Advertisement

ေျခေထာက္ႏွစ္ဖက္လံုးဆံုးရံႈးခဲ့ေပမယ့္ ဘ၀ကိုအရံႈးမေပးခဲ့တဲ့အကဆရာမေလး…ျဖစ္သြားပံုက ဒီလိုပါ..

ေျခေထာက္ႏွစ္ဖက္လံုးဆံုးရံႈးခဲ့ေပမယ့္ ဘ၀ကိုအရံႈးမေပးခဲ့တဲ့အကဆရာမေလး…ျဖစ္သြားပံုက ဒီလိုပါ.. 2

ေျခေထာက္ႏွစ္ဖက္လံုးဆံုးရံႈးခဲ့ေပမယ့္ ဘ၀ကိုအရံႈးမေပးခဲ့တဲ့အကဆရာမေလး

Liao Zhi အမည္ရွိတဲ့ တရုတ္ျပည္က အကဆရာမတစ္ေယာက္အတြက္ေတာ့ ၂၀၀၈ခုႏွစ္ဟာအဆိုးရြားဆံုးႏွစ္ျဖစ္ခဲ့ပါတယ္။ ၂၀၀၈ခုႏွစ္ လူအေသအေပ်ာက္မ်ားျပားခဲ့တဲ့ စီခြ်မ္ငလ်င္မွာ သူမရဲ႕ေျခေထာက္ႏွစ္ဖက္အျပင္ ေယာကၡမျဖစ္သူနဲ႔ သမီးေလးကိုဆံုးရံႈးခဲ့ရပါတယ္။

Liao Chi ဟာတရုတ္ျပည္ စီခြ်မ္ျပည္နယ္က အကဆရာမတစ္ေယာက္ျဖစ္ၿပီး ေယာက်္ားျဖစ္သူ၊ သမီးျဖစ္သူတုိ႔နဲ႔အတူေနထိုင္ပါတယ္။ ငလ်င္မတိုင္မီတုန္းကေတာ့ သူမရဲ႕ ၁၀လအရြယ္သမီးေလးနဲ႔အတူ ၀ါသနာပါတဲ့ အကပညာရပ္နဲ႔အသက္ေမြးရင္း ေပ်ာ္ရႊင္ခ်မ္းေျမ့တဲ့ဘ၀ေလးရခဲ့ပါတယ္။

ေျခေထာက္ႏွစ္ဖက္လံုးဆံုးရံႈးခဲ့ေပမယ့္ ဘ၀ကိုအရံႈးမေပးခဲ့တဲ့အကဆရာမေလး…ျဖစ္သြားပံုက ဒီလိုပါ.. 3

ငလ်င္ၾကီးျဖစ္သြားတဲ့အခါ သူမရဲ႕မိသားစု၀င္ေတြက တိုက္ခန္းအထပ္သံုးလႊာေလာက္အနက္ရွိတဲ့ ေျမေအာက္ထဲေရာက္သြားခဲ့ၿပီး သူမရဲ႕ေျခေထာက္ႏွစ္ေခ်ာင္းကေတာ့ အပ်က္အစီးေတြၾကားထဲမွာ ပိတ္မိေနခဲ့ပါတယ္။

Liao ရဲ႕ဖခင္က ရြံ႕ထဲမွာပိတ္မိေနၿပီး ေျမေအာက္ထဲေရာက္ေနတဲ့သူမကို တျခားကယ္ဆယ္ေရးသမားေတြနဲ႔အတူ အသည္းအသန္ကယ္ဆယ္ခဲ့ရပါတယ္။ ေယာက်္ားျဖစ္သူကလည္း ေျခေထာက္အျဖတ္ခံလိုက္ရၿပီး စိတ္အားငယ္ေနတဲ့ဇနီးကို ေဖးမေပးရမယ့္အစား သူမကိုထားၿပီးထြက္သြားခဲ့ပါတယ္။

ေျခေထာက္ႏွစ္ဖက္လံုးဆံုးရံႈးခဲ့ေပမယ့္ ဘ၀ကိုအရံႈးမေပးခဲ့တဲ့အကဆရာမေလး…ျဖစ္သြားပံုက ဒီလိုပါ.. 4

