ၾကီးပြာတိုးတက္ခ်င္ရင္

ၾကီးပြာတိုးတက္ခ်င္ရင္

ဒီဃဇာဏုသုတ္မွာ ျမတ္စြာဘုရားက ႀကီးပြားတိုးတက္ခ်င္လို႔႐ွိရင္ဘာလုပ္ရမလဲဆိုတာ အတိအက် guide line ဆြဲေပးထားတာ႐ွိတယ္။

ဥ႒ာန_သမၸဒါ

စီးပြားေရးနဲ႔ ပတ္သက္ၿပီး ႀကိဳးစားပါတဲ႔။

အဲဒီ ႀကိဳးစားပါဆိုတဲ႔ စကားထဲမွာ အံ႕ၾသဖြယ္ရာေကာင္းေလာက္ေအာင္ျမတ္စြာဘုရားက ထည့္သြင္းေပးထားတဲ႕ အခ်က္သံုးခ်က္႐ွိတယ္။ႀကိဳးစားတိုင္းေအာင္ျမင္သလားလို႔ဆိုရင္ မေအာင္ျမင္ဘူး။

ႀကိဳးစားပါဆိုတဲ႔အထဲမွာ ျမတ္စြာဘုရားက သံုးခ်က္ထည့္ထားတယ္။

(၁) “ဒကၡ ” လုပ္ငန္းကြၽမ္းက်င္မႈ ႐ွိရမယ္။

ႀကိဳးစားၿပီဆိုရင္ လုပ္ငန္းကြၽမ္းက်င္မႈ ႐ွိရမယ္။

အေရာင္းအဝယ္လုပ္ရင္ အေရာင္းအဝယ္ ကြၽမ္းကြၽင္ရမယ္။

ကုန္ထုတ္လုပ္ငန္းတစ္ခုလုပ္ရင္ ကုန္ထုတ္လုပ္ငန္းနဲ႔ ပတ္သက္ၿပီး ကြၽမ္းက်င္ရမယ္။

စိုက္ပ်ိဳးေရးလုပ္ငန္းလုပ္ရင္ စိုက္ပ်ိဳးေရးနဲ႔ ပတ္သက္ၿပီးကြၽမ္းက်င္မႈ႐ွိရမယ္။

ၿခံလုပ္ငန္းလုပ္ရင္ ျခံနဲ႔ပတ္သက္ၿပီး ကြၽမ္းက်င္မႈ႐ွိရမယ္။

(၂) “အနလသ” ဇြဲေကာင္းရမယ္။ဇြဲမ႐ွိရင္လည္း မေအာင္ျမင္ဘူး။

(၃) “ဥပါယဝီမံသာ ” နည္းပညာ႐ွိရမယ္။ဘယ္ေလာက္ပဲ ႀကိဳးစားႀကိဳးစား နည္းပညာနိမ့္က်လို႔႐ွိရင္လည္း မရဘူး။ဒါ လြန္ခဲ႔တဲ႔ ႏွစ္ေပါင္း ၂၅၀၀ က ေဟာခဲ႔တဲ႔ တရားေနာ္။

ျမတ္စြာဘုရားက စီးပြားေရးတိုးတက္ဖို႔ရာ ” ဥ႒ာနသမၸဒါ “ဆိုတဲ႔အခ်က္ထဲမွာ ဒီသံုးခ်က္ထည့္သြင္းၿပီးေတာ႔ ေဟာထားတာ။

အာရကၡသမၸဒါ

ကိုယ္ရထားတဲ႕ ပစၥည္းဥစၥာ အေလအအလြင့္မ႐ွိေအာင္ထိန္းသိမ္းေစာင့္ေ႐ွာက္မႉ၊ ဒါလည္း သိပ္အေရးႀကီးတာပဲ။႐ွာေတာ႔႐ွာပါရဲ႕။ အထိန္းအသိမ္းမတတ္ေတာ႔ အေလအလြင့္ေတြျဖစ္တယ္၊ ဒါလည္း မျဖစ္ေစနဲ႔တဲ႔။

သမဇီဝိတာ

ကိုယ့္ရဲ႕ဝင္ေငြထြက္ေငြ အျမဲတမ္းညႇိႏိႈင္းၿပီးေတာ႔သံုးစြဲရမယ္တဲ႔။

ကလ်ာဏမိတၱ

မိတ္ေကာင္းေဆြေကာင္း ႐ွိပါေစတဲ႔။စီးပြားေရးနဲ႔ပတ္သက္တဲ႔ အၾကံေပးပုဂၢိဳလ္၊ကိုယ္က်င့္တရားနဲ႔ပတ္သက္ၿပီး ဆံုးမၾသဝါဒေပးမယ့္အၾကံေပးမယ့္ ပုဂၢိဳလ္ေတြ ဒါေတြဟာ မိတ္ေကာင္းေဆြေကာင္းေတြပဲ။

