ပါရမီျဖည္႕ဘက္ဆုိတာ

နာမည္ပဲတပ္ေျပာလိုက္ပါမယ္။ မေန႔က မခ်စ္သုေ၀ရဲ႕ ပို႔စ္တစ္ခုကို ဖတ္မိရင္းကတစ္ဆင့္ ကုိလင္းလင္းရဲ႕ Timeline ထဲကို ၀င္ၾကည္႔ျဖစ္ခဲ့တယ္။

သူတုိ႔ႏွစ္ေယာက္ရဲ႕ ဓါတ္ပံုေတြ၊ တစ္ေယာက္နဲ႔တစ္ေယာက္ သုံးႏႈန္းေခၚေ၀ၚတာေလးေတြ ဖတ္မိေတာ့ ကုိယ္ေတာင္ ဘာမဆုိင္ညာမဆုိင္ စိတ္ထဲၾကည္ႏူးေနမိတယ္။

အဲဒီလိုကေန ဓါတ္ပံုေတြၾကည္႔ရင္းၾကည္႔ရင္း အကုသိုလ္စိတ္က ၀င္လာပါေလေရာ၊ ေၾသာ္ ခ်စ္သုေ၀ႏွယ္၊ လင္းလင္းကို ဘာမ်ားၾကည္႔ၾကိဳက္သလဲ မသိဘူး ဆုိၿပီး ေတြးမိတာေပါ့။

ရုပ္ကလည္း မေခ်ာ၊ ဒီၾကားထဲ ျပင္ျပင္ဆင္ဆင္က မေနဘူး၊ ဆံပင္ၾကီးလည္း ဖားလားခ်လိုခ်နဲ႔။

အမယ္ ဒါေတာင္ သူကေျပာလုိက္ေသး … ကိုယ့္ထက္ေခ်ာတဲ့ အိမ္ေထာင္ဖက္ကုိ ရထားေသာ ကၽြန္ေတာ့္ဇနီး ဆိုပဲ။

သူ႔ပံုေတြၾကည္႔ရင္းသာ အဲ့လိုေတြးမိတာပါေလ၊ ကုိယ့္ပံုကိုယ္မွန္ထဲၾကည္႔ေတာ့မွ သေဘာေပါက္ေတာ့တယ္၊

ေအာ္ ငါလုိလူမ်ိဳးနဲ႔ ယွဥ္လိုက္ရင္ေတာ့လည္း သူက အပံုၾကီး ၾကည္႔ေကာင္းပါေသးတယ္လို႔။

ဟုတ္တယ္၊ ဖန္ခြက္တစ္ခြက္ရဲ႕ တန္ဖိုးဆုိတာ အျပင္မွာ ျခယ္သထားတာေတြထက္ အထဲမွာ ဘာရွိေနသလဲဆုိတာက ပုိအဓိကက်ပါတယ္။

ဒီလိုပဲ၊ လူတစ္ေယာက္ရဲ႕ တန္ဖိုးကိုလည္း ျမင္ေနရတဲ့ အျပင္အဆင္ေတြထက္ သူ႔ရဲ႕ ရပ္တည္ခ်က္၊ စိတ္ဓါတ္နဲ႔ လုပ္ရပ္ေတြကသာ အဆံုးအျဖတ္ေပးတာ ျဖစ္ပါတယ္။

ေယာက်ာ္းရယ္ မိန္းမရယ္ မဟုတ္ပါဘူး၊ အားလံုးက လူသားေတြခ်ည္းပဲမို႔ တန္ဖုိးရွိတဲ့လူ လို႔ပဲ ေျပာခ်င္ပါတယ္။

ဒါျဖင့္ တန္ဖုိးရွိတဲ့လူဆိုတာ ဘယ္လုိလူကို ေျပာတာလဲ …

ဆရာၾကီးဗန္းေမာ္တင္ေအာင္ ေျပာသလို လူတစ္ေယာက္ရဲ႔တန္ဖိုးကုိ “သူျဖတ္သန္းတဲ့ေခတ္ၾကီးက သူ႔ပခံုးေပၚ တင္ေပးလိုက္တဲ့ တာ၀န္ကုိ

