“အစြန္းေရာက္တဲ့အရာတိုင္းဟာ ျပဳတ္က်ဖို႔ ပိုနီးတယ္”

“အစြန္းေရာက္တဲ့အရာတိုင္းဟာ ျပဳတ္က်ဖို႔ ပိုနီးတယ္”

အလိုမက်တိုင္း ရန္ရွာေနရင္

လူမိုက္ျဖစ္သြားလိမ့္မယ္..

စိတ္ညစ္တိုင္း အရက္ေသာက္ေနရင္

အရက္သမားျဖစ္သြားတတ္တယ္..

အခက္အခဲေတြ႕တိုင္း ညည္းတြားေနရင္

ေအာင္ျမင္မႈဆိုတဲံ့လမ္း ေပ်ာက္သြားတတ္တယ္..

အရာရာကို မေကာင္းျမင္ေနရင္

အဆိုးျမင္ဝါဒီလို႔ အေခၚခံရလိမ့္မယ္..

အေကာင္းျမင္စိတ္ထားတာပါဆိုျပီး

မေကာင္းတာကို အေကာင္းလုပ္ေျပာေနရင္လည္း ငေပါႀကီးျဖစ္တတ္တယ္..

ေကာင္္းတာေလးေတြကို ခ်ီးမြမ္းျပီး

မေကာင္းတာေတြကို ဖုံးကြယ္ထားျပန္ရင္လည္း

မတရားေသာ ဘက္လိုက္သူလို႔ အေျပာခံရလိမ့္မယ္..

“ငါလုပ္ဖို႔ ေစာေနေသးတယ္”

“အခ်ိန္အမ်ားႀကီးက်န္ပါေသးတယ္”လို႔ ေတြးတဲ့အခါမွ

ေနာက္က်သြားတတ္တာ..

အရာရာဟာ ေနာက္က်သြားျပီဆိုျပီး

ဘာမွမလုပ္ႏိုင္ဘူးလို႔ ခံယူလိုက္တာကလည္း

ဘဝကို အရံႈးေပးလိုက္ရာက်တယ္..

ဘဝဆိုတာ ဝမ္းနည္းစရာပဲလို႔ အျမဲထင္ေနရင္

ေပ်ာ္ရႊင္မႈကို ရွာေတြ႕မွာ မဟုတ္ျပန္ပါဘူး..

အရာရာဟာ ငါ႔အတြက္ခ်ည္းပဲဆိုရင္လည္း

အတၱႀကီးရာက်တာေပါ႔..

အရာရာဟာ ငါ႔အတြက္မဟုတ္ပါဘူးဆိုျပီး

မိႈင္ေနရံုပဲရွိတာေပါ႔လို႔ ထင္လိုက္တာနဲ႔

စိတ္က်ေဝဒနာရွင္ ျဖစ္သြားလိမ့္မယ္..

ဘဝဆိုတာ တစ္စုံတစ္ေယာက္က သတ္မွတ္ျပ႒ာန္းျပီးသား ဒါမွမဟုတ္

အတိတ္ကံကသာ ခ်ယ္လွယ္ေနတယ္ ယူဆလိုက္ရင္

ပစၥဳပၸန္မွာ ရံႈးနိမ့္သြားလိမ့္မယ္..

ဘဝပ်က္တယ္ယူဆရင္ေတာ့

ကံ ကံ၏အက်ိဳးကို ပယ္ရာက်ျပီး

တစ္ဘဝစာအတြက္ မလုပ္သင့္တာေတြ လုပ္မိသြားတတ္တယ္..

ဘဝဆက္တယ္ ျမဲတယ္ဆိုျပီး စဲြလမ္းေနရင္လည္း

နိဗၺာန္နဲ႔ ေဝးသြားလိမ့္မယ္..

သူမ်ားေျပာတိုင္း ယုံေနရင္လည္း

အလိမ္ခံရတတ္တယ္..

