ျမိတ္ၿမိဳ႕၊ခံုေမာ္ေက်းရြာတြင္ ဘုရား ေသာက္ေတာ္ ေရမ်ားလွ်ံေနသည္ဟုသိရ

22.12.2017

ၿမိ္တ္ၿမိဳ႕နယ္၊ခံုေမာ္ေက်းရြာတြင္ဘုရားေသာက္ေတာ္ေရမ်ားလွ်ံက်ေနသည္ဟုသတင္းမ်ားထြက္ေပၚေန တယ္လို႔သိရပါတယ္။

မေဇာေက်းရြာအုပ္စု၊ခံုေမာ္ေက်းရြာ၊အေရွ႕ကမ္းရပ္မွာရွိတ့ဲ ဦးေအးေအာင္ရဲ႕ ေနအိမ္မွာ ဘုရားေသာက္ေတာ္ေရ ကပ္လွဴတဲ့အခါမွာေသာက္ေတာ္ေရမ်ားလွ်ံက်ေန သည့္ျဖစ္စဥ္က ၃ လေက်ာ္လာၿပီျဖစ္တယ္လို႔သိရပါတယ္

“ၿပီးခဲ့တဲ့ေတာ္သလင္းလျပည့္ေက်ာ္ေလာက္က ျဖစ္တယ္လို႔သတိထားမိတယ္။အဲဒီရက္ေတြ မတိုင္ခင္မွာ လွ်ပ္စစ္မီးခလုတ္ေတြပိတ္ထားေပမယ့္ မီး ၇ ရက္ဆက္တိုက္လာေနတာသတိထားမိတယ္။ ေနာက္ ေတာ့ ေသာက္ေတာ္ေရလွ်ံက်လာတယ္ဒါေတြကို တျခားသူေတြကိုသြားေျပာလို႔လည္း ယံုမွာမွမဟုတ္တာ ေနာက္ေတာ့လည္းတျဖည္းျဖည္းအိမ္နီးနားခ်င္းေတြသိလာၿပီးတျခားရြာကလူေတြလည္း လာၾကည့္ေနၾကတယ္””လို႔ အိမ္ပိုင္ရွင္ျဖစ္တဲ့ ဦးေအးေအာင္ကေျပာၾကားခဲ့ပါတယ္

ေသာက္ေတာ္ေရကပ္လွဴးထားတဲ့ဘုရားကို ထိုင္းႏိုင္ငံကိုဖက္ဖူးေလွႏွင့္ပစၥည္းေတြသြားေရာင္းရင္းအပူေဇာ္ခံလာျခင္းျဖစ္ေၾကာင္းလြန္ခဲ့တဲ့ႏွစ္ ေပါင္း ၄၀ ေက်ာ္ေလာက္ကတည္းကအိမ္မွာသတင္းသံုးေနတယ္လို႔ဦးေအးေအာင္မွ ေျပာပါတယ္။

“”ခံုေမာ္ရာအိမ္မွဴးအေၾကာင္းၾကားလို႔ကၽြန္ေတာ္လာၾကည့္တာပါ။ ထူးထူးျခားျခားျဖစ္ေနတာမေတြ႕ေသးဘူးေရလွ်ံက်ေနတယ္လို႔ေျပာတယ္။အနီးနားကလူေတြလည္းယုံယုံၾကည္ပဲလာၾကည့္ၿပီးေရေတြယူသြားတယ္။တစ္ခ်ဳိ႕ရက္ေတြမွာလာၾကည့္တဲ့သူေတြ ရာခ်ီရွိတယ္ ကၽြန္ေတာ့္အေနႏွင့္ကေတာ့ေစာင့္ၾကည့္ဦးမယ္။ ျပီးမွဓာတ္ခြဲခန္းကိုပို႔ၿပီး စစ္ေဆးၾကည့္မွာပါ””လို႔ မေဇာေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးမ်ဳိးလြင္မွေျပာပါတယ္။

အိမ္ရွင္အေနျဖင့္ေသာက္ေတာ္ေရလွ်ံက်ေနသည္ကိုအခ်ိန္အတိအက်မ ေျပာႏိုင္ေၾကာင္းေသာက္ေတာ္ေရ ကို ေသာက္သံုးပါက က်န္းမာလာသည္ဟုခံစားရသလို အနာမ်ားကိုလိမ္း ေဆးေပးပါကေပ်ာက္ကင္းသည္ဟုေဒ သ ခံမ်ားက ယံုၾကည္ေသာေၾကာင့္ေရဗူးမ်ားႏွင့္ ထည့္ ကာ ေပးလွဴေနေၾကာင္း ဦးေအးေအာင္မွဆိုပါတယ္။

