ပင္ပန္းလြန္းေပမယ့္ တိုင္ပင္စရာ၊ အားကိုးစရာဘယ္သူမွအနားမွာ မရွိတဲ့သူမ်ားအတြက္

ပင္ပန္းလြန္းေပမယ့္ တိုင္ပင္စရာ၊ အားကိုးစရာဘယ္သူမွအနားမွာ မရွိတဲ့သူမ်ားအတြက္

ဘဝမွာ အခက္အခဲေတြ ၾကံဳရတဲ့အခါမွာ တစ္ခ်ိဳ႕ေတြအတြက္ ေဆြးေႏြးတိုင္ပင္ဖက္၊

အားေပးတဲ့ မိသားစုေတြ၊ သူငယ္ခ်င္းေတြ ရွိေပမယ့္ တစ္ခ်ိဳ႕က်ေတာ့ တစ္ေယာက္တည္း ၾကိဳးစားရုန္းကန္ေနရျပီး ဘယ္ေလာက္ ပင္ပန္း ေနပါေစ …..

တိုင္ပင္စရာ၊ ရင္ဖြင့္စရာ အားကိုးစရာ မရွိၾကပါဘူး။ သင္ဟာ အဲလိုလူမ်ိဳး ဆိုရင္ေတာ့ ဒီစာေလးဟာ သင့္အတြက္ပါ။

သင္ဟာသူမ်ားေတြထက္သန္မာတယ္

သင္ဟာ သူမ်ားေတြထက္ သန္မာတဲ့ သူတစ္ေယာက္ျဖစ္တယ္။

သင္ဟာ ဒီအရာေတြကုိ ခံႏိုင္ရည္ရွိတဲ့ အတြက္ ဒီေန႔အထိ ရပ္တည္ေနတာ ျဖစ္တယ္။

ဒါေၾကာင့္မို႔ သင့္ကုိသင္အားနည္းတဲ့သူ၊ မျပည့္စံုတဲ့သူလို႔ ထင္ေနတာေတြကို ရပ္လိုက္ပါ ေတာ့။

ဘဝကို လက္ေလွ်ာ႔လိုက္တဲ့ သူေတြ အမ်ားၾကီးထဲကမွ သင္ဟာ အခုခ်ိန္အထိ ရပ္တည္ေနႏိုင္တဲ့အတြက္ ကိုယ့္ကိုယ္ကို ဂုဏ္ယူလိုက္ပါ။ သင္ တကယ္ေတာ္ပါတယ္။

အမ်ားအတြက္စံျပျဖစ္တယ္

သင္ၾကံဳေတြ႔ေနရတဲ့ ျပႆနာေတြက သင့္ကို ပိုျပီး ေတာက္ပေစတာ ျဖစ္တယ္။

ဒါေၾကာင့္ သင္မေမ့ပါနဲ႔။ သင္ၾကံဳေတြ႕ေနရတဲ့ အရာေတြကုိ ေက်ာ္လႊားႏိုင္သြားတဲ့အခါ သူတစ္ပါးအတြက္ အားယူစရာ၊ စံျပပုဂၢိဳလ္ ျဖစ္လာမွာပါ။

သင့္လိုပဲ ဘဝမွာ ပင္ပန္းတဲ့သူေတြ၊ တစ္ကိုယ္တည္း ရပ္တည္ေနရတဲ့ သူေတြအတြက္ အတုယူေလာက္တဲ့ လူတစ္ေယာက္ျဖစ္လာမွာပါ။

ဆက္လက္ၾကိဳးစားေနပါ

ဘဝမွာ ပင္ပန္းတဲ့ အခ်ိန္ေတြအမ်ားၾကီး ရွိမွာပါ။

ဒါေပမယ့္ ၾကိဳးစားမႈေတြကိုေတာ့ ဘယ္ေတာ့မွ မရပ္တန္႔လိုက္ပါနဲ႔။

သင္ၾကိဳးစားေနသေရြ႕ သင့္အလွည့္ဆိုတာ ရွိလာမွာပါ။ ေလာကၾကီးက လူတိုင္းအတြက္ ထိုက္တန္တဲ့ ေနရာတစ္ေနရာကို ေပးပါတယ္။

