ဆီးခ်ိဳရွိလွ်င္ ေတာေမ်ာက္ဥ သာရွာပါ

ဆီးခ်ိဳရွိလွ်င္ ေတာေမ်ာက္ဥ သာရွာပါ

မဟာျမိဳင္ေတာတြင္းသီတင္းသံုးေသာရေသ႔ၾကီးက ဒကာျဖစ္သူဦးကိတ္အား သနားဂရုဏာသက္စြာၾကည့္ရင္း

” ဒကာၾကီးက သိပၸံေဆးေတြနဲ႔ကုေနတယ္ဆိုေတာ့ ပိုေကာင္းတယ္ထင္လို႔ ရေသ႔မေျပာတာပါ။ ေပ်ာက္တာမေပ်ာက္တာေတာ႔ ဒကာၾကီးကံနဲ႔ပဲဆိုင္မယ္က်ဳပ္ထံလာသူတိုင္းေတာ့ သက္သာေပ်ာက္ျကသူခ်ည္းပဲ”

လုပ္ၾကည့္ပါဆိုကာ ေက်ာင္သခၤမ္းႏွင့္မလွမ္းမကမ္းတြင္ ႏြယ္မ်ားတက္ေနေသာေမ်ာက္ဥပင္မွေမ်ာက္ဥမ်ားကိုတူးျပီး ေန႔စဥ္သာနံက္ညျပဳတ္ေသာက္ရန္ နည္းလမ္းေပးခဲ႔ပါသည္။

(၁၅)ရက္ဆက္တိုက္ျပဳတ္က်ိဳေသာက္ခဲ႔ရာ ဆီးခ်ိဳေရာဂါ သက္သာရာမွ ေပ်ာက္ကင္းခဲ႔သည္ ဟုဆိုပါသည္။

ဆီးခ်ိဳေရာဂါဆိုသည္မွာခႏၡာကိုယ္၏ ေသြးထဲမွ ဂလူးကို႔ေခၚအခ်ိဳဓာတ္မ်ားရွိသင့္သည္ထက္ ပို၍ကာလ ၾကာရွည္ မ်ားျပားျပီး ျဖစ္ေပၚလာေသာေရာဂါ အစုအေ၀း ဟုဆိုပါသည္။ တကယ္ေတာ့ ဆီးခ်ိဳနဲ႔ေသြးခ်ိဳဆိုတာ အတူတူပါပဲ..။ဆီးခ်ိဳလို႔ေခၚၾကတာက ပိုမ်ားပါသည္။

မဟာျမိဳင္ေတာမွရေသ႔ၾကီးဦးေကာ၀ိဒ ေပးေသာေဆးနည္းမွာေမ်ာက္ဥ(၂)က်ပ္သားကို ေရသန္႔တစ္ဗူးစာေရထဲ႔ျပဳတ္က်ိဳျပီး (၃)ခြက္(၁)ခြက္တင္ေသာက္ေပးရပါသည္။

ေမ်ာက္ဥကို အေျခာက္လွန္းအမွဳန္႔ျပဳျပီးတစ္ေန႔တစ္ၾကိမ္ လက္ဖက္စာဇြန္း(၁)ဇြန္းစားေပးျခင္းျဖစ္ပါသည္။ထိုနည္းျဖင့္ဆီးခ်ိဳေ၀ဒနာရွင္မ်ားေတာ္ေတာ္မ်ားမ်ားသက္သာရာမွ ေပ်ာက္ကင္းသည္ဟုဆိုပါသည္။

ေမ်ာက္ဥႏွင့္ပတ္သက္ျပီး စိတ္၀င္တစား ထပ္မံေလ႔လာ ၾကည့္ရာ အမွတ္မထင္ နကၡတၱေရာင္ျခည္ စာအုပ္ေဟာင္းတြင္ မသိသူေက်ာ္ သြားသိသူေဖၚစားေဆး ေဆာင္းပါးေလး အားဖတ္မိျပန္ပါ သည္။

