လူၾကီး မိဘမ်ားလုံးဝေက်ာ္မသြားပါနဲ. ကေလးေတြ အသက္နဲ.ဆိုင္လို႕ပါ

တစ္ရက္တည္းမွာ ျဖစ္ပ်က္သြားတယ္။

မနက္ပိုင္း

ကေလးေဆးခန္း

“နင့္ကိုငါ သတ္မိေတာ့မယ္”

ကေလးအေဖက သူ႔မိန္မကို ႀကိမ္းေမာင္းေနတာ။

ကေလးႏွာေခါင္းထဲ ေျပာင္းဖူးေစ့ ဝင္သြားတာကို သူ႔မိန္မ ကေလးကို ဂ႐ုမစိုက္

လို႔ျဖစ္ရတာဆိုၿပီး ေဒါသေတြထြက္ေနလို႔ ေတာ္ေတာ္ ေဖ်ာင္းဖ်ယူရတယ္။

က်ေနာ္ရွင္းျပတယ္။

(၁)ႏွာေခါင္းထဲက ေျပာင္းဖူးေစ့ကို ေဆးခန္းမွာ ႀကိဳးစားထုတ္ၾကည့္မယ္…မရရင္

(၂)ေဆးရံုမွာ အိပ္ေဆးေပးၿပီး ထုတ္မယ္…မရရင္

(၃)နား၊ႏွာေခါင္း၊လည္ေခ်ာင္းအထူးကုဆရာဝန္ ေဒါက္တာ ေမာင္ေမာင္သန္းရွိတဲ့ က်ိဳင္းတံု(မိုင္တစ္ရာခန္႔ေဝး)သြားမွရမယ္လို႔…

ေဆးခန္းမွာ ထုတ္ဖို႔ႀကိဳးစားတယ္။ကံဆိုးတယ္။မရဘူး။

ေဆးရံုေခၚသြားရတယ္။

ေဆးရံုမွာ အိပ္ေဆးထိုးၿပီးထုတ္တယ္။ကံေကာင္းတယ္။ေျပာင္းဖူးေစ့ ထြက္သြားတယ္။

“အခုမွ စိတ္ေအးရတယ္ဗ်ာ…က်ိဳင္းတံုသြားစရာ မလိုေတာ့ဘူးေပါ့ေနာ္ ဆရာ..”

“ဟုတ္တယ္..မသြားရေတာ့ဘူး…ေနာက္မျဖစ္ေအာင္ ကေလးကို ဂ႐ုစိုက္ေပါ့”

“ဟုတ္ကဲ့ ဆရာ..ေက်းဇူးအရမ္းတင္တယ္ေနာ္ ဆရာ”

“ဟုတ္ပါၿပီဗ်ာ”

အဲဒီေန႔ ညေနပိုင္း

ေဆးရံုကေနဖုန္းဆက္လာတယ္

“ဆရာေရ..ကေလးတစ္ေယာက္ေဆးရံုလာတက္တယ္”

“ဘာေက့စ္လဲ”

“ေလးဖ်န္းေနတဲ့ သူ႔အဖြား လိမ္းဖို႔ဝယ္လာတဲ့တိုင္းရင္းေဆးရည္ကို မွားေသာက္မိလို႔”

ေဆးရံုသြားၾကည့္ရျပန္တယ္…

ေသာက္မိတဲ့ေဆးၾကည့္လိုက္ေတာ့ အိမ္မွာေဖာ္စပ္ထားတဲ့ပံုစံ။တံဆိပ္မပါ။ဘယ္လိုေဖာ္စပ္ထားတာလဲ မသိရ။

ပုလင္းကို နမ္းၾကည့္ေတာ့ အရက္နံ ့ရတယ္။စိတ္ထဲမွာေတာ့ မွားေသာက္မိတဲ့ ေဆးထဲ အရက္မ်ားမ်ားပါပါေစလို႔ က်ိတ္ၿပီးဆုေတာင္းရတယ္။

ဟုတ္တယ္ေလ အရက္ခ်ည္းပဲေသာက္မိရင္ေတာင္ အခ်ိန္တန္ရင္ ျပန္ေကာင္းလာမွာ ေစာင့္ၾကည့္ရံုပဲ။အခုေတာ့..

