ခ်စ္သူနဲ႔ ခိုးရာလိုက္ေျပးတဲ့ မိန္းကေလးကို အေဖ နဲ႔ အစ္ကိုတို႔က သားမယားျပဳက်င့္

ခ်စ္သူေနာက္ ခိုးေျပးျခင္းေၾကာင့္ အေဖ ၊ အစ္ကို နဲ႔ ဦးေလး တို႔က သားမယားျပဳက်င့္

အိႏၵိယႏိုင္ငံ ဒန္နီဒါ (Dhaneda village) ေက်းရြာမွာ ေနထိုင္တဲ့ အမ်ဳိးသမီး တစ္ဦး ဟာ ခ်စ္သူ ေခၚရာ ေနာက္ကို လိုက္ေျပးခဲ့ျခင္းေျကာင့္ သူမ မိသားစုဝင္ေတြ ျဖစ္တဲ့ အေဖ ၊ အစ္ကို နဲ႔ ဦးေလး တို႔က သားမယားျပဳက်င့္ခဲ့တာျဖစ္တယ္လို႔ Khallej Times မီဒီယာမွာ ေဖာ္ျပထားပါတယ္။

သားမယား ျပဳက်င့္ခံရတဲ့ မိန္းကေလးရဲ႕ ထြက္ဆိုခ်က္အရ သူမ ရြာမွာ ရွိေနတုန္း ျပီးခဲ့တဲ့ လအနည္းငယ္က ခ်စ္သူေနာက္ လိုက္ေျပးအျပီးမွာ အဖ၊ အစ္ကို နဲ႔ ဦးေလး ၂ ဦး စုစုေပါင္း ၄ ဦး က ျခိမ္းေျခာက္ျပီး သားမယား ျပဳက်င့္ခဲ့တယ္လို႔ သူမက ရဲဌာနမွာ ထြက္ဆိုထားပါတယ္။

သားမယား ျပဳက်င့့္တဲ့ မိသားစုဝင္ အားလံုးကို ရဲတပ္ဖြဲ႕က ဖမ္းဆီးထားျပီး အမႈမွာ ပါဝင္သူ အားလံုးကို အေရးယူဖို႔ Allahabad တရားရံုးရဲ႕ ညႊန္ျကားခ်က္ကို မေန႔က ရရွိခဲ့တယ္လို႔ ရဲစခန္းတာဝန္ခံ Kushal Pal Singh က အတည္ျပဳ ေျပာဆိုခဲ့ပါတယ္။

တရားသူျကီးအမ်ုဳိးသမီးထံ အဓမၼျပဳက်င့္ခံရမႈနဲ႔ ပတ္သက္တာကို တရားလို အမ်ဳိးသမီးက အမႈတိုင္ျကားျပီး တရားရံုးက တရားခံလို႔ စြပ္စြဲခံရသူေတြကို ဖမ္းဆီးအေရးယူဖို႔ အမိန္႔ထြက္လာခဲ့ျခင္း ျဖစ္ပါတယ္။

Credit: Nang Cherry

============

ချစ်သူနောက် ခိုးပြေးခြင်းကြောင့် အဖေ ၊ အစ်ကို နဲ့ ဦးလေး တို့က သားမယားပြုကျင့်

အိန္ဒိယနိုင်ငံ ဒန်နီဒါ (Dhaneda village) ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသမီး တစ်ဦး ဟာ ချစ်သူ ခေါ်ရာ နောက်ကို လိုက်ပြေးခဲ့ခြင်းကြောင့် သူမ မိသားစုဝင်တွေ ဖြစ်တဲ့ အဖေ ၊ အစ်ကို နဲ့ ဦးလေး တို့က သားမယားပြုကျင့်ခဲ့တာဖြစ်တယ်လို့ Khallej Times မီဒီယာမှာ ဖော်ပြထားပါတယ်။

သားမယား ပြုကျင့်ခံရတဲ့ မိန်းကလေးရဲ့ ထွက်ဆိုချက်အရ သူမ ရွာမှာ ရှိနေတုန်း ပြီးခဲ့တဲ့ လအနည်းငယ်က ချစ်သူနောက် လိုက်ပြေးအပြီးမှာ အဖ၊ အစ်ကို နဲ့ ဦးလေး ၂ ဦး စုစုပေါင်း ၄ ဦး က ခြိမ်းခြောက်ပြီး သားမယား ပြုကျင့်ခဲ့တယ်လို့ သူမက ရဲဌာနမှာ ထွက်ဆိုထားပါတယ်။

သားမယား ပြုကျင့့်တဲ့ မိသားစုဝင် အားလုံးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး အမှုမှာ ပါဝင်သူ အားလုံးကို အရေးယူဖို့ Allahabad တရားရုံးရဲ့ ညွှန်ကြားချက်ကို မနေ့က ရရှိခဲ့တယ်လို့ ရဲစခန်းတာဝန်ခံ Kushal Pal Singh က အတည်ပြု ပြောဆိုခဲ့ပါတယ်။

တရားသူကြီးအမျုုိးသမီးထံ အဓမ္မပြုကျင့်ခံရမှုနဲ့ ပတ်သက်တာကို တရားလို အမျိုးသမီးက အမှုတိုင်ကြားပြီး တရားရုံးက တရားခံလို့ စွပ်စွဲခံရသူတွေကို ဖမ်းဆီးအရေးယူဖို့ အမိန့်ထွက်လာခဲ့ခြင်း ဖြစ်ပါတယ်။

Credit: Nang Cherry