ေနရာတိုင္းမွာ ငါျမင္ရ ငါေတြ႕ရမွ ငါကိုယ္တိုင္ၾကံဳဖူးမွ

လက္ခံမယ္ဆိုရင္လည္း ကိုယ့္အေဖအေမေတာင္ ဟုတ္ပါ႔မလားလို႔

သံသယ ဝင္သြားႏိုင္တယ္..

ခႏၶာႀကီးက ဘာမွမဟုတ္ဘူး မုန္းစရာႀကီးပါဆိုျပီး မစားမေသာက္ မျပဳမျပင္ ဂရုမစိုက္ပဲ ပစ္စလက္ခတ္ေနလိုက္ရင္လည္း

ဒုကၡဖိစီးျပီး အက်ိဳးမမ်ားႏိုင္ျပန္ဘူး..

ခႏၶာႀကီးကို တြယ္တာမက္ေမာျပီး

အိုေဟာင္းသြားတာေတြကို ႏွေျမာေနျပန္ရင္လည္း

စိတ္ေသာက ဖိစီးပါလိမ့္မယ္..

ေသာ့ေလးတစ္ေခ်ာင္း ရွိတယ္..

အဲဒီေသာ့ေလးနာမည္က အလယ္အလတ္လမ္းစဥ္တဲ့..

တစ္ကယ္ေတာ့ ခႏၶာႀကီးကို

မုန္းတီးေနရမွာ ရံြရွာေနရမွာ မဟုတ္ပါဘူး..

စဲြလမ္းေနရမွာလည္း မဟုတ္ပါဘူး..

ရုပ္တရားရဲ႕ျဖစ္ပ်က္ေျပာင္းလဲၿပီး သူ႔သေဘာသူေဆာင္ေနတာေလးေတြကို ရႈမွတ္ျပီး

အျမဲမရွိႏိုင္ပါလားလို႔ ျမင္တတ္တာကမွ ဉာဏ္အလင္းပါ..

ဘဝပ်က္တယ္ ဆက္တယ္ဆိုျပီး တထစ္ခ်ႀကီး အစြန္းေရာက္မေနပါနဲ႔..

အတိတ္နဲ႔ အနာဂတ္ၾကားက ပစၥဳပၸာန္မွာသာ ေကာင္းေအာင္လုပ္ပါ..

အဲ့ဒီအခါ က်န္ခဲ့တဲ့အတိတ္လည္းေကာင္းျပီး

ေနာင္လာမဲ့ ပစၥဳပၸာန္အေလာင္းအလ်ာအနာဂတ္ကလည္း လွပေနမွာပါ..

သူမ်ားေျပာတိုင္း ေခါင္းညိတ္ေနဖို႔ မလိုသလို

မဟုတ္ဘူးဆိုျပီး ေခါင္းခါဖို႔ခ်ည္းပဲလည္း မလိုပါဘူး..

အေၾကာင္းအက်ိဳးေတြကို ေဝဖန္ဆန္းစစ္ျပီး

ဟုတ္ႏိုင္သည္ မဟုတ္ႏိုုင္သည္ ဆုံးျဖတ္ပါ..

အရာရာဟာ ငါ႔အတြက္ သူ႔အတြက္ပါလားလို႔ ျမင္တတ္ပါေစ..

တရားေသသတ္မွတ္ျပီးသား မဟုတ္သလို

ကိုယ္ျပဳတဲ့ကံတိုင္းဟာ အရာမထင္ အေထာက္အပ့ံမရွိတာ မဟုတ္ျပန္ပါဘူး..

ေနာက္က်ေနျပီ ေစာေနေသးတယ္ အသတ္မွတ္ပါနဲ႔..

ေကာင္းမယ္ဆိုရင္ ထလုပ္လိုက္ပါ..

ေကာင္းတာကိုလည္း မပစ္ပယ္ပါနဲ႔..

မေကာင္းတာကိုလည္း မဖုံးကြယ္ပါနဲ႔..

ေကာင္းတာကို ခ်ီးမြမ္းျပီး

မေကာင္းတာကို ေထာက္ျပေဝဖန္ ျပဳျပင္ေပးပါ..