စီးပြားတိုးတက္ခ်င္ရင္ ဒီသဂၤဟတရားေလးပါးနဲ႔ ျပည့္စံုေအာင္လုပ္လို႔ ဆိုတာ ျမတ္စြာဘုရားကguide line ေပးထားတာပဲ။

ဆရာေတာ္ေဒါက္တာအ႐ွင္နႏၵမာလာဘိဝံသ

Thanks:

#WordsofBuddha

ကြီးပွာတိုးတက်ချင်ရင်

ဒီဃဇာဏုသုတ်မှာ မြတ်စွာဘုရားက ကြီးပွားတိုးတက်ချင်လို့ရှိရင်ဘာလုပ်ရမလဲဆိုတာ အတိအကျ guide line ဆွဲပေးထားတာရှိတယ်။

ဥဋ္ဌာန_သမ္ပဒါ

စီးပွားရေးနဲ့ ပတ်သက်ပြီး ကြိုးစားပါတဲ့။

အဲဒီ ကြိုးစားပါဆိုတဲ့ စကားထဲမှာ အံ့သြဖွယ်ရာကောင်းလောက်အောင်မြတ်စွာဘုရားက ထည့်သွင်းပေးထားတဲ့ အချက်သုံးချက်ရှိတယ်။ကြိုးစားတိုင်းအောင်မြင်သလားလို့ဆိုရင် မအောင်မြင်ဘူး။

ကြိုးစားပါဆိုတဲ့အထဲမှာ မြတ်စွာဘုရားက သုံးချက်ထည့်ထားတယ်။

(၁) “ဒက္ခ ” လုပ်ငန်းကျွမ်းကျင်မှု ရှိရမယ်။

ကြိုးစားပြီဆိုရင် လုပ်ငန်းကျွမ်းကျင်မှု ရှိရမယ်။

အရောင်းအဝယ်လုပ်ရင် အရောင်းအဝယ် ကျွမ်းကျွင်ရမယ်။

ကုန်ထုတ်လုပ်ငန်းတစ်ခုလုပ်ရင် ကုန်ထုတ်လုပ်ငန်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ရမယ်။

စိုက်ပျိုးရေးလုပ်ငန်းလုပ်ရင် စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးကျွမ်းကျင်မှုရှိရမယ်။

ခြံလုပ်ငန်းလုပ်ရင် ခြံနဲ့ပတ်သက်ပြီး ကျွမ်းကျင်မှုရှိရမယ်။

(၂) “အနလသ” ဇွဲကောင်းရမယ်။ဇွဲမရှိရင်လည်း မအောင်မြင်ဘူး။

(၃) “ဥပါယဝီမံသာ ” နည်းပညာရှိရမယ်။ဘယ်လောက်ပဲ ကြိုးစားကြိုးစား နည်းပညာနိမ့်ကျလို့ရှိရင်လည်း မရဘူး။ဒါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ က ဟောခဲ့တဲ့ တရားနော်။

မြတ်စွာဘုရားက စီးပွားရေးတိုးတက်ဖို့ရာ ” ဥဋ္ဌာနသမ္ပဒါ “ဆိုတဲ့အချက်ထဲမှာ ဒီသုံးချက်ထည့်သွင်းပြီးတော့ ဟောထားတာ။

အာရက္ခသမ္ပဒါ

ကိုယ်ရထားတဲ့ ပစ္စည်းဥစ္စာ အလေအအလွင့်မရှိအောင်ထိန်းသိမ်းစောင့်ရှောက်မှူ၊ ဒါလည်း သိပ်အရေးကြီးတာပဲ။ရှာတော့ရှာပါရဲ့။ အထိန်းအသိမ်းမတတ်တော့ အလေအလွင့်တွေဖြစ်တယ်၊ ဒါလည်း မဖြစ်စေနဲ့တဲ့။

သမဇီဝိတာ

ကိုယ့်ရဲ့ဝင်ငွေထွက်ငွေ အမြဲတမ်းညှိနှိုင်းပြီးတော့သုံးစွဲရမယ်တဲ့။

ကလျာဏမိတ္တ

မိတ်ကောင်းဆွေကောင်း ရှိပါစေတဲ့။စီးပွားရေးနဲ့ပတ်သက်တဲ့ အကြံပေးပုဂ္ဂိုလ်၊ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး ဆုံးမသြဝါဒပေးမယ့်အကြံပေးမယ့် ပုဂ္ဂိုလ်တွေ ဒါတွေဟာ မိတ်ကောင်းဆွေကောင်းတွေပဲ။

စီးပွားတိုးတက်ချင်ရင် ဒီသင်္ဂဟတရားလေးပါးနဲ့ ပြည့်စုံအောင်လုပ်လို့ ဆိုတာ မြတ်စွာဘုရားကguide line ပေးထားတာပဲ။

ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

Thanks:

#WordsofBuddha