ေမ်ာက္ဥအေၾကာင္းသုတ

ႏြယ္ပင္မ်ိဳးျဖစ္ပါသည္။ရုကၡေဗဒအမည္(Dioscorea Persimilis)ျဖစ္သည္။အျမစ္(ဥ)တစ္ခုခ်င္း(သို႔)အတဲြလိုက္ရွိသည္။ဥမွာထြားေသာလည္း လံုး၀ိုင္းမွဳနည္းျပီးျပားေယာင္ ေယာင္ရွိပါသည္။

အပြင့္ႏွင့္အရြက္

အရြက္သည္ၾကီးျပီး အေၾကာမ်ားထင္ရွားပါသည္။ သံုးေျမွာင့္ပံုအရြက္ျဖစ္ျပီးအပြင့္မွာေသးငယ္ကာအ၀ါ ေရာင္ျဖစ္သည္။ထိုေမ်ာက္ဥပန္းေလးမ်ားကိုေမလႏွင့္ ဇူလွိဳင္လၾကားတြင္ေတြ႔ရပါသည္။

အျမစ္ဥတူးယူခ်ိန္

အပင္က်ေသာေႏြႏွင့္ေဆာင္းဦးပိုင္းတိုတြင္အျမစ္ဥကို တူးေဖာ္ၾကပါသည္။ ၾကာရွည္စြာအထားခံရန္အတြက္ ေမ်ာက္ဥမ်ားကို ေက်ာက္ခ်ဥ္ရည္ထဲ(၂)နာရီမွ(၃)နာရီ အထိစိမ္ျပီးမွ အေျခာက္ခံ၍ ထိန္းသိမ္းရပါသည္။

ပါ၀င္ေသာဓာတုျဒပ္ေပါင္း

ဟိုက္ဒရိုကာဗြန္ဓာတ္ (၆၃.၂၃)%

ပရိုးတင္းဓာတ္(၆.၇၅)%

အဆီဓာတ္ (၀.၄၅)%

အခြ်ဲဓာတ္ (၂၀၈)%

ႏွင့္အျခားေသာဓာတ္မ်ားပါ၀င္သည္။

ေဆးအသံုး

အျမစ္ဥကို က်န္းမာေရးဓာတ္စာအျဖစ္လည္းေကာင္း၊ အဖ်ားက်ေဆးအျဖစ္လည္းေကာင္း၊ခံတြင္းပ်က္ျခင္း၊အစာ အိမ္အခ်ဥ္ေပါက္ျခင္း၊အေထြေထြအားနည္းျခင္း၊နာတာရွည္အူေရာင္ျပီးေလနာျခင္း၊နာတာရွည္၀မ္းကိုက္၊၀မ္းပ်က္ေရာဂါ၊ႏွင့္သုက္လြတ္ျမန္ေသာေရာဂါမ်ားတြင္ သံုးပါသည္။

ထိုျပင္ညအိပ္ေပ်ာ္စဥ္ ေခြ်းအလြန္ထြက္ေသာေရာဂါ၊ဆီးခ်ိဳေရာဂါ၊ဆီးလြန္ေရာဂါ၊ရာသီေသြးလြန္ေရာဂါ၊ခါးနားေရာဂါ၊ခ်ာခ်ာလည္ေအာင္မူးေသာေရာဂါ၊မ်က္စိက်ိန္းစက္ေသာေရာဂါမ်ားအတြက္ေပးေလသည္။

အခ်ိန္အဆပမာဏ

သာမန္အားျဖင့္ တစ္ေန႔လွ်င္ေမ်ာက္ဥေဆးခ်ိန္(၁) က်ပ္သားမွ(၁)က်ပ္ခဲြသားအထိ ျပဳတ္၍ျပဳတ္ရည္ အျဖစ္လည္းေကာင္း၊အမွဳန္႔အျဖစ္ေပးနိုင္သည္ဟုဆိုပါသည္။

အနာလံုး၊အၾကိတ္လံုး

ေမ်ာက္ဥအမွဳန္႔ကို ေရႏွင့္ေရာျပီးအနာလံုး၊အၾကိတ္လံုုးမ်ား ကိုလိမ္းေပး၊အံုေပး နိုင္ေလသည္။