အခက္အခဲေတြ႕တိုင္း စိတ္ပ်က္အားေလ်ာ့ေနစရာမလိုသလို

အခက္အခဲကို အခက္အခဲမဟုတ္ပါဘူးဆိုျပီးလည္း

ေပါ႔ေလ်ာ့လို႔ မရျပန္ပါဘူး..

အခက္အခဲကို ေက်ာ္လႊားဖို႔အတြက္ နည္းလမ္းရွာေဖြၿပီး ေခါင္းေအးေအးထား ေျဖရွင္းဖို႔လုပ္တာကသာ အသင့္ေတာ္ဆုံးပါ..

စိတ္ညစ္တိုင္း အရက္ေသာက္ဖို႔ တစ္နည္းပဲရွိတာ မဟုတ္သလို

အရက္ေသာက္တိုင္း စိတ္ညစ္တာ မေပ်ာက္ပါဘူး..

ဒီတစ္လမ္းပဲရွိတယ္လို႔ ဆုပ္ကိုင္ထားလိုက္တာနဲ႔

တစ္ျခားနည္းလမ္းေကာင္းေတြကို ျမင္ႏိုင္ဖို႔ မလြယ္ေတာ့ပါဘူး..

စိတ္ညစ္တာကို ရင္ဖြင့္ဖို႔

ကဗ်ာေတြသီခ်င္းေတြ သီကုံးျပီး ဖြင့္ဆိုလည္း ရပါတယ္..

တရားနဲ႔ ေျဖတတ္ေအာင္လုပ္တာကေတာ့ အေကာင္းဆုံးပါ..

အလိုမက်တိုင္း ရန္ရွာေနလို႔

အလိုမက်မႈကို ေအာင္ႏိုင္မွာမဟုတ္ပါဘူး..

အလိုမက်မႈကို သည္းခံတတ္မွ

ျငိမ္းခ်မ္းမႈဆိုတဲ့ ေအာင္ျမင္မႈကို ရရွိမွာပါ..

ဘယ္ေတာ့မွ အစြန္းမေရာက္ပါနဲ႔..

အစြန္းေရာက္တဲ့အရာတိုင္းဟာ

ျပဳတ္က်ဖို႔ ပိုနီးတယ္ဆိုတာ သတိထားမိပါေစ..

writer&credit>original uploader

ဗဟုသုတအျဖစ္ ျပန္လည္မၽွေဝပါသည္

Unicode >>>

“အစွန်းရောက်တဲ့အရာတိုင်းဟာ ပြုတ်ကျဖို့ ပိုနီးတယ်”

အလိုမကျတိုင်း ရန်ရှာနေရင်

လူမိုက်ဖြစ်သွားလိမ့်မယ်..

စိတ်ညစ်တိုင်း အရက်သောက်နေရင်

အရက်သမားဖြစ်သွားတတ်တယ်..

အခက်အခဲတွေ့တိုင်း ညည်းတွားနေရင်

အောင်မြင်မှုဆိုတဲံ့လမ်း ပျောက်သွားတတ်တယ်..

အရာရာကို မကောင်းမြင်နေရင်

အဆိုးမြင်ဝါဒီလို့ အခေါ်ခံရလိမ့်မယ်..

အကောင်းမြင်စိတ်ထားတာပါဆိုပြီး

မကောင်းတာကို အကောင်းလုပ်ပြောနေရင်လည်း ငပေါကြီးဖြစ်တတ်တယ်..

ကောင််းတာလေးတွေကို ချီးမွမ်းပြီး

မကောင်းတာတွေကို ဖုံးကွယ်ထားပြန်ရင်လည်း

မတရားသော ဘက်လိုက်သူလို့ အပြောခံရလိမ့်မယ်..

“ငါလုပ်ဖို့ စောနေသေးတယ်”

“အချိန်အများကြီးကျန်ပါသေးတယ်”လို့ တွေးတဲ့အခါမှ

နောက်ကျသွားတတ်တာ..

