လူေတြက ငါးပါးသီလကိုပရဟိတလုပ္ငန္းမွန္းသိတဲ႔လူ အင္မတန္နည္းတယ္

#ငါးပါးသီလ…#ပရဟိတ

လူေတြက ငါးပါးသီလကိုပရဟိတလုပ္ငန္းမွန္းသိတဲ႔လူ အင္မတန္နည္းတယ္၊ ဒါလည္း ပရဟိတပဲ။

ငါးပါးသီလဆိုတာ အင္မတန္မွအေရးပါလွတဲ႔” ဝါရိတၱသီလ” မ်ိဳး၊ မလုပ္ရဘူးဆိုတာကိုေရွာင္တဲ႔သီလမ်ိဳး၊ ဒီေနရာမွာလည္း ငါးပါးသီလဟာျမတ္စြာဘုရားက ပညတ္ထားလို႔ေရွာင္ရတာမ်ိဳးမဟုတ္ဘူး။ ျမတ္စြာဘုရားက ဒါလုပ္ရင္ အျပစ္ျဖစ္မယ္၊ ဒါကိုေရွာင္ရင္ေကာင္းက်ိဳးခ်မ္းသာေတြရတယ္ ဆိုတာလမ္းညႊန္မႈျပတာပဲျဖစ္တယ္။

သီလဆိုတဲ႔သဘာဝတရားဟာ စဥ္းစားၾကည့္ကိုယ္ကိုယ္တိုင္ ကိုယ္က်င့္သီလေဆာက္တည္လိုက္တာဟာ ကိုယ့္အတြက္ပဲလ ို႔ဒီလို႔ေအာက္ေမ႔ၾကတယ္။ ဒါနက်ေတာ့ အမ်ားအတြက္လို႔ ထင္ၾကတယ္ေလ၊ ကိုယ္ကေပးလိုက္ကမ္းလိုက္ေက်ြေမြးလိုက္တဲ႔သူေတြ စားေသာက္သြားတာၾကည့္ၿပီး ဒါနကေတာ့အမ်ားအတြက္ပဲ။ သီလကေတာ့ ကိုယ့္အတြက္လို႔ထင္ၾကတာ။

သီလကလည္း ဒါနလိုပါပဲ အမ်ားအတြက္အက်ိဳးျဖစ္တာ၊ ကိုယ့္အတြက္အက်ိဳးမျဖစ္ဘူးေျပာတာမဟုတ္ဘူး၊ ကိုယ့္အတြက္လည္းအက်ိဳးျဖစ္တယ္ သို႔ေသာ္အမ်ားအတြက္အက်ိဳးျဖစ္တာ၊ပါဏာတိပါတာ ေရွာင္လိုက္သျဖင့္ ကိုယ့္လက္နဲ႔သူမ်ားေသတာရွိေသးလား၊ ကိုယ့္ေဘးနားကလူေတြအႏၲရာယ္မကင္းသြားဘူးလား၊ ကင္းသြားတယ္။ ပါဏာတိပါတာေရွာင္လိုက္တာ ကိုယ့္ရပ္ ့္ကြက္ထဲမွာကိုယ့္ေၾကာင့့္ဒုကၡေရာက္တဲ႔သူူ တေယာက္မွမရွိေတာ့ဘူး။

ရပ္ကြက္ထဲမွာ ကိုယ္က အဒိႏၷာဒါနေရွာင္လိုက္ရင္ ရပ္ကြက္ထဲမွာ ပစၥည္းေပ်ာက္တာ ကိုယ့္ေၾကာင့္ဆိုတာျဖစ္နိုင္ပမလား၊မျဖစ္နိုင္ေတာ့ဘူး။ ဒါေၾကာင့္ သီလေဆာက္တာအားလံုးအတြက ္ျဖစ္မေနဘူးလား။ တစ္ရပ္ကြက္လံုးလူေတြက ပါဏာတိပါ္တာလည္းေရွာင္တယ္၊ အဒိႏၷာဒါနလည္းေရွာင္မယ္။