ဒါေၾကာင့္ သင္သာ ပတၱျမားျဖစ္ေနရင္ ဘယ္ေတာ့မွ ႏြံထဲမွာ နစ္ေနမွာမဟုတ္ပါဘူး။ ဒါေၾကာင့္ သင့္အလွည့္၊ သင့္အခ်ိန္ ေရာက္လာေတာ့မွာပါ။

လဲရင္ျပန္ထ

လူျဖစ္ေနသေရြ႕ အရႈံးဆိုတာ လက္မခံခ်င္လို႔ မရပါဘူး။

ရႈံးနိမ့္တိုင္း၊ လဲက်တိုင္းသာ ျပန္မထ ခဲ့ၾကရင္ ကမၻာေက်ာ္ လူေတာ္လူေကာင္းေတြ ဘယ္ထြက္လာႏိုင္ပါေတာ့မလဲ။

ဒါေၾကာင့္ သင္လဲက်တဲ့ အခါတိုင္း ျပန္ထပါ။ သင့္ကိုထူမယ့္သူ မရွိလည္း သင္ကိုယ္တိုင္ ျပန္ထလိုက္ပါ။

သင္ဟာ ဘယ္သူ႔အကူအညီကိုမွ မလိုပါဘူး။ သင့္အတြက္သင္ ရွိေနတာပဲ။

ဒါေၾကာင့္ ကူညီေပးမယ့္ လက္တစ္စံုကို ေစာင့္ေမွ်ာ္ေနတာ ထက္ ကိုယ္တိုင္ျပန္ထလိုက္ပါ။

သင္တာဝန္ေက်ပါတယ္

သင့္ဘဝမွာ က်ရံႈးခဲ့သည္ျဖစ္ေစ….. ေအာင္ျမင္ခဲ့သည္ျဖစ္ေစ…..

မလွပတဲ့ အတိတ္ရွိခဲ့သည္ျဖစ္ေစ….. ဘယ္လိုအေၾကာင္းေတြပဲ ရွိခဲ့ရွိခဲ့ သင္မမွားခဲ့ပါဘူး။

သင္လည္းအေကာင္းဆံုးကုိ ေမွ်ာ္လင့္ျပီး လုပ္ခဲ့တာပဲ။ ျဖစ္မလာတာေတာ့ သင့္အျပစ္ မဟုတ္ပါဘူး။

အေကာင္းဆံုးၾကိဳးစားခဲ့တဲ့အတြက္ သင္တာဝန္ေက်ပါတယ္။

ဒါေၾကာင့္ ကုိယ့္ကုိယ္ကို အျပစ္တင္တာေတြရပ္ျပီး ကိုယ့္ကိုယ္ကို စတင္ၿပီး ခ်စ္ၾကည့္လိုက္ပါေနာ္…..

Credit : Original

Unicode >>>

ပင်ပန်းလွန်းပေမယ့် တိုင်ပင်စရာ၊ အားကိုးစရာဘယ်သူမှအနားမှာ မရှိတဲ့သူများအတွက်

ဘဝမှာ အခက်အခဲတွေ ကြုံရတဲ့အခါမှာ တစ်ချို့တွေအတွက် ဆွေးနွေးတိုင်ပင်ဖက်၊

အားပေးတဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေ ရှိပေမယ့် တစ်ချို့ကျတော့ တစ်ယောက်တည်း ကြိုးစားရုန်းကန်နေရပြီး ဘယ်လောက် ပင်ပန်း နေပါစေ …..

တိုင်ပင်စရာ၊ ရင်ဖွင့်စရာ အားကိုးစရာ မရှိကြပါဘူး။ သင်ဟာ အဲလိုလူမျိုး ဆိုရင်တော့ ဒီစာလေးဟာ သင့်အတွက်ပါ။

သင်ဟာသူများတွေထက်သန်မာတယ်

သင်ဟာ သူများတွေထက် သန်မာတဲ့ သူတစ်ယောက်ဖြစ်တယ်။

သင်ဟာ ဒီအရာတွေကို ခံနိုင်ရည်ရှိတဲ့ အတွက် ဒီနေ့အထိ ရပ်တည်နေတာ ဖြစ်တယ်။

ဒါကြောင့်မို့ သင့်ကိုသင်အားနည်းတဲ့သူ၊ မပြည့်စုံတဲ့သူလို့ ထင်နေတာတွေကို ရပ်လိုက်ပါ တော့။

