အပ်ိဳႀကီး ဘဝ ကုိပဲ ႏွစ္သက္ေသးတယ္လုိ႔ ဆုိလာျပန္တဲ႔ မေအးေသာင္း

သတင္း မီဒီယာ ေတြနဲ႔ အင္တာဗ်ဴး လုိက္တုိင္းမွာ အၿမဲလုိုလုိ အိမ္ေထာင္ ေရး ေမးခြန္း ေတြသာ အေမးခံေနရတဲ႔ မင္းသမီးေခ်ာ ေအးဝတ္ရည္ေသာင္း ေခၚ မေအးေသာင္း က အခုအခ်ိန္ထိ သူမဘာလုိ႔ အိမ္ေထာင္ မျပဳေသးလဲဆုိတာရယ္နဲ႔ အိမ္ေထာင္ေရး အေပၚ သူမရဲ႕အျမင္ေတြရယ္ကုိ အခုလုိ ေျပာဆုိသြားျဖစ္ခဲ႔ပါတယ္။


” ေမးခြန္း ေလးေတြ ေမးတိုင္း အိမ္ေထာင္ မျပဳေသးဘူးလား။ ဘယ္ေတာ့ အိမ္ေထာင္ျပဳ မွာလဲတဲ႔။ ဒီေနရာမွာမေအးေသာင္း ေျပာခ်င္တာေလး ေျပာပါရေစေလ။ ဘယ္အသက္က အမွန္တကယ္ အိမ္ေထာင္ျပဳ ကို ျပဳရမဲ့ အရြယ္ လဲလို႔ သင့္ကိုေမးရင္ သင္ကိုယ္တိုင္ ဘယ္လိုေျဖမလဲ။

၂၀လား ၂၅လား ၃၀လား။ အကုန္လံုးမွာ တူညီတဲ့ အေျဖတစ္ခုရွိၾကလား။ မေအးေသာင္း ကေတာ့ ၂၄ မွာ ေယာက်ာ္းယူမယ္လို႔ ၂၁ႏွစ္အရြယ္တုန္းက တကယ္ စဥ္းစား ခဲ့ပါတယ္။ ဒါေပမဲ့ ၂၄ ႏွစ္ကို ဘယ္လိုေက်ာ္သြားမွန္း မသိလိုက္ခဲ့ဘူး။


အဲ့ဒီ့အခ်ိန္ ၂၄ ႏွစ္ အရြယ္ တုန္းက အလုပ္ေတြပဲ အားသြန္ခြန္ဆိုက္လုပ္ေနတာ အဲ့အေၾကာင္းကို ေမ့သြားခဲ့တယ္။ သတိရေတာ့ ၃၀ နားေတာင္ကပ္ေနခဲ့ၿပီ။
ခုေတာ့ ၃၃ ေပါ့။ အဲ့ေတာ့ ဘယ္ အရြယ္ အိမ္ေထာင္ ျပဳမလဲေပါ့။ တကယ္လို႔ ၂၄ တုန္းက ငါဆံုးျဖတ္ၿပီးၿပီ။ ရရာယူမယ္ဆိုၿပီးယူရင္ အိမ္ေထာင္ ေရးမွာ မွားႏိုင္ေျခပိုမ်ားသြားႏိုင္တယ္ေလ။ ရရာဆြဲယူသလို ျဖစ္ခဲ့ရင္ေပါ့ေလ။

မေအးေသာင္း ေျပာခ်င္တာက ဘဝမွာ လူတိုင္းကိုယ္ႀကိဳေတြးထားတဲ့အတိုင္း ျဖစ္လာတဲ့ ရာခိုင္ႏႈန္း နဲ ႔ ကိုယ္မထင္ထားတာ ျဖစ္လာတဲ့ ရာခိုင္ႏႈန္း က ဘယ္ဟာပိုမ်ားလဲေပါ့။ မေအးေသာင္းအတြက္ေတာ့ ထင္မထားတာေတြပဲ ျဖစ္လာတာမ်ားလို႔ ခုနာမည္ေတာင္ မထင္မွတ္ပဲ အလယ္ႏွစ္လံုးျပဳတ္သြားၿပီ။