ကာေမသုမိစာၦစာရလည္းေရွာင္မယ္ဆိုလို႔ရွိရင္တစ္ရပ္ကြက္လံုးဟာ ေအးခ်မ္းသာယာေနမွာပဲ။မုသာဝါဒ လိမ္လည္လွည့္ျဖားၿပီး ဘယ့္သူ႔ကိုမွဒုကၡမေရာက္ေအာင္ မလုပ္ဘူး၊ဒါလည္းသူမ်ားအတြက္ပဲ။ ကိုယ့္ကိုယ္ကိုလိမ္တာမဟုတ္ဘူး၊ဒါလည္းသူမ်ားအတြက္ပဲ။

သူရာေမရယ အရက္ေသစာမေသာက္မစားဘူးဆိုရင္လည္း အမ်ားအတြက္ အက်ိဳးျဖစ္တာပဲ။မိမိေၾကာင့္စိတ္ဆင္းရဲမွပုဂၢိဳလ္မရွိေတာ့ဘူး။ဒါေၾကာင့္မို႔ ျမတ္စြာဘုရားက “ငါးပါးသီလ”ကို” မ ဟာ ဒါ န ” လို႔ေဟာထားတာရွိတယ္။တကယ့္ႀကီးမားတဲ႔ အလွဴႀကီး ။

ဘာေတြလွဴထားတုန္း’ အဘယဒါန’တစ္ျခားပုဂၢိဳလ္ေတြကုိေဘးမဲ႔ေပးတဲ႔အလွဴပဲ။ဒါေၾကာင့္ငါးပါးသီလရဲ႕လက္ေတြ႔အက်ိဳးကေဆာက္တည္သူအတြက္သာမကအမ်ားအတြက္လည္းျဖစ္ပါတယ္။ ပရဟိတလုပ္ငန္းထဲမွာ သူပါတယ္။သို႔ေသာ္ လူေတြက ငါးပါးသီလကိုပရဟိတလုပ္ငန္းမွန္း သိတဲ႔သူအင္မတန္မွနည္းတယ္။*ဒါလည္း …ပရဟိတပဲ၊အမ်ားအတြက္အက်ိဳးျဖစ္သြားတာေပါ့။

#္ေဒါက္တာအရွင္နႏၵမာလာဘိဝံသ

*သားေကာင္းသမီးေကာင္းတရားေတာ္မွ ဓမၼသရဏအရွင္ေရဝတ

(apannpyay.com)

==============

#ငါးပါးသီလ…#ပရဟိတ

လူတွေက ငါးပါးသီလကိုပရဟိတလုပ်ငန်းမှန်းသိတဲ့လူ အင်မတန်နည်းတယ်၊ ဒါလည်း ပရဟိတပဲ။

ငါးပါးသီလဆိုတာ အင်မတန်မှအရေးပါလှတဲ့” ဝါရိတ္တသီလ” မျိုး၊ မလုပ်ရဘူးဆိုတာကိုရှောင်တဲ့သီလမျိုး၊ ဒီနေရာမှာလည်း ငါးပါးသီလဟာမြတ်စွာဘုရားက ပညတ်ထားလို့ရှောင်ရတာမျိုးမဟုတ်ဘူး။ မြတ်စွာဘုရားက ဒါလုပ်ရင် အပြစ်ဖြစ်မယ်၊ ဒါကိုရှောင်ရင်ကောင်းကျိုးချမ်းသာတွေရတယ် ဆိုတာလမ်းညွှန်မှုပြတာပဲဖြစ်တယ်။

သီလဆိုတဲ့သဘာဝတရားဟာ စဉ်းစားကြည့်ကိုယ်ကိုယ်တိုင် ကိုယ်ကျင့်သီလဆောက်တည်လိုက်တာဟာ ကိုယ့်အတွက်ပဲလ ို့ဒီလို့အောက်မေ့ကြတယ်။ ဒါနကျတော့ အများအတွက်လို့ ထင်ကြတယ်လေ၊ ကိုယ်ကပေးလိုက်ကမ်းလိုက်ကျွေမွေးလိုက်တဲ့သူတွေစားသောက်သွားတာကြည့်ပြီး ဒါနကတော့အများအတွက်ပဲ။ သီလကတော့ ကိုယ့်အတွက်လို့ထင်ကြတာ။