အရာရာဟာ နောက်ကျသွားပြီဆိုပြီး

ဘာမှမလုပ်နိုင်ဘူးလို့ ခံယူလိုက်တာကလည်း

ဘဝကို အရှုံးပေးလိုက်ရာကျတယ်..

ဘဝဆိုတာ ဝမ်းနည်းစရာပဲလို့ အမြဲထင်နေရင်

ပျော်ရွှင်မှုကို ရှာတွေ့မှာ မဟုတ်ပြန်ပါဘူး..

အရာရာဟာ ငါ့အတွက်ချည်းပဲဆိုရင်လည်း

အတ္တကြီးရာကျတာပေါ့..

အရာရာဟာ ငါ့အတွက်မဟုတ်ပါဘူးဆိုပြီး

မှိုင်နေရုံပဲရှိတာပေါ့လို့ ထင်လိုက်တာနဲ့

စိတ်ကျဝေဒနာရှင် ဖြစ်သွားလိမ့်မယ်..

ဘဝဆိုတာ တစ်စုံတစ်ယောက်က သတ်မှတ်ပြဋ္ဌာန်းပြီးသား ဒါမှမဟုတ်

အတိတ်ကံကသာ ချယ်လှယ်နေတယ် ယူဆလိုက်ရင်

ပစ္စုပ္ပန်မှာ ရှုံးနိမ့်သွားလိမ့်မယ်..

ဘဝပျက်တယ်ယူဆရင်တော့

ကံ ကံ၏အကျိုးကို ပယ်ရာကျပြီး

တစ်ဘဝစာအတွက် မလုပ်သင့်တာတွေ လုပ်မိသွားတတ်တယ်..

ဘဝဆက်တယ် မြဲတယ်ဆိုပြီး စွဲလမ်းနေရင်လည်း

နိဗ္ဗာန်နဲ့ ဝေးသွားလိမ့်မယ်..

သူများပြောတိုင်း ယုံနေရင်လည်း

အလိမ်ခံရတတ်တယ်..

နေရာတိုင်းမှာ ငါမြင်ရ ငါတွေ့ရမှ ငါကိုယ်တိုင်ကြုံဖူးမှ

လက်ခံမယ်ဆိုရင်လည်း ကိုယ့်အဖေအမေတောင် ဟုတ်ပါ့မလားလို့

သံသယ ဝင်သွားနိုင်တယ်..

ခန္ဓာကြီးက ဘာမှမဟုတ်ဘူး မုန်းစရာကြီးပါဆိုပြီး မစားမသောက် မပြုမပြင် ဂရုမစိုက်ပဲ ပစ်စလက်ခတ်နေလိုက်ရင်လည်း

ဒုက္ခဖိစီးပြီး အကျိုးမများနိုင်ပြန်ဘူး..

ခန္ဓာကြီးကို တွယ်တာမက်မောပြီး

အိုဟောင်းသွားတာတွေကို နှမြောနေပြန်ရင်လည်း

စိတ်သောက ဖိစီးပါလိမ့်မယ်..

သော့လေးတစ်ချောင်း ရှိတယ်..

အဲဒီသော့လေးနာမည်က အလယ်အလတ်လမ်းစဉ်တဲ့..

တစ်ကယ်တော့ ခန္ဓာကြီးကို

မုန်းတီးနေရမှာ ရွံရှာနေရမှာ မဟုတ်ပါဘူး..

စွဲလမ်းနေရမှာလည်း မဟုတ်ပါဘူး..

ရုပ်တရားရဲ့ဖြစ်ပျက်ပြောင်းလဲပြီး သူ့သဘောသူဆောင်နေတာလေးတွေကို ရှုမှတ်ပြီး

အမြဲမရှိနိုင်ပါလားလို့ မြင်တတ်တာကမှ ဉာဏ်အလင်းပါ..

ဘဝပျက်တယ် ဆက်တယ်ဆိုပြီး တထစ်ချကြီး အစွန်းရောက်မနေပါနဲ့..