ျမတ္ထြဋ္ (ၿမိတ္)

22.12.2017

မြိ်တ်မြို့နယ်၊ခုံမော်ကျေးရွာတွင်ဘုရားသောက်တော်ရေများလျှံကျနေသည်ဟုသတင်းများထွက်ပေါ်နေ တယ်လို့သိရပါတယ်။

မဇောကျေးရွာအုပ်စု၊ခုံမော်ကျေးရွာ၊အရှေ့ကမ်းရပ်မှာရှိတဲ့ ဦးအေးအောင်ရဲ့ နေအိမ်မှာ ဘုရားသောက်တော်ရေ ကပ်လှူတဲ့အခါမှာသောက်တော်ရေများလျှံကျနေ သည့်ဖြစ်စဉ်က ၃ လကျော်လာပြီဖြစ်တယ်လို့သိရပါတယ်

“ပြီးခဲ့တဲ့တော်သလင်းလပြည့်ကျော်လောက်က ဖြစ်တယ်လို့သတိထားမိတယ်။အဲဒီရက်တွေ မတိုင်ခင်မှာ လျှပ်စစ်မီးခလုတ်တွေပိတ်ထားပေမယ့် မီး ရ ရက်ဆက်တိုက်လာနေတာသတိထားမိတယ်။ နောက် တော့ သောက်တော်ရေလျှံကျလာတယ်ဒါတွေကို တခြားသူတွေကိုသွားပြောလို့လည်း ယုံမှာမှမဟုတ်တာ နောက်တော့လည်းတဖြည်းဖြည်းအိမ်နီးနားချင်းတွေသိလာပြီးတခြားရွာကလူတွေလည်း လာကြည့်နေကြတယ်””လို့ အိမ်ပိုင်ရှင်ဖြစ်တဲ့ ဦးအေးအောင်ကပြောကြားခဲ့ပါတယ်

သောက်တော်ရေကပ်လှူးထားတဲ့ဘုရားကို ထိုင်းနိုင်ငံကိုဖက်ဖူးလှေနှင့်ပစ္စည်းတွေသွားရောင်းရင်းအပူဇော်ခံလာခြင်းဖြစ်ကြောင်းလွန်ခဲ့တဲ့နှစ် ပေါင်း ၄၀ ကျော်လောက်ကတည်းကအိမ်မှာသတင်းသုံးနေတယ်လို့ဦးအေးအောင်မှ ပြောပါတယ်။

“”ခုံမော်ရာအိမ်မှူးအကြောင်းကြားလို့ကျွန်တော်လာကြည့်တာပါ။ ထူးထူးခြားခြားဖြစ်နေတာမတွေ့သေးဘူးရေလျှံကျနေတယ်လို့ပြောတယ်။အနီးနားကလူတွေလည်းယုံယုံကြည်ပဲလာကြည့်ပြီးရေတွေယူသွားတယ်။တစ်ချို့ရက်တွေမှာလာကြည့်တဲ့သူတွေ ရာချီရှိတယ် ကျွန်တော့်အနေနှင့်ကတော့စောင့်ကြည့်ဦးမယ်။ ပြီးမှဓာတ်ခွဲခန်းကိုပို့ပြီး စစ်ဆေးကြည့်မှာပါ””လို့ မဇောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်မှပြောပါတယ်။

အိမ်ရှင်အနေဖြင့်သောက်တော်ရေလျှံကျနေသည်ကိုအချိန်အတိအကျမ ပြောနိုင်ကြောင်းသောက်တော်ရေ ကို သောက်သုံးပါက ကျန်းမာလာသည်ဟုခံစားရသလို အနာများကိုလိမ်း ဆေးပေးပါကပျောက်ကင်းသည်ဟုဒေ သ ခံများက ယုံကြည်သောကြောင့်ရေဗူးများနှင့် ထည့် ကာ ပေးလှူနေကြောင်း ဦးအေးအောင်မှဆိုပါတယ်။

မြတ်ထွဋ် (မြိတ်)