ညီမလေး ရွှေအိမ်စည်အတွက် စိတ်မကောင်းဖြစ်ခဲ့မိတယ် ဆိုတဲ့ အေးချမ်းမိုး

မစ်ရန်းအင်တာနေရှင်နယ် ၂ဝ၁၇ မှ ယနေ့ ပြန်ရောက်လာသူ အေးချမ်းမိုးက အထုတ်ပယ်ခံခဲ့ရသော ရွှေအိမ်စည်အတွက် စိတ်မကောင်းဖြစ်ခဲ့မိတယ် လို့ ပြောလာပါတယ်။

ဗီယက်နမ်နိုင်ငံတွင် ယင်းပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခါနီး ၅ ရက်အလိုမှ ရွှေအိမ်စည်ကို ထုတ်ပယ်ပြီး အေးချမ်းမိုးကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့တော့ ပြန်ရောက်လာပြီ ဖြစ်ပါတယ်။ ဆုတစ်ခုခု မရရှိခဲ့သော်လည်း ကြည့်ကြပ်သူများ၏ ချီးကျူးမှုအချို့ ခံခဲ့ရတယ်လို့ အေးချမ်းမိုးက ဆိုသည်။

“ပြိုင်ပွဲအချိန်နီးမှ ညီမလေးရွှေအိမ်စည်အနေနဲ့ သွားရောက် မယှဉ်ပြိုင်ရတော့ဘူးဆိုတော့ ဟို သူ့ကိုလည်း စိတ်ထဲမှာ စိတ်မကောင်း ဖြစ်ပါတယ်။” လို့ ပေါ်ပျူလာဂျာနယ်နှင့် အင်တာဗျူးတွင် အေးချမ်းမိုးက ဆိုသည်။

သူ့အနေနဲ့လည်း အလားအလာ အများကြီးရှိတဲ့သူတစ်ယောက်၊ ညီမအနေနဲ့ အကောင်းဆုံး ကြိုးစားပေမယ့်လည်း ခုလိုမျိုး Top 20 လည်း မဝင်ခဲ့ဘူးပေါ့နော်၊ ညီမလေးအနေနဲ့ သွားရောက် ယှဉ်ပြိုင်မယ်ဆိုလို့ရှိရင်လည်း ဝင်ချင်လည်း ဝင်နိုင်တယ် ဆိုတဲ့ အကြောင်းကိုလည်း ပြောချင်ပါတယ်”  ဟု အေးချမ်းမိုးက ပြောသည်။

အတိုက်အခိုက်တွေ ရှိခဲ့တာကြောင့်လည်း စိတ်ဓာတ်အနည်းငယ်တော့ ကျခဲ့ရတယ်လို့ အေးချမ်းမိုးက ဆိုသည်။

Credit – PannPwint

Photos©Aye Chan Moe,Miss Grand International