ခုလိုတစ္ေယာက္တည္းထိုင္ၿပီး စားခ်င္တာစား ေတြးခ်င္တာေတြး Facebook ေပၚမွာေရးခ်င္တာခ်ေရး ေနရတဲ့ အပ်ိဳရီးဘဝေလးကို ႏွစ္သက္မိေနေသးတယ္ရွင့္ ”

Credit –  Lwinpyin

Unicode >>>

သတင်း မီဒီယာ တွေနဲ့ အင်တာဗျူး လိုက်တိုင်းမှာ အမြဲလိုုလို အိမ်ထောင် ရေး မေးခွန်း တွေသာ အမေးခံနေရတဲ့ မင်းသမီးချော အေးဝတ်ရည်သောင်း ခေါ် မအေးသောင်း က အခုအချိန်ထိ သူမဘာလို့ အိမ်ထောင် မပြုသေးလဲဆိုတာရယ်နဲ့ အိမ်ထောင်ရေး အပေါ် သူမရဲ့အမြင်တွေရယ်ကို အခုလို ပြောဆိုသွားဖြစ်ခဲ့ပါတယ်။

 

” မေးခွန်း လေးတွေ မေးတိုင်း အိမ်ထောင် မပြုသေးဘူးလား။ ဘယ်တော့ အိမ်ထောင်ပြု မှာလဲတဲ့။ ဒီနေရာမှာမအေးသောင်း ပြောချင်တာလေး ပြောပါရစေလေ။ ဘယ်အသက်က အမှန်တကယ် အိမ်ထောင်ပြု ကို ပြုရမဲ့ အရွယ် လဲလို့ သင့်ကိုမေးရင် သင်ကိုယ်တိုင် ဘယ်လိုဖြေမလဲ။

၂၀လား ၂၅လား ၃၀လား။ အကုန်လုံးမှာ တူညီတဲ့ အဖြေတစ်ခုရှိကြလား။ မအေးသောင်း ကတော့ ၂၄ မှာ ယောကျာ်းယူမယ်လို့ ၂၁နှစ်အရွယ်တုန်းက တကယ် စဉ်းစား ခဲ့ပါတယ်။ ဒါပေမဲ့ ၂၄ နှစ်ကို ဘယ်လိုကျော်သွားမှန်း မသိလိုက်ခဲ့ဘူး။

 

အဲ့ဒီ့အချိန် ၂၄ နှစ် အရွယ် တုန်းက အလုပ်တွေပဲ အားသွန်ခွန်ဆိုက်လုပ်နေတာ အဲ့အကြောင်းကို မေ့သွားခဲ့တယ်။ သတိရတော့ ၃၀ နားတောင်ကပ်နေခဲ့ပြီ။
ခုတော့ ၃၃ ပေါ့။ အဲ့တော့ ဘယ် အရွယ် အိမ်ထောင် ပြုမလဲပေါ့။ တကယ်လို့ ၂၄ တုန်းက ငါဆုံးဖြတ်ပြီးပြီ။ ရရာယူမယ်ဆိုပြီးယူရင် အိမ်ထောင် ရေးမှာ မှားနိုင်ခြေပိုများသွားနိုင်တယ်လေ။ ရရာဆွဲယူသလို ဖြစ်ခဲ့ရင်ပေါ့လေ။

မအေးသောင်း ပြောချင်တာက ဘဝမှာ လူတိုင်းကိုယ်ကြိုတွေးထားတဲ့အတိုင်း ဖြစ်လာတဲ့ ရာခိုင်နှုန်း နဲ ့ ကိုယ်မထင်ထားတာ ဖြစ်လာတဲ့ ရာခိုင်နှုန်း က ဘယ်ဟာပိုများလဲပေါ့။ မအေးသောင်းအတွက်တော့ ထင်မထားတာတွေပဲ ဖြစ်လာတာများလို့ ခုနာမည်တောင် မထင်မှတ်ပဲ အလယ်နှစ်လုံးပြုတ်သွားပြီ။

ခုလိုတစ်ယောက်တည်းထိုင်ပြီး စားချင်တာစား တွေးချင်တာတွေး Facebook ပေါ်မှာရေးချင်တာချရေး နေရတဲ့ အပျိုရီးဘဝလေးကို နှစ်သက်မိနေသေးတယ်ရှင့် ”

Credit – Lwinpyin