ဘယ္ေလာက္ေက်ပြန္ေအာင္ ထမ္းေဆာင္ႏုိင္သလဲ” ဆုိတဲ့အခ်က္နဲ႔ပဲ တုိင္းတာၾကရမွာပါ။

အဆုိေတာ္လင္းလင္းရဲ႕ သီခ်င္းေတြ၊ လုပ္ရပ္ေတြကတစ္ဆင့္ေတာ့ သူ႔ရဲ႕ အဲဒီတန္ဖိုးကို ျမင္ေနရပါတယ္။

ဒါေၾကာင့္လည္း တျခားအေပၚယံေတြထက္ အဲဒီ”တန္ဖိုး”မ်ိဳးကိုမွ အျမတ္တႏုိး ထားတတ္တဲ့သူနဲ႔ ဖူးစာဆံုရတာ ထင္ပါ့။

ေရြးေကာက္ပြဲကာလတုန္းကလည္း ‘အရမ္းေတာ့ စိတ္ပူေပမယ့္ သူ႔စိတ္ဓါတ္ကို နားလည္လို႔ ဘာမွမေျပာေတာ့ဘဲ နားလည္ေပးထားတယ္’ ဆုိတာမ်ိဳးေလး မခ်စ္သုေ၀ ေရးထားတာ ဖတ္လိုက္ရေသးတယ္။

ေမာင္ရယ္ စိတ္ပူလို႔ပါ၊ ထရီဇာ့ကိုခ်စ္ရင္ မသြားပါနဲ႔လားေတြ လုပ္ေနရင္ေတာ့ အခက္။

အသားအေရာင္ကစလုိ႔ ကုိးကြယ္တဲ့ဘာသာအဆံုး ကြဲျပားမႈေျမာက္မ်ားစြာ ရွိေနတဲ့ သူတုိ႔ႏွစ္ေယာက္ၾကားက နားလည္မႈက အားက်အတုယူစရာ ေကာင္းပါတယ္။

ခ်စ္သူရည္းစားဘ၀မွာေတာ့ အခ်စ္တစ္ခုတည္းနဲ႔ လံုေလာက္ေပမယ့္ အိမ္ေထာင္တစ္ခု တည္ေဆာက္ၿပီဆုိရင္ေတာ့ အခ်စ္က ေနာက္ေရာက္သြားၿပီး နားလည္မႈဆုိတာက အေရးၾကီးဆံုး ျဖစ္လာတယ္။

အဲဒီနားလည္မႈဆုိတာကလည္း အရက္ေသာက္တတ္တာ၊ စိတ္တိုတတ္တာ၊ ဒါေတြကို နားလည္ေပးတာမ်ိဳးတင္ မဟုတ္ဘူး။

တစ္ေယာက္ျဖစ္ခ်င္တဲ့အိပ္မက္ေတြကို ေနာက္တစ္ေယာက္ကလည္း သူ႕အိပ္မက္ေတြနဲ႔အတူတူ တစ္ၿပိဳင္တည္း အေကာင္အထည္၀င္ေဖာ္ေပးတာမ်ိဳးကုိ ေခၚတာ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာ နံပါတ္တစ္လုိ႔ေျပာလို႔ရတဲ့ ေဗဒင္ပညာရွင္တစ္ေယာက္အေၾကာင္းကလည္း စိတ္၀င္စားစရာေကာင္းတယ္။

ေအာင္ျမင္သူတုိင္းမွာ ခက္ခဲတဲ့အခ်ိန္ဆုိတာ ရွိခဲ့ၾကတာခ်ည္းပဲေလ။ ဒီေတာ့ သူ႕မွာလည္း ရွိတာေပါ့။

အဲဒီလို မေအာင္ျမင္ေသးတဲ့အခ်ိန္မွာ သူ႕ဇနီးၿဖစ္သူရဲ႕ အခန္းက႑က ေတာ္ေတာ္ေလး အေရးပါခဲ့တယ္။