သီလကလည်း ဒါနလိုပါပဲ အများအတွက်အကျိုးဖြစ်တာ၊ ကိုယ့်အတွက်အကျိုးမဖြစ်ဘူးပြောတာမဟုတ်ဘူး၊ကိုယ့်အတွက်လည်းအကျိုးဖြစ်တယ်သို့သော်အများအတွက်အကျိုးဖြစ်တာ၊ပါဏာတိပါတာ ရှောင်လိုက်သဖြင့် ကိုယ့်လက်နဲ့သူများသေတာရှိသေးလား၊ကိုယ့်ဘေးနားကလူတွေအန္တရာယ်မကင်းသွားဘူးလား၊ကင်းသွားတယ်။ပါဏာတိပါတာရှောင်လိုက်တာ ကိုယ့်ရပ် ့်ကွက်ထဲမှာကိုယ့်ကြောင့့်ဒုက္ခရောက်တဲ့သူူ တယောက်မှမရှိတော့ဘူး။

ရပ်ကွက်ထဲမှာ ကိုယ်က အဒိန္နာဒါနရှောင်လိုက်ရင် ရပ်ကွက်ထဲမှာ ပစ္စည်းပျောက်တာ ကိုယ့်ကြောင့်ဆိုတာဖြစ်နိုင်ပမလား၊မဖြစ်နိုင်တော့ဘူး။ဒါကြောင့်သီလဆောက်တာအားလုံးအတွက်ဖြစ်မနေဘူးလား။ တစ်ရပ်ကွက်လုံးလူတွေကပါဏာတိပါ်တာလည်းရှောင်တယ်၊ အဒိန္နာဒါနလည်းရှောင်မယ်။

ကာမေသုမိစ္ဆာစာရလည်းရှောင်မယ်ဆိုလို့ရှိရင်တစ်ရပ်ကွက်လုံးဟာ အေးချမ်းသာယာနေမှာပဲ။မုသာဝါဒ လိမ်လည်လှည့်ဖြားပြီး ဘယ့်သူ့ကိုမှဒုက္ခမရောက်အောင် မလုပ်ဘူး၊ဒါလည်းသူများအတွက်ပဲ။ ကိုယ့်ကိုယ်ကိုလိမ်တာမဟုတ်ဘူး၊ဒါလည်းသူများအတွက်ပဲ။

သူရာမေရယ အရက်သေစာမသောက်မစားဘူးဆိုရင်လည်း အများအတွက် အကျိုးဖြစ်တာပဲ။မိမိကြောင့်စိတ်ဆင်းရဲမှပုဂ္ဂိုလ်မရှိတော့ဘူး။ဒါကြောင့်မို့ မြတ်စွာဘုရားက “ငါးပါးသီလ”ကို” မ ဟာ ဒါ န ” လို့ဟောထားတာရှိတယ်။တကယ့်ကြီးမားတဲ့ အလှူကြီး ။

ဘာတွေလှူထားတုန်း’ အဘယဒါန’တစ်ခြားပုဂ္ဂိုလ်တွေကိုဘေးမဲ့ပေးတဲ့အလှူပဲ။ဒါကြောင့်ငါးပါးသီလရဲ့လက်တွေ့အကျိုးကဆောက်တည်သူအတွက်သာမကအများအတွက်လည်းဖြစ်ပါတယ်။ ပရဟိတလုပ်ငန်းထဲမှာ သူပါတယ်။သို့သော် လူတွေက ငါးပါးသီလကိုပရဟိတလုပ်ငန်းမှန်း သိတဲ့သူအင်မတန်မှနည်းတယ်။*ဒါလည်း …ပရဟိတပဲ၊အများအတွက်အကျိုးဖြစ်သွားတာပေါ့။

#်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

*သားကောင်းသမီးကောင်းတရားတော်မှ ဓမ္မသရဏအရှင်ရေဝတ

(apannpyay.com)