ေမာ္စီတုံး၏ ေလးစားဘြယ္ရာစကားတခြန္း

Written By ကိုေဇာ္

ေမာ္စီတုန္း သူ႕ႏိုင္ငံကို ထိန္းသိမ္းျမွင္႕တင္ရတဲ႔အခါမွာ သူပထမဦးဆံုး ျမင္မိတာက အေလအလြင္႔….။

ဒီအေလအလြင္႔ေတြ ၾကားထဲကမွ သူေၾကာက္စရာ အေကာင္းဆံုးအေလအလြင္႔ကို သူ႔တရုတ္ ႏိုင္ငံသားေတြကုိ တင္ျပတယ္..။

အလြန္ရိုးစင္းလွ သလို အလြန္လဲ ထိေရာက္ေၾကာက္မက္ဖြယ္ရာေကာင္း တယ္..။

အဲဒီတုန္းက တရုတ္ႏိုင္ငံဟာ လူေနမႈ အဆင္႕အတန္း အရမ္းနိမ္႕က်ေနျပီး စည္းကမ္းမရွိ ၊

အသိပညာမရွိ ၊ အတတ္ပညာ ခ်ိဳတဲ႔ေနတဲ႔ အခ်ိန္.. ေမာ္စီတုန္းက ဒီလိုေျပာျပတယ္..။

“ ဟုတ္ျပီ…ကၽြန္ေတာ္တို႕ ဒီလိုစဥ္းစားရေအာင္….။ ကၽြန္ေတာ္တို႕ ထမင္းတစ္ခါစားတိုင္း ထမင္းတစ္ေစ႕ က်န္တယ္ဆိုပါစို႔…။

ထမင္းတစ္ေစ႔ဆိုတာ ဆန္တစ္ေစ႔ပဲေပါ႔..။

ကၽြန္ေတာ္တို႕အားလံုးဟာ ထမင္းတစ္ခါစားတိုင္း ထမင္းတစ္ေစ႔ က်န္တယ္ဆိုရင္ တရုတ္ျပည္မွာ လူဦးေရ ဘယ္ႏွစ္ေယာက္ရွိလဲ…ေျပာ…။

လူဦးေရ…သန္း ၂၀၀၀ ရွိတယ္ေလ..။ လူတစ္ေယာက္က ထမင္းတစ္ခါစားတိုင္း ဆန္တစ္ေစ႔ က်န္တယ္ဆိုရင္ လူ သန္း ၂၀၀၀ အတြက္ ဆန္အေစ႔ ၂၀၀၀ ေပါ႔..။

ဆန္အေစ႔ ၂၀၀၀ ကို ျပန္တြက္ၾကည္႔ပါ..။ ဆန္ဘယ္ႏွစ္ျပည္ ရမလဲလို႔..။

ဒီရလာတဲ႔ ဆန္ကို လူဘယ္ႏွစ္ေယာက္ ျပန္စားလို႔ရမလဲ…။

ဒါေပမဲ႔ တကယ္ေတာ႔ ကၽြန္ေတာ္တို႔ ထမင္းစားရင္ ထမင္းေတြ တစ္ေစ႔မကက်န္တာ မဟုတ္လား..။

ေန႔စဥ္ လူ ဘယ္ႏွစ္ေယာက္ထမင္းစားႏိုင္တဲ႔ ဆန္ေတြ ဘာလို႔ အေလအလြင္႔အျဖစ္ လႊင္႔ပစ္ေနပါသလဲ..။

ေနာက္ထပ္ ဆက္ေတြးၾကည္႔ပါ..။

ကၽြန္ေတာ္တို႕ လႊင္႔ပစ္လိုက္တဲ႔ ထမင္းေတြ ေျမၾကီးေပၚ က်တယ္ဆိုရင္ ပုရြက္ဆိတ္လာမယ္..။

ယင္ေကာင္လာမယ္..။ ယင္ေကာင္က တဆင္႔ ေလာက္ေတြေပါက္မယ္..။

ယင္ေကာင္နဲ႔ ပုရြက္ဆိတ္ ကိုစားတဲ႔ အိမ္ေျမွာင္ နဲ႔ဖားက ေပါက္ပြားလာမယ္..။

ဒါနဲ႔ အိမ္ေျမွာင္ နဲ႔ ဖားကိုစားတဲ႔ ေျမြ လို သတၱ၀ါ ေတြ ပိုေပါလာမယ္..။

ဒါဆို ေျမြကိုစားတဲ႔ ေျမြပါ လို သတၱ၀ါေတြ ထပ္ေရာက္လာမယ္..။

ေနာက္.. ေနာက္ ….. ဆက္ေတြးၾကည္႔ပါ..။ ျပီးေတာ႔ ေရာဂါပိုးေတြ ပြားလာမယ္..။

ေရာဂါေတြ ျဖစ္လာမယ္..။ ကပ္ေတြျဖစ္လာမယ္..။

ဒါေတြ အားလံုးဟာ ဘယ္ကစလဲ..။

ဘာမဟုတ္တဲ႔ ထမင္းစားရင္ ပိုတဲ႔ ထမင္းလံုးေလးတစ္လံုးက စတာ မဟုတ္ဘူးလား..။

ဒီ ထမင္းလံုးေလးကို ပါးစပ္ထဲထည္႔လိုက္တာ နဲ႔ အျပင္ကိုလႊင္႔ပစ္တာ ျပႆနာက ဒီေလာက္ ေတာင္မွ ကြာပါတယ္..။

