ထမင္​းစားၿမိန္​​ေစမယ္​့ ပဲကုလားဟင္း​ေကာင္​း​ေကာင္​း ခ်က္နည္း

ထမင္​းစားၿမိန္​​ေစမယ္​့ ပဲကုလားဟင္း​ေကာင္​း​ေကာင္​း ခ်က္နည္း

ပါဝင္ပစၥည္းမ်ား

ကုလားပဲျခမ္း- ၁၀ က်ပ္သား
အာလူး – ၃ လံုး

ခရမ္းသီး – ၂ လံုး
မုန္လာဥ – ၁ လံုး

ဒန္.သလြန္သီး – ၂ ေတာင့္
ျကက္သြန္နီ – ၂ လံုး

ျကက္သြန္ျဖဴ – ၅ မႊာ
ငရုတ္သီးအနီေတာင့္- ၅ ေတာင့္

ဆီသတ္ရြက္- ၂ ခက္
ဆီ ၊ ဆား
ျကက္သားမႈန္.

ငရုတ္သီးမႈန္.
နႏြင္းမႈန္.

မန္က်ည္းရည္
ဒန္ေပါက္မဆလာ

ခ်က္ျပဳတ္နည္း

အရင္ဆံုး ကုလားပဲျခမ္းကို တစ္ညေရစိမ္ထားပါ။

အာလူး၊ခရမ္းသီး၊မုန္လာဥ၊ဒန္.သလြန္သီး၊ျကက္သြန္နီ၊ျကက္သြန္ျဖဴတို.ကို ေရေဆးလွီးျပီး ငရုတ္သီးမႈန္.၊နႏြင္းမႈန္.၊ဆား၊ျကက္သားမႈန္.နဲ.နယ္ထားပါ။

ျပီးရင္ ဒန္အိုးထဲ ေရလိုသေလာက္ထည့္ျပီး ကုလားပဲျခမ္းကို ပြက္ပြက္ဆူေအာင္ ျပဳတ္ပါ။

ကုလားပဲျခမ္းမ်ား အနည္းငယ္နူးျပီး ကြဲလာလ်ွင္ နယ္ထားတာေတြထည့္ပါ။ဆီအနည္းငယ္ထည့္ပါ။

ေရလိုရင္ ထပ္ထည့္ပါ။
ပြက္ပြက္ဆူေအာင္တည္ပါ။

ငရုတ္သီးအနီေတာင့္ကို နွစ္ပိုင္းလွီးထည့္ပါ။မန္က်ည္းရည္ထည့္ပါ။ အရသာလိုသလိုျပင္ပါ။

အာလူး၊ခရမ္းသီးမ်ား နူးျပီး အရသာအဆင္ေျပရင္ မဆလာ၊ဆီသတ္ရြက္ထည့္ျပီး ခဏတည္ေပးပါ။

အခုဆိုရင္ ပူပူ​ေလးနဲ႔ အနံ႔ ​ေမႊးႀကိဳင္​တဲ့ ပဲကုလားဟင္းကို အရသာရွိစြာ သံုးေဆာင္နိုင္ပါျပီ။

Kyaw Min Htwe

Unicode >>>

ထမင်​းစားမြိန်​​စေမယ်​့ ပဲကုလားဟင်း​ကောင်​း​ကောင်​း ချက်နည်း

ပါဝင်ပစ္စည်းများ

ကုလားပဲခြမ်း- ၁၀ ကျပ်သား
အာလူး – ၃ လုံး

ခရမ်းသီး – ၂ လုံး
မုန်လာဥ – ၁ လုံး

ဒန်.သလွန်သီး – ၂ တောင့်
ကြက်သွန်နီ – ၂ လုံး

ကြက်သွန်ဖြူ – ၅ မွှာ
ငရုတ်သီးအနီတောင့်- ၅ တောင့်

ဆီသတ်ရွက်- ၂ ခက်
ဆီ ၊ ဆား
ကြက်သားမှုန်.

ငရုတ်သီးမှုန်.
နနွင်းမှုန်.

မန်ကျည်းရည်
ဒန်ပေါက်မဆလာ

ချက်ပြုတ်နည်း

အရင်ဆုံး ကုလားပဲခြမ်းကို တစ်ညရေစိမ်ထားပါ။

အာလူး၊ခရမ်းသီး၊မုန်လာဥ၊ဒန်.သလွန်သီး၊ကြက်သွန်နီ၊ကြက်သွန်ဖြူတို.ကို ရေဆေးလှီးပြီး ငရုတ်သီးမှုန်.၊နနွင်းမှုန်.၊ဆား၊ကြက်သားမှုန်.နဲ.နယ်ထားပါ။

ပြီးရင် ဒန်အိုးထဲ ရေလိုသလောက်ထည့်ပြီး ကုလားပဲခြမ်းကို ပွက်ပွက်ဆူအောင် ပြုတ်ပါ။

ကုလားပဲခြမ်းများ အနည်းငယ်နူးပြီး ကွဲလာလျှင် နယ်ထားတာတွေထည့်ပါ။ဆီအနည်းငယ်ထည့်ပါ။

ရေလိုရင် ထပ်ထည့်ပါ။
ပွက်ပွက်ဆူအောင်တည်ပါ။

ငရုတ်သီးအနီတောင့်ကို နှစ်ပိုင်းလှီးထည့်ပါ။မန်ကျည်းရည်ထည့်ပါ။ အရသာလိုသလိုပြင်ပါ။

အာလူး၊ခရမ်းသီးများ နူးပြီး အရသာအဆင်ပြေရင် မဆလာ၊ဆီသတ်ရွက်ထည့်ပြီး ခဏတည်ပေးပါ။

အခုဆိုရင် ပူပူ​လေးနဲ့ အနံ့ ​မွှေးကြိုင်​တဲ့ ပဲကုလားဟင်းကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Kyaw Min Htwe