သူ႕အလုပ္မွာပဲ သူအာရံုစိုက္ႏုိင္ေအာင္ က်န္တဲ့ မိသားစုကိစၥအ၀၀ကို တာ၀န္ယူေပးခဲ့တယ္၊ စိတ္ပိုင္းဆုိင္ရာ တြန္းအားေတြ ေပးခဲ့တယ္။

ေအာင္ျမင္တဲ့ေယာက်ာ္းတစ္ေယာက္ရဲ႕ ေနာက္ကြယ္မွာ သိပ္ေတာ္တဲ့ မိန္းမတစ္ေယာက္ ရွိေနတတ္တယ္ ဆုိတဲ့စကားလိုေပါ့။

“ငယ္ငယ္ကဆုိ ငါတုိ႔ဘယ္မွာ က်ဴရွင္တက္ေနလဲဆုိတာေတာင္ အေဖကသိတာ မဟုတ္ဘူး တဲ့” သမီးျဖစ္သူက ကၽြန္ေတာ့္ကို ေျပာျပဖူးတယ္။

ကေလးေတြ က်ဴရွင္ေတာင္ ဘယ္နားတက္မွန္း ရွင္သိလုိ႔လားေတြ လုပ္ေနလို႔ မရဘူး။ တခုခုကို အာရံုစိုက္ၾကိဳးစားေနၿပီဆုိရင္ က်န္တဲ့ေနရာေတြမွာေတာ့ လစ္ဟင္းကုန္ၾကတာခ်ည္းပဲ။

ေမြးေန႔ေတြမွာ အတူရွိခ်င္မွ ရွိေတာ့မယ္၊ Anniversary ေန႔ေတြကို ေမ့ခ်င္ေမ့ေတာ့မယ္။

ကုိယ့္မိသားစုအတြက္၊ ကုိယ့္တုိင္းျပည္အတြက္၊ လူ႔အဖြဲ႔အစည္းအတြက္ ၾကီးက်ယ္တဲ့အလုပ္ေတြ၊ အေရးၾကီးတဲ့အလုပ္ေတြ လုပ္ေနၾကရတဲ့အခ်ိန္မွာ တခ်ိဳ႕ေသာ ပ်က္ကြက္မႈေလးေတြကို နားလည္ေပးႏုိင္ဖုိ႔ လိုပါတယ္။

အစ္မတစ္ေယာက္ ၿပီးခဲ့တဲ့ႏွစ္က မဂၤလာေဆာင္ပါတယ္။ သူ႔ေယာက်ာ္းက ႏုိင္ငံျခားမွာ အလုုပ္လုပ္ၿပီး ျပန္လာသူပါ။

အိမ္ေထာင္ျပဳၿပီးေပမယ့္လည္း အစ္မက အလုပ္မထြက္ပါဘူး။ သူ႕အလုပ္သူ ဆက္လုပ္ပါတယ္။ ေယာက်ာ္းကလည္း အလုပ္မထြက္ခုိင္းပါဘူး။

ေနာက္ သူကုိယ္၀န္ရွိလာတဲ့အခ်ိန္မွာ ေယာက်ာ္းျဖစ္သူကုိ သူ႕ကုမၸဏီက ျပန္ေခၚလို႔ ႏုိင္ငံၿခား ျပန္ထြက္သြားရပါတယ္။

ကုိယ္၀န္ေဆာင္စဥ္ ကာလတစ္ေလွ်ာက္လံုး သူတစ္ေယာက္တည္း။ အမွတ္တမဲ့ ၾကည္႔လုိက္ရင္ သိပ္ရက္စက္တဲ့ ေယာက်ာ္းေပါ့။

ေမးၾကည္႔ေတာ့ ေယာက်ာ္းျပန္သြားဖို႔ကို သူကိုယ္တိုင္ပဲ ေျပာလုိက္တာ တဲ့။ ကေလးရဲ႕ အနာဂတ္အတြက္ တဲ့။