ဘဝကို လက်လျှော့လိုက်တဲ့ သူတွေ အများကြီးထဲကမှ သင်ဟာ အခုချိန်အထိ ရပ်တည်နေနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါ။ သင် တကယ်တော်ပါတယ်။

အများအတွက်စံပြဖြစ်တယ်

သင်ကြံုတွေ့နေရတဲ့ ပြဿနာတွေက သင့်ကို ပိုပြီး တောက်ပစေတာ ဖြစ်တယ်။

ဒါကြောင့် သင်မမေ့ပါနဲ့။ သင်ကြံုတွေ့နေရတဲ့ အရာတွေကို ကျော်လွှားနိုင်သွားတဲ့အခါ သူတစ်ပါးအတွက် အားယူစရာ၊ စံပြပုဂ္ဂိုလ် ဖြစ်လာမှာပါ။

သင့်လိုပဲ ဘဝမှာ ပင်ပန်းတဲ့သူတွေ၊ တစ်ကိုယ်တည်း ရပ်တည်နေရတဲ့ သူတွေအတွက် အတုယူလောက်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။

ဆက်လက်ကြိုးစားနေပါ

ဘဝမှာ ပင်ပန်းတဲ့ အချိန်တွေအများကြီး ရှိမှာပါ။

ဒါပေမယ့် ကြိုးစားမှုတွေကိုတော့ ဘယ်တော့မှ မရပ်တန့်လိုက်ပါနဲ့။

သင်ကြိုးစားနေသရွေ့ သင့်အလှည့်ဆိုတာ ရှိလာမှာပါ။ လောကကြီးက လူတိုင်းအတွက် ထိုက်တန်တဲ့ နေရာတစ်နေရာကို ပေးပါတယ်။

ဒါကြောင့် သင်သာ ပတ္တမြားဖြစ်နေရင် ဘယ်တော့မှ နွံထဲမှာ နစ်နေမှာမဟုတ်ပါဘူး။ ဒါကြောင့် သင့်အလှည့်၊ သင့်အချိန် ရောက်လာတော့မှာပါ။

လဲရင်ပြန်ထ

လူဖြစ်နေသရွေ့ အရှုံးဆိုတာ လက်မခံချင်လို့ မရပါဘူး။

ရှုံးနိမ့်တိုင်း၊ လဲကျတိုင်းသာ ပြန်မထ ခဲ့ကြရင် ကမ္ဘာကျော် လူတော်လူကောင်းတွေ ဘယ်ထွက်လာနိုင်ပါတော့မလဲ။

ဒါကြောင့် သင်လဲကျတဲ့ အခါတိုင်း ပြန်ထပါ။ သင့်ကိုထူမယ့်သူ မရှိလည်း သင်ကိုယ်တိုင် ပြန်ထလိုက်ပါ။

သင်ဟာ ဘယ်သူ့အကူအညီကိုမှ မလိုပါဘူး။ သင့်အတွက်သင် ရှိနေတာပဲ။

ဒါကြောင့် ကူညီပေးမယ့် လက်တစ်စုံကို စောင့်မျှော်နေတာ ထက် ကိုယ်တိုင်ပြန်ထလိုက်ပါ။

သင်တာဝန်ကျေပါတယ်

သင့်ဘဝမှာ ကျရှုံးခဲ့သည်ဖြစ်စေ….. အောင်မြင်ခဲ့သည်ဖြစ်စေ…..

မလှပတဲ့ အတိတ်ရှိခဲ့သည်ဖြစ်စေ….. ဘယ်လိုအကြောင်းတွေပဲ ရှိခဲ့ရှိခဲ့ သင်မမှားခဲ့ပါဘူး။

သင်လည်းအကောင်းဆုံးကို မျှော်လင့်ပြီး လုပ်ခဲ့တာပဲ။ ဖြစ်မလာတာတော့ သင့်အပြစ် မဟုတ်ပါဘူး။

အကောင်းဆုံးကြိုးစားခဲ့တဲ့အတွက် သင်တာဝန်ကျေပါတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်တာတွေရပ်ပြီး ကိုယ့်ကိုယ်ကို စတင်ပြီး ချစ်ကြည့်လိုက်ပါနော်…..

Credit : Original