အလိုေတာ္ျပည့္ ဆရာေတာ္ႀကီးအား ေရႊသကၤန္း ကပ္လွဴျခင္း ေ၀ဖန္မႈအေပၚ ရွင္းလင္း

အလိုေတာ္ျပည့္ ဆရာေတာ္ႀကီးအား ေရႊသကၤန္း ကပ္လွဴျခင္း ေ၀ဖန္မႈအေပၚ ရွင္းလင္း

ရဟန္း နဲ႔ မအပ္စပ္ဟု ေ၀ဖန္မႈအေပၚ ေရႊသကၤန္း အလႈခံျခင္းႏွင့္ပတ္သက္၍ စာခ်နာယကအဖြဲ႕၏ရွင္းလင္းခ်က္

ေရႊသကၤန္း တစ္ထည္လာလႈတယ္။ အလႈရွင္စိတ္ခ်မ္းသာေအာင္ ကိုယ္ေပၚမွာခန တင္ျပလိုက္တယ္ အလႈရွင္ကအဲ့ဓာတ္ပုံကို ဝမ္းေျမာက္ဝမ္းသာFACEBOOK မွာတင္လိုက္တယ္.. ျပႆနာစေပၚပါေလေရာ ပုံကိုယူၿပီး တခ်ိဳ႕က ေဝဖန္တယ္အျပစ္တင္တယ္ ကဲ့ရဲ႕တယ္။

ေဝဖန္ပါ အျပစ္တင္ပါ. ဒါေပမယ့္အေၾကာင္းရင္းကိုေသခ်ာေလ့လာပါ. ေရႊေငြကိုအလႈခံရင္ဘာအျပစ္ျဖစ္တယ္ဆိုတာ ျပည္တြင္းျပည္ပ သာသနာျပဳဆရာေတာ္ မသိပဲေနပါ့မလား? သံဃေစတိယာဒီနံ အတၳာယ ဂဏွႏၲႆ ဒုကၠဋံ- ကိုယ့္အတြက္မေျပာနဲ႔ သံဃာ ေစတီ စသည္တို႔အတြက္လက္ခံေတာင္ ဒုကၠဋ္သင့္တာ. ( ကခၤါ- ႏွာ၁၇၆) ဒါေလာက္ေတာ့ စာသင္တိုက္ေပါင္းမ်ားစြာရဲ႕ ပဓာနနာယက ဆရာေတာ္ႀကီးသိဒါေပါ့။

သာသနာေတာ္အတြက္အက်ိဳးမ်ားတဲ့တကာတကာမေတြ လႈဒါန္းလာတဲ့အခါမွာ လုံးဝျငင္းလႊတ္လိုက္ရမလား? ပသႏၷာနံ ဘိေယ်ာဘာဝါယ ကလဲရွိေသး အေၾကာင္းေၾကာင့္ေထာက္စရာေတြကလဲရွိေသး ဘယ္လိုလုပ္မလဲ?

အေျခေနရ ေရႊေငြလႈဒါန္းလာရင္အပ္စပ္ေအာင္လုပ္လို႔ရတဲ့နည္းရွိပါတယ္။ “ သေစ ပန စိေတၱန သာဒိယတိ၊ ဂဏွိတုကာေမာ ေဟာတိ၊ ကာေယန ဝါ ဝါစာယဝါ “ နယိဒံ ကပၸတီ” တိ ပဋိကၡိပတိ၊ ကာယဝါစာဟိ အပၸဋိကၡိပိတြာ သုဒၶစိေတၱာ ဟုတြာ “ နယိဒံ အမွာကံ ကပၸတီ” တိ နသာဒိယတိ၊ ဝ႗တိ။ ( ကခၤါအ႒ကထာ- ႏွာ ၁၇၅) ဒီ အဆိုအရ ေရႊေငြလာလႈတယ္ စိတ္ျဖင့္သာယာတယ္ , ခံယူလိုတယ္, သို႔ေသာ္ ကိုယ္ျဖင့္ ျဖစ္ေစ, နႈတ္ျဖင့္ ျဖစ္ေစ “ ဒီေရႊေငြသည္ မအပ္” ဟု ပယ္ျမစ္လွ်င္၊

သို႔မဟုတ္— ကိုယ္နႈတ္တို႔ျဖင့္ မပယ္ျမစ္ဘဲ စင္ၾကယ္ေသာစိတ္ရွိသည္ျဖစ္၍ “ ဤေရႊေငြသည္ ငါတို႔အား မအပ္” ဟု မသာယာလွ်င္ အပ္ပါသည္၊ အျပစ္မရွိပါ။ ( ကခၤါရွင္းတမ္း ႏွာ -၂၇၇… အရွင္မုနိႏၵာဘိဝံသ) ဒီေတာ့ အလႈရွင္၏ ေစတနာကိုငဲ့၍ ကိုယ္နႈတ္ျဖင့္ မလႈပါနဲ႔ မတားပစ္မိေသာ္လည္း စင္ၾကယ္တဲ့စိတ္ နဲ႔ ဒီေရႊေငြေတြဟာ မအပ္ဟု ႏွလုံးသြင္းကာ မသာယာလွ်င္ အျပစ္မျဖစ္ပါ..