အဲဒီလိုစိတ္ဓါတ္မ်ိဳးကို ေလးစားမိပါတယ္။ မိန္းမကိုယ္၀န္ေဆာင္ေနတုန္း ေယာက်ာ္းရွိမွ ျဖစ္မွာေပါ့ေတြဘာေတြ ႏုမေနဘူး။

သူ႕ဟာသူ ရပ္တည္တယ္။ ေ၀းေ၀းကုိ ၾကည္႔တယ္။ အဓိကပိုက်တာကို ဦးစားေပးတယ္။

တကယ္ေတာ့ အိမ္ေထာင္ျပဳတယ္ဆုိတာ သိပ္ခ်စ္လြန္းလို႔၊ မခြဲႏုိင္ေတာ့လို႔ အတူေနၾကရံုသက္သက္ မဟုတ္ပါဘူး။

ကုိယ့္မ်ိဳးဆက္ေတြအတြက္ေရာ၊ တျခားေသာသူေတြရဲ႕ မ်ိဳးဆက္ေတြအတြက္ပါ ပိုေကာင္းတဲ့ အနာဂတ္တစ္ခုကို ထားခဲ့ႏုိင္ဖုိ႔ အတူလက္တြဲၾကိဳးပမ္းၾကတာပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ သံေယာဇဥ္ဆုိတာေတြ၊ အခ်စ္ဆိုတာေတြကို ေရွ႕တန္းတင္ၿပီး ကုိယ့္အနားမွာပဲ ခ်ည္ေႏွာင္ထားရမွာ မဟုတ္ပါဘူး။

သူေရာကုိယ္ပါ တန္ဖုိးရွိတဲ့လူေတြ ျဖစ္လာဖုိ႔ အျပန္အလွန္ ပံ့ပုိးေပးရမွာသာ ျဖစ္ပါတယ္။

ကၽြန္ေတာ္တုိ႔ျမန္မာေတြ ေျပာတတ္ၾကတဲ့ ပါရမီျဖည္႔ဘက္ဆုိတာ အဲဒါပါပဲ။

တကယ္ေတာ့ အဲဒီလိုၾကီးက်ယ္တဲ့အလုပ္ေတြကို ေယာက်ာ္းေတြကပဲ လုပ္ေနတာ မဟုတ္ပါဘူး။

မိန္းမေတြလည္း လုပ္ပါတယ္။ လုပ္လည္းလုပ္ေနသလို၊ လုပ္ခြင့္လည္း ရွိပါတယ္။

သိပ္ေအာင္ျမင္ေနတဲ့ အမ်ိဳးသမီးေတြကို ၾကည္႕လုိက္ပါ။ သူတုိ႔ရဲ႕ လက္တြဲေဖာ္ေတြဟာ အဲဒီလို ပါရမီျဖည္႔ဘက္ေတြ ျဖစ္ေနတာကို ေတြ႕ရပါလိမ့္မယ္။

Credit : ေဒါက္တာ ျဖိဳးသီဟ

၃၁.၁.၂၀၁၆

Unicode >>>

နာမည်ပဲတပ်ပြောလိုက်ပါမယ်။ မနေ့က မချစ်သုဝေရဲ့ ပို့စ်တစ်ခုကို ဖတ်မိရင်းကတစ်ဆင့် ကိုလင်းလင်းရဲ့ Timeline ထဲကို ၀င်ကြည့်ဖြစ်ခဲ့တယ်။

သူတို့နှစ်ယောက်ရဲ့ ဓါတ်ပုံတွေ၊ တစ်ယောက်နဲ့တစ်ယောက် သုံးနှုန်းခေါ်ဝေါ်တာလေးတွေ ဖတ်မိတော့ ကိုယ်တောင် ဘာမဆိုင်ညာမဆိုင် စိတ်ထဲကြည်နူးနေမိတယ်။

အဲဒီလိုကနေ ဓါတ်ပုံတွေကြည့်ရင်းကြည့်ရင်း အကုသိုလ်စိတ်က ၀င်လာပါလေရော၊ သြော် ချစ်သုဝေနှယ်၊ လင်းလင်းကို ဘာများကြည့်ကြိုက်သလဲ မသိဘူး ဆိုပြီး တွေးမိတာပေါ့။

