ာ႔စာေလးတစ္ေစာင္ေရးလိုက္ေလသည္ ။ ထိုစာကိုဖတ္ျပီးေနာက္ အပ်ိဳၾကီးမစံပယ္အေျခအေနမွာ ပိုဆိုးသြားပါေတာ႔သည္ ။ လူပ်ိဳႀကီးကိုၾကာရိုးကို လမ္းေတြ႔ရင္ေတာင္ မစံပယ္တစ္ေယာက္ အတင္းထြက္ေျပးပါေတာ႔သည္ ။

လူပ်ိဳႀကီးကိုၾကာရိုး မစံပယ္ထံသို႔ ေရးလိုက္သည္႔စာမွာ

မစံပယ္

မစံပယ္ကို က်ဳပ္ အရမ္လြမ္းေနပါတယ္ ။ ဟိုတစ္ေန႔က မစံပယ္ေလလည္လိုက္တာကို ကိုၾကာရိုး တကယ္ႀကီးကို မသိလိုက္ပါဘူးကြာ ။ ကိုၾကာရိုးကိုျမင္ရင္ ထြက္မေျပးပါနဲ႔ေတာ႔ေနာ္ ။

မစံပယ္ကိုခ်စ္တဲ႔

က်ဳပ္

ၾကာရိုး

ခိုင္ေလး ( ေရႊေတာင္ )

===========

လူပျိုကြီးကိုကြာရိုး၏ ရိုးအပုံ

တစ်ခါက ရွာတစ်ရွာမှာ လူပျိုကြီးကိုကြာရိုးဆိုတာရှိပါသည် ။ ထိုရွာမှာပဲ အရမ်းကိုရှက်တတ်ပြီး အမူလွန်သည့် အပျိုကြီးမစံပယ်ဆိုတာလည်းရှိသည်။လူပျိုကြီးကိုကြာရိုးက မစံပယ်ကို သဘောကျနေ၏ ။ သို့သော်လည်း ဖွင့်လည်းမပြောရဲပေ ။

မည်သို့မည်ပုံ ပိုးပန်းရမှန်းမှန်းလည်း မသိဘူးဖြစ်နေသည် ။ သည်လိုနှင့် ရွာကသူကြီးသား ဖိုးချစ်တစ်ယောက် မြို့ကျောင်းပိတ်ရက် ရွာပြန်လာချိန်တွင် လူပျိုကြီး ကိုကြာရိုးကြီး၏ ခံစားချက်များကို သိပြီးနောက် လူပျိုကြီးနှင့်မစံပယ်အဆင်ပြေအောင် ကူညီပေးလိုက်ရာ လူပျိုကြီးကိုကြာရိုးနှင့် မစံပယ်တို့နှစ်ယောက် ချစ်သူတွေ ဖြစ်သွားကြပါတော့သည် ။ ဖိုးချစ်လည်း ကျောင်းတွေပြန်ဖွင့်၍ မြို့သို့ပြန်သွားပါတော့သည် ။

ဖိုးချစ်ပြန်သွားတဲ့နေ့မှာပဲ လူပျိုကြီးကိုကြာရိုးနှင့်မစံပယ် အပြင်မှာ ပထမဆုံးအကြိမ် ချိန်းတွေ့ဖြစ်ကြလေသည် ။ ချစ်စကားတွေသီကုံးနေစဉ်မှာပဲ အပျိုကြီးမစံပယ်တစ်ယောက် ရုတ်တရက်မည်သို့မှမအောင့်နိုင်စွာ လေလည်လိုက်မိ၏ ။

ထိုသို့လေလည်မိသွားသည်နှင့် အပျိုကြီးမစံပယ် တစ်ယောက် ရှက်လွန်းလွန်း၍ တချိုးတည်းလစ်ပြေးသွားပါတော့သည် ။ နောက်နေ့တွေလည်း လူပျိုကြီး ကိုကြာရိုးကို လုံးဝအတွေ့မခံတော့ပါဘူး ။ သည်မှာပဲ လူပျိုကြီးကိုကြာရိုးတစ်ယောက် အသည်းတွေ ဟတ်တည့်ကွဲလေတော့သည် ။

သူ့ဆရာဖိုးချစ်ကလည်းမရှိတော့ မည်သို့လုပ်ရမှန်းမသိသည်နှင့် နောက်ဆုံး မရေးတတ်ရေးတတ်ဖြင့် အပျိုကြီးဆီသို့ု ချော့စာလေးတစ်စောင်ရေးလိုက်လေသည် ။ ထိုစာကိုဖတ်ပြီးနောက် အပျိုကြီးမစံပယ်အခြေအနေမှာ ပိုဆိုးသွားပါတော့သည် ။ လူပျိုကြီးကိုကြာရိုးကို လမ်းတွေ့ရင်တောင် မစံပယ်တစ်ယောက် အတင်းထွက်ပြေးပါတော့သည် ။

လူပျိုကြီးကိုကြာရိုး မစံပယ်ထံသို့ ရေးလိုက်သည့်စာမှာ

မစံပယ်

မစံပယ်ကို ကျုပ် အရမ်လွမ်းနေပါတယ် ။ ဟိုတစ်နေ့က မစံပယ်လေလည်လိုက်တာကို ကိုကြာရိုး တကယ်ကြီးကို မသိလိုက်ပါဘူးကွာ ။ ကိုကြာရိုးကိုမြင်ရင် ထွက်မပြေးပါနဲ့တော့နော် ။

မစံပယ်ကိုချစ်တဲ့

ကျုပ်

ကြာရိုး

ခိုင်လေး ( ရွှေတောင် )