ၾကားဖူးတဲ့ အျဖစ္ပ်က္ေလးကို ကိုးကားပါရေစ တဆင့္ၾကားသာျဖစ္ေၾကာင္း ႀကိဳဝန္ခံပါရေစ…. တေန႔ တိပိဋကဓရ ဓမၼဘ႑ာဂါရိက ဆရာေတာ္တစ္ပါးအား တကာမတစ္ေယာက္က ၾကည္ညိဳလို႔ ေရႊေသာက္ေရခြက္လာလႈတယ္၊ ဆရာေတာ္ႀကီးက မအပ္ဘူးလို႔ေျပာၿပီးအလႈမခံပါဘူး၊ ဒါေပမယ့္ သူ႔သဒၶါတရားကို ေထာက္ၿပီး ေရႊခြက္ႏွင့္ ေရတခြက္အကပ္ခံၿပီး ေသာက္ျပလိုက္တယ္. အလႈရွင္ေက်နပ္သြားတယ္.

ဒီလိုပါပဲ အလိုေတာ္ျပည့္ ဆရာေတာ္ႀကီးဟာလဲ တကာတကာမေတြရဲ႕ သဒၶါတရားကိုငဲ့ပီး ခနတျဖဳတ္ ကိုယ္ေပၚမွာ တင္ျပလိုက္ျခင္းသာျဖစ္သည္ အၿမဲ ဝတ္႐ုံသုံးစြဲ ျခင္းအလ်ဥ္းမရွိပါ. ၿပီးလွ်င္ၿပီးခ်င္း အနာမာသ အကပၸိယဝတၳဳ အျဖစ္ ကပၸိယကာရက ကို ၫႊန္ျပၿပီးျဖစ္ပါေၾကာင္းေျဖရွင္းအပ္ပါသည္။

အေၾကာင္းရင္းကို မသိပဲ ျပစ္တင္ေဝဖန္ျခင္းမ်ား ေနာက္ေနာင္မျပဳလုပ္ဖို႔ကိုလဲ အသိေပးအပ္ပါသည္။

ပရဝဇၨာႏုပႆိႆ၊ နိစၥံ ဥဇၩာနသညိေနာ။

အာသဝါ တႆ ဝၯႏၲိ၊ အာရာ ေသာ အာသဝကၡယာ။

( ဓမၼပဒအ႒ကထာ ဒု -ႏွာ ၂၃၉)

က်န္းမာရႊင္လန္းၾကပါေစ…

စာခ်နာယကအဖြဲ႕

အလိုေတာ္ျပည့္ေက်ာင္းတိုက္

တာေမြ၊ ရန္ကုန္

ေန႔စြဲ- ၃၀.၁၁.၂၀၁၇

အလိုတော်ပြည့် ဆရာတော်ကြီးအား ရွှေသင်္ကန်း ကပ်လှူခြင်း ဝေဖန်မှုအပေါ် ရှင်းလင်း

ရဟန်း နဲ့ မအပ်စပ်ဟု ဝေဖန်မှုအပေါ် ရွှေသင်္ကန်း အလှုခံခြင်းနှင့်ပတ်သက်၍ စာချနာယကအဖွဲ့၏ရှင်းလင်းချက်

ရွှေသင်္ကန်း တစ်ထည်လာလှုတယ်။ အလှုရှင်စိတ်ချမ်းသာအောင် ကိုယ်ပေါ်မှာခန တင်ပြလိုက်တယ် အလှုရှင်ကအဲ့ဓာတ်ပုံကို ဝမ်းမြောက်ဝမ်းသာFACEBOOK မှာတင်လိုက်တယ်.. ပြဿနာစပေါ်ပါလေရော ပုံကိုယူပြီး တချို့က ဝေဖန်တယ်အပြစ်တင်တယ် ကဲ့ရဲ့တယ်။

ဝေဖန်ပါ အပြစ်တင်ပါ. ဒါပေမယ့်အကြောင်းရင်းကိုသေချာလေ့လာပါ. ရွှေငွေကိုအလှုခံရင်ဘာအပြစ်ဖြစ်တယ်ဆိုတာ ပြည်တွင်းပြည်ပ သာသနာပြုဆရာတော် မသိပဲနေပါ့မလား? သံဃစေတိယာဒီနံ အတ္ထာယ ဂဏှန္တဿ ဒုက္ကဋံ- ကိုယ့်အတွက်မပြောနဲ့ သံဃာ စေတီ စသည်တို့အတွက်လက်ခံတောင် ဒုက္ကဋ်သင့်တာ. ( ကင်္ခါ- နှာ၁၇၆) ဒါလောက်တော့ စာသင်တိုက်ပေါင်းများစွာရဲ့ ပဓာနနာယက ဆရာတော်ကြီးသိဒါပေါ့။

သာသနာတော်အတွက်အကျိုးများတဲ့တကာတကာမတွေ လှုဒါန်းလာတဲ့အခါမှာ လုံးဝငြင်းလွှတ်လိုက်ရမလား? ပသန္နာနံ ဘိယျောဘာဝါယ ကလဲရှိသေး အကြောင်းကြောင့်ထောက်စရာတွေကလဲရှိသေး ဘယ်လိုလုပ်မလဲ?