နကၡတၱေရာင္ျခည္မဂၢဇင္း(၉/၂၀၀၂)

ေဒါက္တာေအာင္နိုင္(ေဆးသုေတသန)မသိသူေက်ာ္သြား၊သိသူေဖာ္စားမွကိုးကားေဖၚျပသည္။

လိုသူတို႔သံုး စိတ္ႏွလံုးရြင္ျပံဳးၾကပါေစ။

ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)

ဆီးချိုရှိလျှင် တောမျောက်ဥ သာရှာပါ

မဟာမြိုင်တောတွင်းသီတင်းသုံးသောရသေ့ကြီးက ဒကာဖြစ်သူဦးကိတ်အား သနားဂရုဏာသက်စွာကြည့်ရင်း

” ဒကာကြီးက သိပ္ပံဆေးတွေနဲ့ကုနေတယ်ဆိုတော့ ပိုကောင်းတယ်ထင်လို့ ရသေ့မပြောတာပါ။ ပျောက်တာမပျောက်တာတော့ ဒကာကြီးကံနဲ့ပဲဆိုင်မယ်ကျုပ်ထံလာသူတိုင်းတော့ သက်သာပျောက်ကြသူချည်းပဲ”

လုပ်ကြည့်ပါဆိုကာ ကျောင်သင်္ခမ်းနှင့်မလှမ်းမကမ်းတွင် နွယ်များတက်နေသောမျောက်ဥပင်မှမျောက်ဥများကိုတူးပြီး နေ့စဉ်သာနံက်ညပြုတ်သောက်ရန် နည်းလမ်းပေးခဲ့ပါသည်။

(၁၅)ရက်ဆက်တိုက်ပြုတ်ကျိုသောက်ခဲ့ရာ ဆီးချိုရောဂါ သက်သာရာမှ ပျောက်ကင်းခဲ့သည် ဟုဆိုပါသည်။

ဆီးချိုရောဂါဆိုသည်မှာခန္ခာကိုယ်၏ သွေးထဲမှ ဂလူးကို့ခေါ်အချိုဓာတ်များရှိသင့်သည်ထက် ပို၍ကာလ ကြာရှည် များပြားပြီး ဖြစ်ပေါ်လာသောရောဂါ အစုအဝေး ဟုဆိုပါသည်။ တကယ်တော့ ဆီးချိုနဲ့သွေးချိုဆိုတာ အတူတူပါပဲ..။ဆီးချိုလို့ခေါ်ကြတာက ပိုများပါသည်။

မဟာမြိုင်တောမှရသေ့ကြီးဦးကောဝိဒ ပေးသောဆေးနည်းမှာမျောက်ဥ(၂)ကျပ်သားကို ရေသန့်တစ်ဗူးစာရေထဲ့ပြုတ်ကျိုပြီး (၃)ခွက်(၁)ခွက်တင်သောက်ပေးရပါသည်။

မျောက်ဥကို အခြောက်လှန်းအမှုန့်ပြုပြီးတစ်နေ့တစ်ကြိမ် လက်ဖက်စာဇွန်း(၁)ဇွန်းစားပေးခြင်းဖြစ်ပါသည်။ထိုနည်းဖြင့်ဆီးချိုဝေဒနာရှင်များတော်တော်များများသက်သာရာမှ ပျောက်ကင်းသည်ဟုဆိုပါသည်။

မျောက်ဥနှင့်ပတ်သက်ပြီး စိတ်ဝင်တစား ထပ်မံလေ့လာ ကြည့်ရာ အမှတ်မထင် နက္ခတ္တရောင်ခြည် စာအုပ်ဟောင်းတွင် မသိသူကျော် သွားသိသူဖေါ်စားဆေး ဆောင်းပါးလေး အားဖတ်မိပြန်ပါ သည်။