ဘာေတြပါမွန္းမသိေတာ့ အရိပ္တၾကည့္ၾကည့္ေစာင့္ၾကည့္ ၿပီး ကုသမႈေပးရတာပ။

ကေလးကံေကာင္းပါတယ္…

ေဆးရံုမွာ သံုးရက္ေနေတာ့ ေတာ္ေတာ္ေကာင္းသြားလို႔ ဆင့္ခြင့္ေပးလိုက္ၿပီ။မိဘေတြကို မွာရျပန္တယ္..

“ကေလးကို ေနာက္ဒါမ်ိဳးမျဖစ္ေအာင္ ေသခ်ာဂ႐ုစိုက္ၾကပါဗ်”

အဲဒီေန႔ ညပိုင္း

ပုဂၢလိကေဆးရံုက ဖုန္းဝင္လာတယ္

“ဆရာေရ…သံုးႏွစ္သားကေလးတစ္ေယာက္ cefixime 200mg ေလးလံုး(800mg)သာက္မိလို႔”

အင္..လုပ္ျပန္ၿပီ..

ဒီေန႔ ကံမေကာင္းပါလား..

cefixime က ပိုးသတ္ေဆး(antibiotic)…သူ႔အရြယ္နဲ႔ဆို ေသာက္သင့္တာထက္

ေျခာက္ဆေလာက္ ပိုၿပီးေသာက္မိတယ္။အႏၲရာယ္ အရမ္းမ်ားတယ္။

မိဘေတြက မွားသာက္ၿပီး နာရီဝက္အတြင္း ခ်က္ခ်င္းေဆးရံုေရာက္လာေတာ့ အစာအိမ္ထဲက ေဆးကိုရသမွ် ေဆးေၾကာထုတ္(gastric lavage) လုပ္၊

အနီးကပ္ ေစာင့္ၾကည့္ကုသၿပီး ေကာင္းသြာတယ္။

သံေခ်ာင္းတို႔ အေဖ ကံေကာင္းလို႔ မေသေပါ့ဗ်ာ…

မိဘေတြကို မွာရျပန္တယ္

“ေနာက္ထပ္ဒါမ်ိဳးမျဖစ္ေအာင္ ေဆးေတြကို ကေလးေတြလက္လွမ္းမမီတဲ့ ေနရာမွာ ေသခ်ာထားရတယ္..ေနာက္ ေသခ်ာဂ႐ုစိုက္ဗ်”

ေမာတယ္ဗ်ာ မိဘေတြမွာရတာ..

ေနာက္ဒါမ်ိဳးျဖစ္တာေတြ နည္းေအာင္လို႔ Facebook ကေန သတိေပးလိုက္ပါရဲ႕ဗ်ာ။

Credit: ေဒါက္တာေက်ာ္စြာျမင့္ (ကေလးအထူးကု)

Unicode >>>

တစ်ရက်တည်းမှာ ဖြစ်ပျက်သွားတယ်။

မနက်ပိုင်း

ကလေးဆေးခန်း

“နင့်ကိုငါ သတ်မိတော့မယ်”

ကလေးအဖေက သူ့မိန်မကို ကြိမ်းမောင်းနေတာ။

ကလေးနှာခေါင်းထဲ ပြောင်းဖူးစေ့ ဝင်သွားတာကို သူ့မိန်မ ကလေးကို ဂရုမစိုက်

လို့ဖြစ်ရတာဆိုပြီး ဒေါသတွေထွက်နေလို့ တော်တော် ဖျောင်းဖျယူရတယ်။

ကျနော်ရှင်းပြတယ်။

(၁)နှာခေါင်းထဲက ပြောင်းဖူးစေ့ကို ဆေးခန်းမှာ ကြိုးစားထုတ်ကြည့်မယ်…မရရင်

(၂)ဆေးရုံမှာ အိပ်ဆေးပေးပြီး ထုတ်မယ်…မရရင်

(၃)နား၊နှာခေါင်း၊လည်ချောင်းအထူးကုဆရာဝန် ဒေါက်တာ မောင်မောင်သန်းရှိတဲ့ ကျိုင်းတုံ(မိုင်တစ်ရာခန့်ဝေး)သွားမှရမယ်လို့…

ဆေးခန်းမှာ ထုတ်ဖို့ကြိုးစားတယ်။ကံဆိုးတယ်။မရဘူး။

ဆေးရုံခေါ်သွားရတယ်။

ဆေးရုံမှာ အိပ်ဆေးထိုးပြီးထုတ်တယ်။ကံကောင်းတယ်။ပြောင်းဖူးစေ့ ထွက်သွားတယ်။

“အခုမှ စိတ်အေးရတယ်ဗျာ…ကျိုင်းတုံသွားစရာ မလိုတော့ဘူးပေါ့နော် ဆရာ..”