အခြေနေရ ရွှေငွေလှုဒါန်းလာရင်အပ်စပ်အောင်လုပ်လို့ရတဲ့နည်းရှိပါတယ်။ “ သစေ ပန စိတ္တေန သာဒိယတိ၊ ဂဏှိတုကာမော ဟောတိ၊ ကာယေန ဝါ ဝါစာယဝါ “ နယိဒံ ကပ္ပတီ” တိ ပဋိက္ခိပတိ၊ ကာယဝါစာဟိ အပ္ပဋိက္ခိပိတွာ သုဒ္ဓစိတ္တော ဟုတွာ “ နယိဒံ အမှာကံ ကပ္ပတီ” တိ နသာဒိယတိ၊ ဝဋ္ဋတိ။ ( ကင်္ခါအဋ္ဌကထာ- နှာ ၁၇၅) ဒီ အဆိုအရ ရွှေငွေလာလှုတယ် စိတ်ဖြင့်သာယာတယ် , ခံယူလိုတယ်, သို့သော် ကိုယ်ဖြင့် ဖြစ်စေ, နှုတ်ဖြင့် ဖြစ်စေ “ ဒီရွှေငွေသည် မအပ်” ဟု ပယ်မြစ်လျှင်၊

သို့မဟုတ်— ကိုယ်နှုတ်တို့ဖြင့် မပယ်မြစ်ဘဲ စင်ကြယ်သောစိတ်ရှိသည်ဖြစ်၍ “ ဤရွှေငွေသည် ငါတို့အား မအပ်” ဟု မသာယာလျှင် အပ်ပါသည်၊ အပြစ်မရှိပါ။ ( ကင်္ခါရှင်းတမ်း နှာ -၂၇၇… အရှင်မုနိန္ဒာဘိဝံသ) ဒီတော့ အလှုရှင်၏ စေတနာကိုငဲ့၍ ကိုယ်နှုတ်ဖြင့် မလှုပါနဲ့ မတားပစ်မိသော်လည်း စင်ကြယ်တဲ့စိတ် နဲ့ ဒီရွှေငွေတွေဟာ မအပ်ဟု နှလုံးသွင်းကာ မသာယာလျှင် အပြစ်မဖြစ်ပါ..

ကြားဖူးတဲ့ အဖြစ်ပျက်လေးကို ကိုးကားပါရစေ တဆင့်ကြားသာဖြစ်ကြောင်း ကြိုဝန်ခံပါရစေ…. တနေ့ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်တစ်ပါးအား တကာမတစ်ယောက်က ကြည်ညိုလို့ ရွှေသောက်ရေခွက်လာလှုတယ်၊ ဆရာတော်ကြီးက မအပ်ဘူးလို့ပြောပြီးအလှုမခံပါဘူး၊ ဒါပေမယ့် သူ့သဒ္ဓါတရားကို ထောက်ပြီး ရွှေခွက်နှင့် ရေတခွက်အကပ်ခံပြီး သောက်ပြလိုက်တယ်. အလှုရှင်ကျေနပ်သွားတယ်.

ဒီလိုပါပဲ အလိုတော်ပြည့် ဆရာတော်ကြီးဟာလဲ တကာတကာမတွေရဲ့ သဒ္ဓါတရားကိုငဲ့ပီး ခနတဖြုတ် ကိုယ်ပေါ်မှာ တင်ပြလိုက်ခြင်းသာဖြစ်သည် အမြဲ ဝတ်ရုံသုံးစွဲ ခြင်းအလျဉ်းမရှိပါ. ပြီးလျှင်ပြီးချင်း အနာမာသ အကပ္ပိယဝတ္ထု အဖြစ် ကပ္ပိယကာရက ကို ညွှန်ပြပြီးဖြစ်ပါကြောင်းဖြေရှင်းအပ်ပါသည်။

အကြောင်းရင်းကို မသိပဲ ပြစ်တင်ဝေဖန်ခြင်းများ နောက်နောင်မပြုလုပ်ဖို့ကိုလဲ အသိပေးအပ်ပါသည်။

ပရဝဇ္ဇာနုပဿိဿ၊ နိစ္စံ ဥဇ္ဈာနသညိနော။

အာသဝါ တဿ ဝဎ္ဍန္တိ၊ အာရာ သော အာသဝက္ခယာ။

( ဓမ္မပဒအဋ္ဌကထာ ဒု -နှာ ၂၃၉)

ကျန်းမာရွှင်လန်းကြပါစေ…

စာချနာယကအဖွဲ့

အလိုတော်ပြည့်ကျောင်းတိုက်

တာမွေ၊ ရန်ကုန်

နေ့စွဲ- ၃၀.၁၁.၂၀၁၇