ဆီးချို ရောဂါ အတွက် ကြက် နဲ့ သံပုရာသီး ပဲလိုတယ်














ခုဆို သူဟာ အသက် ၇၁ နှစ် သားသမီး မြေးမြစ်တွေရှိရာ ကနေဒါနဲ့  အမေရိကား မှာ သွားရောက်နေထိုင်ရင်း ကျန်းမာစွာနဲ့  ဘဝကို ဖြတ်သန်းနေပါသတဲ့






Credit: Myawady

Unicode >>>

လူတယောက်ဟာ တနေ ့မှာနေမကောင်းဖြစ်သတဲ့ သူဟာ အာတွေခြောက်ပြီး အမြဲ ရေဆာ ထမင်း လည်း အမြဲဆာနေသလို တုန်နေသတဲ့

ချွေးစေး တွေပြန် ဆီး ကခဏခဏသွားတာနဲ ့ဆရာဝန်ပြ စစ်ဆေးကြည့်တော့ ဆီးချို ရောဂါ ဖြစ်နေပါသတဲ့ ဒီလို နဲ ့ ဆေးစားလာတာ ၂ နှစ်လောက် ကြာပါတယ်

အသက် ၅၇ မှာ မလေးရှား က သူ ့မောင်နှမတွေဆီလာလည်တော့ သူ ့မှာ ဆီးချို ရောဂါ ဖြစ်နေတာကို သိတော့ ညီတယောက်က ဒီ ကြက်သံပုရာပေါင်း ကို လုပ်ကျွေး ပါတယ်

နှစ်ပေါင်း ၂၅ နှစ်လောက် ဆီးချို ရောဂါ ခံစားနေရတဲ့သူက ဒီနည်းနဲ ့ပျောက်ကင်းသက်သာရာရခဲ့လို ့ သူလည်း ပျောက်ချင်စိတ်နဲ ့ သောက်ပါသတဲ့

ကြက်ပေါင်း နည်းက ၆၀သားလောက် အနေတော် ကြက် တကောင်ကို ခြေထောက်နဲ ့ ခေါင်း ဖြတ်ပြီး

သံပုရာသီး ၄ လုံးကို ထက်ခြမ်းခွဲ ထည့် ဆား အနည်းငယ် နဲ ့ ရေကို ကြက် မြုပ်ရုံထည့်ပြီး ပေါင်းတာ ပါပဲ

အဲဒီ ကြက်ပေါင်း ကို သူ ့ဆွေမျိုးတွေက သူမလေးရှားမှာနေစဉ် ၄ ကြိမ် လုပ်ကျွေးခဲ့တယ်

အရသာက ဆိုးတော့ ကြက်တကောင်ပေါင်းရင် ကုန်အောင် တပတ်လောက်ထားစားရသတဲ့

သူက ဆွပ်ပ် သောက်သလို သောက်လိုက် ညလယ်စာအဖြစ် တရေးနိုးထစားလိုက်နဲ ့ လုပ်ခဲ့ပါတယ်

ဒီလိုနဲ ့ ၂ လ အကြာ သူ ထိုင်ဝမ်ကို ပြန်တဲ့အခါ ဆေးစစ်ကြည့်တော့ ဆီးချို အတက်အကျ မရှိတော့လို ့

ဆရာဝန် က ဆီးချိုအတွက် သောက်ရတဲ့ဆေးတွေ ဖြတ်ပေးလိုက်ပါတယ်

ဆီးချို တိုင်း ကိရိယာ လေးနဲ ့ အမြဲပဲ စောင့်စစ်ဆေးတော့လဲ ပုံမှန်ပဲ ဖြစ်နေပါတယ်

အဲဒီနောက်ပိုင်းလည်း တစ်လ တကြိမ်လောက်တော့လုပ်စားဖြစ်ပါတယ်

ခုဆို သူဟာ အသက် ရ၁ နှစ် သားသမီး မြေးမြစ်တွေရှိရာ ကနေဒါနဲ ့ အမေရိကား မှာ သွားရောက်နေထိုင်ရင်း ကျန်းမာစွာနဲ ့ ဘဝကို ဖြတ်သန်းနေပါသတဲ့

ဆီးချို အတွက် လုပ်စားကြည့်လို ့လည်း ဥပါဒ် မဖြစ်နိုင် ပျောက်ရင် အမြတ် မပျောက်ရင် အရင်း ဆိုပြီး ဆီးချို ဝေဒနာသည်တယောက်ကို ဒီနေ ့ ကြက်သံပုရာပေါင်း လုပ်ကျွေးပါတယ်

အတွင်းကလီစာများကို ထုတ်ပြီး သန် ့စင်ထားတဲ့ ကြက် ( မွေးမြူရေး ကြက် မဟုတ်တဲ့ ဗမာကြက် ရရင် ပိုကောင်းပါတယ် )

ကို ခေါင်း နဲ ့ ခြေထောက်ဖြတ်ပြီး သံပုရာသီး ၄ လုံးကို ကို ခြမ်းပြီး ကြက် ကို ရေမြုပ်ရုံထည့် ပြီး မီးအေးအေး မှာ ၂ ထပ်ပေါင်းအိုးနဲ ့ ၁ နာရီ နီးပါး ပေါင်းပါတယ်

ဒယ်အိုးထဲမှာရေထည့်ပြီး ကြက်ထည့်ထားတဲ့ အိုးကိုထည့်ပေါင်းလည်းရပါတယ်

ဟပ်က ( Hokkien ) လူမျိုးတို ့ရဲ ့ ရိုးရာ ဆေးနည်း လို ့ သိရပါတယ် ဆေးလည်း အစာ အစာ လည်း ဆေး ပေါ့နော် ..

Credit: Myawady