ဒါေပမယ့္ Liao က သူမဘ၀ကိုအရံႈးမေပးခဲ့ပါဘူး။ အကပညာရပ္ကို ျပန္လည္ေလ့လာလိုက္စားခဲ့ရံုတင္မကပဲ ၂၀၁၃တရုတ္ျပည္မွာက်င္းပတဲ့ Dance out My Life CCTV show အတြင္း ဒါဇင္ေပါင္းမ်ားစြာေသာ ယွဥ္ၿပိဳင္ေဖ်ာ္ေျဖသူေတြထဲကေန သူမနဲ႔ တြဲဖက္ကျပေဖ်ာ္ေျဖသူအမ်ိဳးသားဟာ ဒုတိယဆုရရွိခဲ့ပါတယ္။

၅ႏွစ္ၾကာတဲ့အခါမွာေတာ့ ေနာက္ထပ္ငလ်င္တစ္ခုဟာ တရုတ္ျပည္ကို ထပ္မံရိုက္ခတ္ခဲ့ပါတယ္။ Liao ဟာ ငလ်င္ဒဏ္ခံစားေနရတဲ့ဒုကၡသည္ေတြဆီသြားၿပီး လုပ္အားေပးအေနနဲ႔ကူညီခဲ့ပါတယ္။ သူမရဲ႕ေျခေထာက္အတုေတြကို အသံုးျပဳရင္းနဲ႔ပဲ သြားေရာက္ကူညီခဲ့တာျဖစ္ပါတယ္။

ေျခေထာက္ႏွစ္ဖက္လံုးဆံုးရံႈးခဲ့ေပမယ့္ ဘ၀ကိုအရံႈးမေပးခဲ့တဲ့အကဆရာမေလး…ျဖစ္သြားပံုက ဒီလိုပါ.. 5

သူမအိမ္ေထာင္ကြဲၿပီးလို႔ ႏွစ္အနည္းငယ္ၾကာတဲ့အခါမွာ Liao ဟာသူမကိုအမွန္တကယ္ခ်စ္ျမတ္ႏိုးတဲ့အမ်ိဳးသားနဲ႔ ေတြ႔ဆံုခဲ့ၿပီး အိမ္ေထာင္ျပဳခဲ့ပါတယ္။ ေျခေထာက္ႏွစ္ဖက္လံုး ဆံုးရံႈးခဲ့ေပမယ့္ ဘ၀ကိုၾကံ့ၾက့ံခံကာ စိတ္အားထက္ထက္သန္သန္နဲ႔သူမလုပ္စရာ ရွိတဲ့ကိစၥေတြကို လုပ္ျပႏိုင္ခဲ့တဲ့ Liao ဟာ ခ်ီးက်ဴးထိုက္သူအမ်ိဳးသမီးျဖစ္တဲ့အေၾကာင္း Viral4real အြန္လိုင္းသတင္းစာမ်က္ႏွာမွာေတြ႔ရွိရပါတယ္။

SM

ေျခေထာက္ႏွစ္ဖက္လံုးဆံုးရံႈးခဲ့ေပမယ့္ ဘ၀ကိုအရံႈးမေပးခဲ့တဲ့အကဆရာမေလး…ျဖစ္သြားပံုက ဒီလိုပါ.. 6

 

ေျခေထာက္ႏွစ္ဖက္လံုးဆံုးရံႈးခဲ့ေပမယ့္ ဘ၀ကိုအရံႈးမေပးခဲ့တဲ့အကဆရာမေလး…ျဖစ္သြားပံုက ဒီလိုပါ.. 7

 

ေျခေထာက္ႏွစ္ဖက္လံုးဆံုးရံႈးခဲ့ေပမယ့္ ဘ၀ကိုအရံႈးမေပးခဲ့တဲ့အကဆရာမေလး…ျဖစ္သြားပံုက ဒီလိုပါ.. 8

 

ေျခေထာက္ႏွစ္ဖက္လံုးဆံုးရံႈးခဲ့ေပမယ့္ ဘ၀ကိုအရံႈးမေပးခဲ့တဲ့အကဆရာမေလး…ျဖစ္သြားပံုက ဒီလိုပါ.. 9

ခြေထောက်နှစ်ဖက်လုံးဆုံးရှုံးခဲ့ပေမယ့် ဘဝကိုအရှုံးမပေးခဲ့တဲ့အကဆရာမလေး

Liao Zhi အမည်ရှိတဲ့ တရုတ်ပြည်က အကဆရာမတစ်ယောက်အတွက်တော့ ၂၀၀၈ခုနှစ်ဟာအဆိုးရွားဆုံးနှစ်ဖြစ်ခဲ့ပါတယ်။ ၂၀၀၈ခုနှစ် လူအသေအပျောက်များပြားခဲ့တဲ့ စီချွမ်ငလျင်မှာ သူမရဲ့ခြေထောက်နှစ်ဖက်အပြင် ယောက္ခမဖြစ်သူနဲ့ သမီးလေးကိုဆုံးရှုံးခဲ့ရပါတယ်။