ရုပ်ကလည်း မချော၊ ဒီကြားထဲ ပြင်ပြင်ဆင်ဆင်က မနေဘူး၊ ဆံပင်ကြီးလည်း ဖားလားချလိုချနဲ့။

အမယ် ဒါတောင် သူကပြောလိုက်သေး … ကိုယ့်ထက်ချောတဲ့ အိမ်ထောင်ဖက်ကို ရထားသော ကျွန်တော့်ဇနီး ဆိုပဲ။

သူ့ပုံတွေကြည့်ရင်းသာ အဲ့လိုတွေးမိတာပါလေ၊ ကိုယ့်ပုံကိုယ်မှန်ထဲကြည့်တော့မှ သဘောပေါက်တော့တယ်၊

အော် ငါလိုလူမျိုးနဲ့ ယှဉ်လိုက်ရင်တော့လည်း သူက အပုံကြီး ကြည့်ကောင်းပါသေးတယ်လို့။

ဟုတ်တယ်၊ ဖန်ခွက်တစ်ခွက်ရဲ့ တန်ဖိုးဆိုတာ အပြင်မှာ ခြယ်သထားတာတွေထက် အထဲမှာ ဘာရှိနေသလဲဆိုတာက ပိုအဓိကကျပါတယ်။

ဒီလိုပဲ၊ လူတစ်ယောက်ရဲ့ တန်ဖိုးကိုလည်း မြင်နေရတဲ့ အပြင်အဆင်တွေထက် သူ့ရဲ့ ရပ်တည်ချက်၊ စိတ်ဓါတ်နဲ့ လုပ်ရပ်တွေကသာ အဆုံးအဖြတ်ပေးတာ ဖြစ်ပါတယ်။

ယောကျာ်းရယ် မိန်းမရယ် မဟုတ်ပါဘူး၊ အားလုံးက လူသားတွေချည်းပဲမို့ တန်ဖိုးရှိတဲ့လူ လို့ပဲ ပြောချင်ပါတယ်။

ဒါဖြင့် တန်ဖိုးရှိတဲ့လူဆိုတာ ဘယ်လိုလူကို ပြောတာလဲ …

ဆရာကြီးဗန်းမော်တင်အောင် ပြောသလို လူတစ်ယောက်ရဲ့တန်ဖိုးကို “သူဖြတ်သန်းတဲ့ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ တာဝန်ကို

ဘယ်လောက်ကျေပွန်အောင် ထမ်းဆောင်နိုင်သလဲ” ဆိုတဲ့အချက်နဲ့ပဲ တိုင်းတာကြရမှာပါ။

အဆိုတော်လင်းလင်းရဲ့ သီချင်းတွေ၊ လုပ်ရပ်တွေကတစ်ဆင့်တော့ သူ့ရဲ့ အဲဒီတန်ဖိုးကို မြင်နေရပါတယ်။

ဒါကြောင့်လည်း တခြားအပေါ်ယံတွေထက် အဲဒီ”တန်ဖိုး”မျိုးကိုမှ အမြတ်တနိုး ထားတတ်တဲ့သူနဲ့ ဖူးစာဆုံရတာ ထင်ပါ့။

ရွေးကောက်ပွဲကာလတုန်းကလည်း ‘အရမ်းတော့ စိတ်ပူပေမယ့် သူ့စိတ်ဓါတ်ကို နားလည်လို့ ဘာမှမပြောတော့ဘဲ နားလည်ပေးထားတယ်’ ဆိုတာမျိုးလေး မချစ်သုဝေ ရေးထားတာ ဖတ်လိုက်ရသေးတယ်။

မောင်ရယ် စိတ်ပူလို့ပါ၊ ထရီဇာ့ကိုချစ်ရင် မသွားပါနဲ့လားတွေ လုပ်နေရင်တော့ အခက်။

အသားအရောင်ကစလို့ ကိုးကွယ်တဲ့ဘာသာအဆုံး ကွဲပြားမှုမြောက်များစွာ ရှိနေတဲ့ သူတို့နှစ်ယောက်ကြားက နားလည်မှုက အားကျအတုယူစရာ ကောင်းပါတယ်။