ဒါေၾကာင္႔ ထမင္းေတြ ပိုေနမယ္ထင္ရင္ ေလ်ာ႔ခ်က္ေပါ႔….။

ႏို႔မို႔ရင္ ေနလွန္း ထား ထမင္းေျခာက္ ျပန္ေၾကာ္စားလို႔ရတယ္ေလ…။ ”

Unicode >>>

Written By ကိုဇော်

မော်စီတုန်း သူ့နိုင်ငံကို ထိန်းသိမ်းမြှင့်တင်ရတဲ့အခါမှာ သူပထမဦးဆုံး မြင်မိတာက အလေအလွင့်….။

ဒီအလေအလွင့်တွေ ကြားထဲကမှ သူကြောက်စရာ အကောင်းဆုံးအလေအလွင့်ကို သူ့တရုတ် နိုင်ငံသားတွေကို တင်ပြတယ်..။

အလွန်ရိုးစင်းလှ သလို အလွန်လဲ ထိရောက်ကြောက်မက်ဖွယ်ရာကောင်း တယ်..။

အဲဒီတုန်းက တရုတ်နိုင်ငံဟာ လူနေမှု အဆင့်အတန်း အရမ်းနိမ့်ကျနေပြီး စည်းကမ်းမရှိ ၊

အသိပညာမရှိ ၊ အတတ်ပညာ ချိုတဲ့နေတဲ့ အချိန်.. မော်စီတုန်းက ဒီလိုပြောပြတယ်..။

“ ဟုတ်ပြီ…ကျွန်တော်တို့ ဒီလိုစဉ်းစားရအောင်….။ ကျွန်တော်တို့ ထမင်းတစ်ခါစားတိုင်း ထမင်းတစ်စေ့ ကျန်တယ်ဆိုပါစို့…။

ထမင်းတစ်စေ့ဆိုတာ ဆန်တစ်စေ့ပဲပေါ့..။

ကျွန်တော်တို့အားလုံးဟာ ထမင်းတစ်ခါစားတိုင်း ထမင်းတစ်စေ့ ကျန်တယ်ဆိုရင် တရုတ်ပြည်မှာ လူဦးရေ ဘယ်နှစ်ယောက်ရှိလဲ…ပြော…။

လူဦးရေ…သန်း ၂၀၀၀ ရှိတယ်လေ..။ လူတစ်ယောက်က ထမင်းတစ်ခါစားတိုင်း ဆန်တစ်စေ့ ကျန်တယ်ဆိုရင် လူ သန်း ၂၀၀၀ အတွက် ဆန်အစေ့ ၂၀၀၀ ပေါ့..။

ဆန်အစေ့ ၂၀၀၀ ကို ပြန်တွက်ကြည့်ပါ..။ ဆန်ဘယ်နှစ်ပြည် ရမလဲလို့..။

ဒီရလာတဲ့ ဆန်ကို လူဘယ်နှစ်ယောက် ပြန်စားလို့ရမလဲ…။

ဒါပေမဲ့ တကယ်တော့ ကျွန်တော်တို့ ထမင်းစားရင် ထမင်းတွေ တစ်စေ့မကကျန်တာ မဟုတ်လား..။

နေ့စဉ် လူ ဘယ်နှစ်ယောက်ထမင်းစားနိုင်တဲ့ ဆန်တွေ ဘာလို့ အလေအလွင့်အဖြစ် လွှင့်ပစ်နေပါသလဲ..။

နောက်ထပ် ဆက်တွေးကြည့်ပါ..။

ကျွန်တော်တို့ လွှင့်ပစ်လိုက်တဲ့ ထမင်းတွေ မြေကြီးပေါ် ကျတယ်ဆိုရင် ပုရွက်ဆိတ်လာမယ်..။

ယင်ကောင်လာမယ်..။ ယင်ကောင်က တဆင့် လောက်တွေပေါက်မယ်..။

ယင်ကောင်နဲ့ ပုရွက်ဆိတ် ကိုစားတဲ့ အိမ်မြှောင် နဲ့ဖားက ပေါက်ပွားလာမယ်..။

ဒါနဲ့ အိမ်မြှောင် နဲ့ ဖားကိုစားတဲ့ မြွေ လို သတ္တဝါ တွေ ပိုပေါလာမယ်..။

ဒါဆို မြွေကိုစားတဲ့ မြွေပါ လို သတ္တဝါတွေ ထပ်ရောက်လာမယ်..။

နောက်.. နောက် ….. ဆက်တွေးကြည့်ပါ..။ ပြီးတော့ ရောဂါပိုးတွေ ပွားလာမယ်..။

ရောဂါတွေ ဖြစ်လာမယ်..။ ကပ်တွေဖြစ်လာမယ်..။

ဒါတွေ အားလုံးဟာ ဘယ်ကစလဲ..။

ဘာမဟုတ်တဲ့ ထမင်းစားရင် ပိုတဲ့ ထမင်းလုံးလေးတစ်လုံးက စတာ မဟုတ်ဘူးလား..။

ဒီ ထမင်းလုံးလေးကို ပါးစပ်ထဲထည့်လိုက်တာ နဲ့ အပြင်ကိုလွှင့်ပစ်တာ ပြဿနာက ဒီလောက် တောင်မှ ကွာပါတယ်..။

ဒါကြောင့် ထမင်းတွေ ပိုနေမယ်ထင်ရင် လျော့ချက်ပေါ့….။

နို့မို့ရင် နေလှန်း ထား ထမင်းခြောက် ပြန်ကြော်စားလို့ရတယ်လေ…။ ”