အတိတ်နဲ့ အနာဂတ်ကြားက ပစ္စုပ္ပာန်မှာသာ ကောင်းအောင်လုပ်ပါ..

အဲ့ဒီအခါ ကျန်ခဲ့တဲ့အတိတ်လည်းကောင်းပြီး

နောင်လာမဲ့ ပစ္စုပ္ပာန်အလောင်းအလျာအနာဂတ်ကလည်း လှပနေမှာပါ..

သူများပြောတိုင်း ခေါင်းညိတ်နေဖို့ မလိုသလို

မဟုတ်ဘူးဆိုပြီး ခေါင်းခါဖို့ချည်းပဲလည်း မလိုပါဘူး..

အကြောင်းအကျိုးတွေကို ဝေဖန်ဆန်းစစ်ပြီး

ဟုတ်နိုင်သည် မဟုတ်နိုုင်သည် ဆုံးဖြတ်ပါ..

အရာရာဟာ ငါ့အတွက် သူ့အတွက်ပါလားလို့ မြင်တတ်ပါစေ..

တရားသေသတ်မှတ်ပြီးသား မဟုတ်သလို

ကိုယ်ပြုတဲ့ကံတိုင်းဟာ အရာမထင် အထောက်အပ့ံမရှိတာ မဟုတ်ပြန်ပါဘူး..

နောက်ကျနေပြီ စောနေသေးတယ် အသတ်မှတ်ပါနဲ့..

ကောင်းမယ်ဆိုရင် ထလုပ်လိုက်ပါ..

ကောင်းတာကိုလည်း မပစ်ပယ်ပါနဲ့..

မကောင်းတာကိုလည်း မဖုံးကွယ်ပါနဲ့..

ကောင်းတာကို ချီးမွမ်းပြီး

မကောင်းတာကို ထောက်ပြဝေဖန် ပြုပြင်ပေးပါ..

အခက်အခဲတွေ့တိုင်း စိတ်ပျက်အားလျော့နေစရာမလိုသလို

အခက်အခဲကို အခက်အခဲမဟုတ်ပါဘူးဆိုပြီးလည်း

ပေါ့လျော့လို့ မရပြန်ပါဘူး..

အခက်အခဲကို ကျော်လွှားဖို့အတွက် နည်းလမ်းရှာဖွေပြီး ခေါင်းအေးအေးထား ဖြေရှင်းဖို့လုပ်တာကသာ အသင့်တော်ဆုံးပါ..

စိတ်ညစ်တိုင်း အရက်သောက်ဖို့ တစ်နည်းပဲရှိတာ မဟုတ်သလို

အရက်သောက်တိုင်း စိတ်ညစ်တာ မပျောက်ပါဘူး..

ဒီတစ်လမ်းပဲရှိတယ်လို့ ဆုပ်ကိုင်ထားလိုက်တာနဲ့

တစ်ခြားနည်းလမ်းကောင်းတွေကို မြင်နိုင်ဖို့ မလွယ်တော့ပါဘူး..

စိတ်ညစ်တာကို ရင်ဖွင့်ဖို့

ကဗျာတွေသီချင်းတွေ သီကုံးပြီး ဖွင့်ဆိုလည်း ရပါတယ်..

တရားနဲ့ ဖြေတတ်အောင်လုပ်တာကတော့ အကောင်းဆုံးပါ..

အလိုမကျတိုင်း ရန်ရှာနေလို့

အလိုမကျမှုကို အောင်နိုင်မှာမဟုတ်ပါဘူး..

အလိုမကျမှုကို သည်းခံတတ်မှ

ငြိမ်းချမ်းမှုဆိုတဲ့ အောင်မြင်မှုကို ရရှိမှာပါ..

ဘယ်တော့မှ အစွန်းမရောက်ပါနဲ့..

အစွန်းရောက်တဲ့အရာတိုင်းဟာ

ပြုတ်ကျဖို့ ပိုနီးတယ်ဆိုတာ သတိထားမိပါစေ..

writer&credit>original uploader

ဗဟုသုတအဖြစ် ပြန်လည်မျှဝေပါသည်