ချစ်သူရည်းစားဘဝမှာတော့ အချစ်တစ်ခုတည်းနဲ့ လုံလောက်ပေမယ့် အိမ်ထောင်တစ်ခု တည်ဆောက်ပြီဆိုရင်တော့ အချစ်က နောက်ရောက်သွားပြီး နားလည်မှုဆိုတာက အရေးကြီးဆုံး ဖြစ်လာတယ်။

အဲဒီနားလည်မှုဆိုတာကလည်း အရက်သောက်တတ်တာ၊ စိတ်တိုတတ်တာ၊ ဒါတွေကို နားလည်ပေးတာမျိုးတင် မဟုတ်ဘူး။

တစ်ယောက်ဖြစ်ချင်တဲ့အိပ်မက်တွေကို နောက်တစ်ယောက်ကလည်း သူ့အိပ်မက်တွေနဲ့အတူတူ တစ်ပြိုင်တည်း အကောင်အထည်ဝင်ဖော်ပေးတာမျိုးကို ခေါ်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နံပါတ်တစ်လို့ပြောလို့ရတဲ့ ဗေဒင်ပညာရှင်တစ်ယောက်အကြောင်းကလည်း စိတ်ဝင်စားစရာကောင်းတယ်။

အောင်မြင်သူတိုင်းမှာ ခက်ခဲတဲ့အချိန်ဆိုတာ ရှိခဲ့ကြတာချည်းပဲလေ။ ဒီတော့ သူ့မှာလည်း ရှိတာပေါ့။

အဲဒီလို မအောင်မြင်သေးတဲ့အချိန်မှာ သူ့ဇနီးဖြစ်သူရဲ့ အခန်းကဏ္ဍက တော်တော်လေး အရေးပါခဲ့တယ်။

သူ့အလုပ်မှာပဲ သူအာရုံစိုက်နိုင်အောင် ကျန်တဲ့ မိသားစုကိစ္စအဝဝကို တာဝန်ယူပေးခဲ့တယ်၊ စိတ်ပိုင်းဆိုင်ရာ တွန်းအားတွေ ပေးခဲ့တယ်။

အောင်မြင်တဲ့ယောကျာ်းတစ်ယောက်ရဲ့ နောက်ကွယ်မှာ သိပ်တော်တဲ့ မိန်းမတစ်ယောက် ရှိနေတတ်တယ် ဆိုတဲ့စကားလိုပေါ့။

“ငယ်ငယ်ကဆို ငါတို့ဘယ်မှာ ကျူရှင်တက်နေလဲဆိုတာတောင် အဖေကသိတာ မဟုတ်ဘူး တဲ့” သမီးဖြစ်သူက ကျွန်တော့်ကို ပြောပြဖူးတယ်။

ကလေးတွေ ကျူရှင်တောင် ဘယ်နားတက်မှန်း ရှင်သိလို့လားတွေ လုပ်နေလို့ မရဘူး။ တခုခုကို အာရုံစိုက်ကြိုးစားနေပြီဆိုရင် ကျန်တဲ့နေရာတွေမှာတော့ လစ်ဟင်းကုန်ကြတာချည်းပဲ။

မွေးနေ့တွေမှာ အတူရှိချင်မှ ရှိတော့မယ်၊ Anniversary နေ့တွေကို မေ့ချင်မေ့တော့မယ်။

ကိုယ့်မိသားစုအတွက်၊ ကိုယ့်တိုင်းပြည်အတွက်၊ လူ့အဖွဲ့အစည်းအတွက် ကြီးကျယ်တဲ့အလုပ်တွေ၊ အရေးကြီးတဲ့အလုပ်တွေ လုပ်နေကြရတဲ့အချိန်မှာ တချို့သော ပျက်ကွက်မှုလေးတွေကို နားလည်ပေးနိုင်ဖို့ လိုပါတယ်။