“ဟုတ်တယ်..မသွားရတော့ဘူး…နောက်မဖြစ်အောင် ကလေးကို ဂရုစိုက်ပေါ့”

“ဟုတ်ကဲ့ ဆရာ..ကျေးဇူးအရမ်းတင်တယ်နော် ဆရာ”

“ဟုတ်ပါပြီဗျာ”

အဲဒီနေ့ ညနေပိုင်း

ဆေးရုံကနေဖုန်းဆက်လာတယ်

“ဆရာရေ..ကလေးတစ်ယောက်ဆေးရုံလာတက်တယ်”

“ဘာကေ့စ်လဲ”

“လေးဖျန်းနေတဲ့ သူ့အဖွား လိမ်းဖို့ဝယ်လာတဲ့တိုင်းရင်းဆေးရည်ကို မှားသောက်မိလို့”

ဆေးရုံသွားကြည့်ရပြန်တယ်…

သောက်မိတဲ့ဆေးကြည့်လိုက်တော့ အိမ်မှာဖော်စပ်ထားတဲ့ပုံစံ။တံဆိပ်မပါ။ဘယ်လိုဖော်စပ်ထားတာလဲ မသိရ။

ပုလင်းကို နမ်းကြည့်တော့ အရက်နံ ့ရတယ်။စိတ်ထဲမှာတော့ မှားသောက်မိတဲ့ ဆေးထဲ အရက်များများပါပါစေလို့ ကျိတ်ပြီးဆုတောင်းရတယ်။

ဟုတ်တယ်လေ အရက်ချည်းပဲသောက်မိရင်တောင် အချိန်တန်ရင် ပြန်ကောင်းလာမှာ စောင့်ကြည့်ရုံပဲ။အခုတော့..

ဘာတွေပါမှန်းမသိတော့ အရိပ်တကြည့်ကြည့်စောင့်ကြည့် ပြီး ကုသမှုပေးရတာပ။

ကလေးကံကောင်းပါတယ်…

ဆေးရုံမှာ သုံးရက်နေတော့ တော်တော်ကောင်းသွားလို့ ဆင့်ခွင့်ပေးလိုက်ပြီ။မိဘတွေကို မှာရပြန်တယ်..

“ကလေးကို နောက်ဒါမျိုးမဖြစ်အောင် သေချာဂရုစိုက်ကြပါဗျ”

အဲဒီနေ့ ညပိုင်း

ပုဂ္ဂလိကဆေးရုံက ဖုန်းဝင်လာတယ်

“ဆရာရေ…သုံးနှစ်သားကလေးတစ်ယောက် cefixime 200mg လေးလုံး(800mg)သာက်မိလို့”

အင်..လုပ်ပြန်ပြီ..

ဒီနေ့ ကံမကောင်းပါလား..

cefixime က ပိုးသတ်ဆေး(antibiotic)…သူ့အရွယ်နဲ့ဆို သောက်သင့်တာထက်

ခြောက်ဆလောက် ပိုပြီးသောက်မိတယ်။အန္တရာယ် အရမ်းများတယ်။

မိဘတွေက မှားသာက်ပြီး နာရီဝက်အတွင်း ချက်ချင်းဆေးရုံရောက်လာတော့ အစာအိမ်ထဲက ဆေးကိုရသမျှ ဆေးကြောထုတ်(gastric lavage) လုပ်၊

အနီးကပ် စောင့်ကြည့်ကုသပြီး ကောင်းသွာတယ်။

သံချောင်းတို့ အဖေ ကံကောင်းလို့ မသေပေါ့ဗျာ…

မိဘတွေကို မှာရပြန်တယ်

“နောက်ထပ်ဒါမျိုးမဖြစ်အောင် ဆေးတွေကို ကလေးတွေလက်လှမ်းမမီတဲ့ နေရာမှာ သေချာထားရတယ်..နောက် သေချာဂရုစိုက်ဗျ”

မောတယ်ဗျာ မိဘတွေမှာရတာ..

နောက်ဒါမျိုးဖြစ်တာတွေ နည်းအောင်လို့ Facebook ကနေ သတိပေးလိုက်ပါရဲ့ဗျာ။

Credit: ဒေါက်တာကျော်စွာမြင့် (ကလေးအထူးကု)