Advertisement

မက်န္းမာေပမယ့္ သမီးေလးေက်ာင္းစရိတ္အတြက္ ဇာတ္ကား႐ိုက္ေနရေသးတယ္ ဆိုတဲ့ ကစ္ကစ္

မက်န္းမာေပမယ့္ သမီးေလးေက်ာင္းစရိတ္အတြက္ ဇာတ္ကား႐ိုက္ေနရေသးတယ္ ဆိုတဲ့ ကစ္ကစ္ 2

မက်န္းမာေပမယ့္ သမီးေလးေက်ာင္းစရိတ္အတြက္ ဇာတ္ကား႐ိုက္ေနရေသးတယ္ ဆိုတဲ့ ကစ္ကစ္

ပရိတ္သတ္ေတြ ခ်စ္ၾကတဲ့ ဟာသသရုပ္ေဆာင္ ကစ္ကစ္ တစ္ေယာက္ ေျခေထာက္မေကာင္းေပမယ့္ သမီးေလး ေက်ာင္းစရိတ္အတြက္ ဇာတ္ကားေတြ ရိုက္ေနရတယ္လို႔ ေျပာလာပါတယ္။

ဝါရင့္သရုပ္ေဆာင္ျဖစ္တဲ့ ကစ္ကစ္ က်န္းမာေရး ခ်ိဳ႕တဲ့ေနတာ ျဖစ္ပါတယ္။ ဆီးခ်ိဳ၊၊ ေသြးခ်ိဳေရာဂါကို အန္တုၿပီး သမီးေလးနဲ႔ ဘဝကို ခက္ခက္ခဲခဲ ျဖတ္သန္းေနရတာပါ။

ယခင္က ဆီးခ်ိဳ၊ ေသြးခ်ိဳေၾကာင့္ ေဆးရံုတက္ခဲ့ၿပီး သီလရွင္ဘဝကိုလည္း ခံယူခဲ့ေသးသည္။ ပရိတ္သတ္က ကစ္ကစ္ရဲ့ ဆင္းရဲလွတဲ့ ဘဝကို ကရုဏာသက္ေနၾကပါတယ္။ ၿပီးခဲ့တဲ့ ရက္မ်ားကလည္း ရႈတင္တစ္ခုမွာ အေနအထိုင္ အဆင္မေျပရာကစၿပီး အဆုတ္နဲ႔ ႏွလံုးထဲ ေရဝင္လို႔ ေဆးရံုတက္ခဲ့ရပါတယ္။

ယေန႔ (ေအာက္တိုဘာလ ၂ဝ ရက္) မွာ Sunday Journal ရဲ့ အင္တာဗ်ဴးမွာေတာ့ ကစ္ကစ္က သူမရဲ့ ဘဝအေျခအေနကို ေျပာျပလာပါတယ္။

ေျခေထာက္က ေသြးေၾကာေတြပိတ္ၿပီး၊ လမ္းမေလွ်ာက္ႏိုင္တာေၾကာင့္ ဒါရိုက္တာေတြကလည္း ညွာၿပီးေတာ့ ရိုက္ေပးၾကတယ္ လို႔ ဆိုပါတယ္။

“ခေလးကလည္း ၁ဝ တန္းျဖစ္ေနေတာ့ ခေလးေက်ာင္းစရိတ္ခေလးလည္း ရေအာင္၊ ကိုယ့္အတြက္ ေဆးဖိုးဝါးခေလးလည္းရေအာင္ စားဝတ္ေနေရးအတြက္ ေျပလည္ေအာင္ သူတို႔က နားလည္မႈေလးေတြနဲ႔ မ်ားေသာအားျဖင့္ အတတ္ႏိုင္ဆံုး ႀကိဳးစားၿပီးေတာ့ ရုိက္ေပးၾကပါတယ္” လို႔ ကစ္ကစ္က ေျပာျပခဲ့ပါတယ္။

သူမကို အားေပးၾကတဲ့ သူအားလံုး၊ ေဖ့စ္ဘြက္က ေကာမန္႔ေပးသူေတြကိုေရာ ေက်းဇူးတင္ေၾကာင္းလည္း ကစ္ကစ္က ေျပာသည္။

Photos©Kit Kit

KIT KIT

SHARE THIS

==========

မကျန်းမာပေမယ့် သမီးလေးကျောင်းစရိတ်အတွက် ဇာတ်ကားရိုက်နေရသေးတယ် ဆိုတဲ့ ကစ်ကစ်

ပရိတ်သတ်တွေ ချစ်ကြတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ် တစ်ယောက် ခြေထောက်မကောင်းပေမယ့် သမီးလေး ကျောင်းစရိတ်အတွက် ဇာတ်ကားတွေ ရိုက်နေရတယ်လို့ ပြောလာပါတယ်။

ဝါရင့်သရုပ်ဆောင်ဖြစ်တဲ့ ကစ်ကစ် ကျန်းမာရေး ချို့တဲ့နေတာ ဖြစ်ပါတယ်။ ဆီးချို၊၊ သွေးချိုရောဂါကို အန်တုပြီး သမီးလေးနဲ့ ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရတာပါ။

ယခင်က ဆီးချို၊ သွေးချိုကြောင့် ဆေးရုံတက်ခဲ့ပြီး သီလရှင်ဘဝကိုလည်း ခံယူခဲ့သေးသည်။ ပရိတ်သတ်က ကစ်ကစ်ရဲ့ ဆင်းရဲလှတဲ့ ဘဝကို ကရုဏာသက်နေကြပါတယ်။ ပြီးခဲ့တဲ့ ရက်များကလည်း ရှုတင်တစ်ခုမှာ အနေအထိုင် အဆင်မပြေရာကစပြီး အဆုတ်နဲ့ နှလုံးထဲ ရေဝင်လို့ ဆေးရုံတက်ခဲ့ရပါတယ်။

ယနေ့ (အောက်တိုဘာလ ၂ဝ ရက်) မှာ Sunday Journal ရဲ့ အင်တာဗျူးမှာတော့ ကစ်ကစ်က သူမရဲ့ ဘဝအခြေအနေကို ပြောပြလာပါတယ်။

ခြေထောက်က သွေးကြောတွေပိတ်ပြီး၊ လမ်းမလျှောက်နိုင်တာကြောင့် ဒါရိုက်တာတွေကလည်း ညှာပြီးတော့ ရိုက်ပေးကြတယ် လို့ ဆိုပါတယ်။

“ခလေးကလည်း ၁ဝ တန်းဖြစ်နေတော့ ခလေးကျောင်းစရိတ်ခလေးလည်း ရအောင်၊ ကိုယ့်အတွက် ဆေးဖိုးဝါးခလေးလည်းရအောင် စားဝတ်နေရေးအတွက် ပြေလည်အောင် သူတို့က နားလည်မှုလေးတွေနဲ့ များသောအားဖြင့် အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ရိုက်ပေးကြပါတယ်” လို့ ကစ်ကစ်က ပြောပြခဲ့ပါတယ်။

သူမကို အားပေးကြတဲ့ သူအားလုံး၊ ဖေ့စ်ဘွက်က ကောမန့်ပေးသူတွေကိုရော ကျေးဇူးတင်ကြောင်းလည်း ကစ်ကစ်က ပြောသည်။

Photos©Kit Kit

KIT KIT

SHARE THIS