အစ်မတစ်ယောက် ပြီးခဲ့တဲ့နှစ်က မင်္ဂလာဆောင်ပါတယ်။ သူ့ယောကျာ်းက နိုင်ငံခြားမှာ အလုုပ်လုပ်ပြီး ပြန်လာသူပါ။

အိမ်ထောင်ပြုပြီးပေမယ့်လည်း အစ်မက အလုပ်မထွက်ပါဘူး။ သူ့အလုပ်သူ ဆက်လုပ်ပါတယ်။ ယောကျာ်းကလည်း အလုပ်မထွက်ခိုင်းပါဘူး။

နောက် သူကိုယ်ဝန်ရှိလာတဲ့အချိန်မှာ ယောကျာ်းဖြစ်သူကို သူ့ကုမ္ပဏီက ပြန်ခေါ်လို့ နိုင်ငံခြား ပြန်ထွက်သွားရပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ကာလတစ်လျှောက်လုံး သူတစ်ယောက်တည်း။ အမှတ်တမဲ့ ကြည့်လိုက်ရင် သိပ်ရက်စက်တဲ့ ယောကျာ်းပေါ့။

မေးကြည့်တော့ ယောကျာ်းပြန်သွားဖို့ကို သူကိုယ်တိုင်ပဲ ပြောလိုက်တာ တဲ့။ ကလေးရဲ့ အနာဂတ်အတွက် တဲ့။

အဲဒီလိုစိတ်ဓါတ်မျိုးကို လေးစားမိပါတယ်။ မိန်းမကိုယ်ဝန်ဆောင်နေတုန်း ယောကျာ်းရှိမှ ဖြစ်မှာပေါ့တွေဘာတွေ နုမနေဘူး။

သူ့ဟာသူ ရပ်တည်တယ်။ ဝေးဝေးကို ကြည့်တယ်။ အဓိကပိုကျတာကို ဦးစားပေးတယ်။

တကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ သိပ်ချစ်လွန်းလို့၊ မခွဲနိုင်တော့လို့ အတူနေကြရုံသက်သက် မဟုတ်ပါဘူး။

ကိုယ့်မျိုးဆက်တွေအတွက်ရော၊ တခြားသောသူတွေရဲ့ မျိုးဆက်တွေအတွက်ပါ ပိုကောင်းတဲ့ အနာဂတ်တစ်ခုကို ထားခဲ့နိုင်ဖို့ အတူလက်တွဲကြိုးပမ်းကြတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် သံယောဇဉ်ဆိုတာတွေ၊ အချစ်ဆိုတာတွေကို ရှေ့တန်းတင်ပြီး ကိုယ့်အနားမှာပဲ ချည်နှောင်ထားရမှာ မဟုတ်ပါဘူး။

သူရောကိုယ်ပါ တန်ဖိုးရှိတဲ့လူတွေ ဖြစ်လာဖို့ အပြန်အလှန် ပံ့ပိုးပေးရမှာသာ ဖြစ်ပါတယ်။

ကျွန်တော်တို့မြန်မာတွေ ပြောတတ်ကြတဲ့ ပါရမီဖြည့်ဘက်ဆိုတာ အဲဒါပါပဲ။

တကယ်တော့ အဲဒီလိုကြီးကျယ်တဲ့အလုပ်တွေကို ယောကျာ်းတွေကပဲ လုပ်နေတာ မဟုတ်ပါဘူး။

မိန်းမတွေလည်း လုပ်ပါတယ်။ လုပ်လည်းလုပ်နေသလို၊ လုပ်ခွင့်လည်း ရှိပါတယ်။

သိပ်အောင်မြင်နေတဲ့ အမျိုးသမီးတွေကို ကြည့်လိုက်ပါ။ သူတို့ရဲ့ လက်တွဲဖော်တွေဟာ အဲဒီလို ပါရမီဖြည့်ဘက်တွေ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။

Credit : ဒေါက်တာ ဖြိုးသီဟ

၃၁.၁.၂၀၁၆