မျောက်ဥအကြောင်းသုတ

နွယ်ပင်မျိုးဖြစ်ပါသည်။ရုက္ခဗေဒအမည်(Dioscorea Persimilis)ဖြစ်သည်။အမြစ်(ဥ)တစ်ခုချင်း(သို့)အတွဲလိုက်ရှိသည်။ဥမှာထွားသောလည်း လုံးဝိုင်းမှုနည်းပြီးပြားယောင် ယောင်ရှိပါသည်။

အပွင့်နှင့်အရွက်

အရွက်သည်ကြီးပြီး အကြောများထင်ရှားပါသည်။ သုံးမြှောင့်ပုံအရွက်ဖြစ်ပြီးအပွင့်မှာသေးငယ်ကာအဝါ ရောင်ဖြစ်သည်။ထိုမျောက်ဥပန်းလေးများကိုမေလနှင့် ဇူလှိုင်လကြားတွင်တွေ့ရပါသည်။

အမြစ်ဥတူးယူချိန်

အပင်ကျသောနွေနှင့်ဆောင်းဦးပိုင်းတိုတွင်အမြစ်ဥကို တူးဖော်ကြပါသည်။ ကြာရှည်စွာအထားခံရန်အတွက် မျောက်ဥများကို ကျောက်ချဉ်ရည်ထဲ(၂)နာရီမှ(၃)နာရီ အထိစိမ်ပြီးမှ အခြောက်ခံ၍ ထိန်းသိမ်းရပါသည်။

ပါ၀င်သောဓာတုဒြပ်ပေါင်း

ဟိုက်ဒရိုကာဗွန်ဓာတ် (၆၃.၂၃)%

ပရိုးတင်းဓာတ်(၆.၇၅)%

အဆီဓာတ် (၀.၄၅)%

အချွဲဓာတ် (၂၀၈)%

နှင့်အခြားသောဓာတ်များပါ၀င်သည်။

ဆေးအသုံး

အမြစ်ဥကို ကျန်းမာရေးဓာတ်စာအဖြစ်လည်းကောင်း၊ အဖျားကျဆေးအဖြစ်လည်းကောင်း၊ခံတွင်းပျက်ခြင်း၊အစာ အိမ်အချဉ်ပေါက်ခြင်း၊အထွေထွေအားနည်းခြင်း၊နာတာရှည်အူရောင်ပြီးလေနာခြင်း၊နာတာရှည်ဝမ်းကိုက်၊၀မ်းပျက်ရောဂါ၊နှင့်သုက်လွတ်မြန်သောရောဂါများတွင် သုံးပါသည်။

ထိုပြင်ညအိပ်ပျော်စဉ် ချွေးအလွန်ထွက်သောရောဂါ၊ဆီးချိုရောဂါ၊ဆီးလွန်ရောဂါ၊ရာသီသွေးလွန်ရောဂါ၊ခါးနားရောဂါ၊ချာချာလည်အောင်မူးသောရောဂါ၊မျက်စိကျိန်းစက်သောရောဂါများအတွက်ပေးလေသည်။

အချိန်အဆပမာဏ

သာမန်အားဖြင့် တစ်နေ့လျှင်မျောက်ဥဆေးချိန်(၁) ကျပ်သားမှ(၁)ကျပ်ခွဲသားအထိ ပြုတ်၍ပြုတ်ရည် အဖြစ်လည်းကောင်း၊အမှုန့်အဖြစ်ပေးနိုင်သည်ဟုဆိုပါသည်။

အနာလုံး၊အကြိတ်လုံး

မျောက်ဥအမှုန့်ကို ရေနှင့်ရောပြီးအနာလုံး၊အကြိတ်လုုံးများ ကိုလိမ်းပေး၊အုံပေး နိုင်လေသည်။

နက္ခတ္တရောင်ခြည်မဂ္ဂဇင်း(၉/၂၀၀၂)

ဒေါက်တာအောင်နိုင်(ဆေးသုတေသန)မသိသူကျော်သွား၊သိသူဖော်စားမှကိုးကားဖေါ်ပြသည်။

လိုသူတို့သုံး စိတ်နှလုံးရွင်ပြံုးကြပါစေ။

ရဲမျိုးသူ(ဗောဓိမြိုင်)