Liao Chi ဟာတရုတ်ပြည် စီချွမ်ပြည်နယ်က အကဆရာမတစ်ယောက်ဖြစ်ပြီး ယောကျ်ားဖြစ်သူ၊ သမီးဖြစ်သူတို့နဲ့အတူနေထိုင်ပါတယ်။ ငလျင်မတိုင်မီတုန်းကတော့ သူမရဲ့ ၁၀လအရွယ်သမီးလေးနဲ့အတူ ၀ါသနာပါတဲ့ အကပညာရပ်နဲ့အသက်မွေးရင်း ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝလေးရခဲ့ပါတယ်။

ငလျင်ကြီးဖြစ်သွားတဲ့အခါ သူမရဲ့မိသားစုဝင်တွေက တိုက်ခန်းအထပ်သုံးလွှာလောက်အနက်ရှိတဲ့ မြေအောက်ထဲရောက်သွားခဲ့ပြီး သူမရဲ့ခြေထောက်နှစ်ချောင်းကတော့ အပျက်အစီးတွေကြားထဲမှာ ပိတ်မိနေခဲ့ပါတယ်။

Liao ရဲ့ဖခင်က ရွံ့ထဲမှာပိတ်မိနေပြီး မြေအောက်ထဲရောက်နေတဲ့သူမကို တခြားကယ်ဆယ်ရေးသမားတွေနဲ့အတူ အသည်းအသန်ကယ်ဆယ်ခဲ့ရပါတယ်။ ယောကျ်ားဖြစ်သူကလည်း ခြေထောက်အဖြတ်ခံလိုက်ရပြီး စိတ်အားငယ်နေတဲ့ဇနီးကို ဖေးမပေးရမယ့်အစား သူမကိုထားပြီးထွက်သွားခဲ့ပါတယ်။

ဒါပေမယ့် Liao က သူမဘဝကိုအရှုံးမပေးခဲ့ပါဘူး။ အကပညာရပ်ကို ပြန်လည်လေ့လာလိုက်စားခဲ့ရုံတင်မကပဲ ၂၀၁၃တရုတ်ပြည်မှာကျင်းပတဲ့ Dance out My Life CCTV show အတွင်း ဒါဇင်ပေါင်းများစွာသော ယှဉ်ပြိုင်ဖျော်ဖြေသူတွေထဲကနေ သူမနဲ့ တွဲဖက်ကပြဖျော်ဖြေသူအမျိုးသားဟာ ဒုတိယဆုရရှိခဲ့ပါတယ်။

၅နှစ်ကြာတဲ့အခါမှာတော့ နောက်ထပ်ငလျင်တစ်ခုဟာ တရုတ်ပြည်ကို ထပ်မံရိုက်ခတ်ခဲ့ပါတယ်။ Liao ဟာ ငလျင်ဒဏ်ခံစားနေရတဲ့ဒုက္ခသည်တွေဆီသွားပြီး လုပ်အားပေးအနေနဲ့ကူညီခဲ့ပါတယ်။ သူမရဲ့ခြေထောက်အတုတွေကို အသုံးပြုရင်းနဲ့ပဲ သွားရောက်ကူညီခဲ့တာဖြစ်ပါတယ်။

သူမအိမ်ထောင်ကွဲပြီးလို့ နှစ်အနည်းငယ်ကြာတဲ့အခါမှာ Liao ဟာသူမကိုအမှန်တကယ်ချစ်မြတ်နိုးတဲ့အမျိုးသားနဲ့ တွေ့ဆုံခဲ့ပြီး အိမ်ထောင်ပြုခဲ့ပါတယ်။ ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ပေမယ့် ဘဝကိုကြံ့ကြ့ံခံကာ စိတ်အားထက်ထက်သန်သန်နဲ့သူမလုပ်စရာ ရှိတဲ့ကိစ္စတွေကို လုပ်ပြနိုင်ခဲ့တဲ့ Liao ဟာ ချီးကျူးထိုက်သူအမျိုးသမီးဖြစ်တဲ့အကြောင်း Viral4real အွန်လိုင်းသတင်းစာမျက်နှာမှာတွေ့ရှိရပါတယ်။

SM