က်န္းမာေရးအတြက္အလြန္အသံုးဝင္တဲ႔ဇီ၀စုိးငွက္ရဲ႕အန္ဖတ္

ငွက္သုိက္သည္ ပ်ံလႊားငွက္ တစ္မ်ိဳးတြင္ ပါ၀င္သည့္ငွက္မ်ားက လုပ္ေသာ အသုိက္ ျဖစ္ပါသည္။မုိးစာငွက္၊ ၿပီးလဲငွက္၊ ဇီ၀စုိးးငွက္မ်ားမွ ငွက္သုိက္ကုိ ထုတ္ယူရရွိႏုိင္၏။

ျမန္မာ ႏုိင္ငံတြင္ ငွက္သုိက္ကုိ ဇီ၀စုိးငွက္မွသာ ရရွိပါသည္။ ဇီ၀စုိးငွက္သည္ ေလထဲတြင္ ပ်ံသန္းရင္း ပုိးမႊားေကာင္မ်ားကုိ ဖမ္းစားတတ္ေသာေၾကာင့္ “ေလစားငွက္´´ ဟုလည္းေခၚသည္။

ဇီ၀စုိး ငွက္မွ အမဲေရာင္ငွက္သုိက္ႏွင့္ အျဖဴေရာင္ ငွက္သုိက္ (၂)မ်ိဳးရရွိပါသည္။ အမဲေရာင္ငွက္သုိက္ ကုိ Collocalia innominata ဆုိသည့္ ဇီ၀စုိးငွက္မွရရွိၿပီး အျဖဴေရာင္ငွက္သုိက္ကို Collocalia fuciphaga ဆုိသည့္ ငွက္သုိက္မွ ရရွိသည္။

ငွက္သုိက္ထြက္ရွိရာေဒသ

ျမန္မာႏုိင္ငံတြင္ ငွက္သုိက္မ်ားကုိ ထား၀ယ္ကမ္းေျခအနီးရွိ ကၽြန္းမ်ား၊ ၿမိတ္ကၽြန္းစု၊ ပုသိမ္ၿမိဳ႕ အေနာက္ေတာင္ဘက္ရွိ ကၽြန္းမ်ားတြင္ ေတြ႔ရ၏။

တနသၤာရီတုိင္းအတြင္းရွိ ငွက္သုိက္ ကၽြန္းေပါင္း (၃၂)ကၽြန္းမွ အဖုိးတန္းငွက္သုိက္မ်ား ထြက္ရွိပါသည္။

ၿမိတ္ကၽြန္းစုရွိ ငွက္သုိက္မ်ားကုိ ပုေလာၿမိဳ႕နယ္ရွိ မလိကၽြန္း၊ ကၽြန္းစုၿမိဳ႕နယ္ရွိ ေရေအးကၽြန္းစု၊ ဘုတ္ျပင္း ၿမိဳ႕နယ္ရွိ ပုလုတိကၽြန္းစု၊ ေကာ့ေသာင္းၿမိဳ႕နယ္ရွိ ကဆုိင္းလွႏွင့္ ေကာ့ငန္းကၽြန္းစု မ်ားမွ ရရွိ၏။ ယင္းကၽြန္းစုမ်ား အနက္ မလိကၽြန္းမွ ငွက္သုိက္အမ်ားဆံုး ရရွိသည္။

ဇီ၀စုိးငွက္ပံုသ႑န္

ျမန္မာႏုိင္ငံတြင္ ငွက္သုိက္အမ်ားဆံုး ထုတ္လုပ္ေပးေသာ ဇီ၀စုိးငွက္သည္ စာကေလး အရြယ္ခန္႔သာ ရွိၿပီး မီလီမီတာ ၁၀၀ မွ ၄၀၀ အတြင္းရွိသည္။

ေက်ာဘက္ ငွက္ေမြးမွာ အမဲေရာင္ ရွိၿပီး ၀မ္းဘက္ ငွက္ေမြးမွာ မီးခုိးေရာင္ ျဖစ္ေန၏။ ဦးေခါင္းမွာ ေသးလံုးေနၿပီး ကေတာ့ပံုရွိ မာေသာ ႏႈတ္သီးႏွင့္ က်ယ္ေသာ ပါးစပ္ေပါက္ ရွိသည္။

ေတာင္ပံသည္ ခၽြန္ၿပီး အျမီးတုိေသာေၾကာင့္ ပ်ံသန္းမႈကုိ လ်င္ျမန္ေစသည့္ အျပင္ ညအိပ္သည့္ အခ်ိန္မွ လြဲ၍ တစ္ေန႔လံုး ပ်ံႏုိင္သည္။ တုိၿပီးေကာက္ေနေသာ ေျခသည္းပါသည့္ ေျခေခ်ာင္း(၄)ေခ်ာင္းရွိ၏။

ေျခေခ်ာင္း(၄)ေခ်ာင္းအနက္ (၃)ေခ်ာင္းသည္ အေရွ႕ဘက္သုိ႔ ကား၍ ညႊန္းေနေသာေၾကာင့္ ေက်ာက္ေဆာင္ အစြန္းႏွင့္ အေဆာက္အဦး မ်ားတြင္ ခုိင္ျမဲစြာ ကုတ္တြယ္ထားႏုိင္သည္။

ဇီ၀စုိးငွက္ရဲ႕သဘာ၀

ဇီ၀စုိးငွက္သည္ လူႏွင့္ေ၀းသည့္ ပင္လယ္တြင္း ကၽြန္းအခ်ိဳ႕၌ ေက်ာက္ေဆာင္ လိႈဏ္ဂူမ်ား အၾကားတြင္ ေနထုိင္ေလ့ရွိသည္။ အုပ္စုဖဲြ႕ေနတတ္၍ တစ္အုပ္စုလွ်င္ ေထာင္ေပါင္း မ်ားစြာ ပါ၀င္၏ ။

ေျမျပင္တြင္ က်က္စားေလ့မရွိေပ။ ေ၀ဟင္ႏွင့္ ပင္လယ္ ေရျပင္ ထက္တြင္ လ်င္ျမန္စြာ ပ်ံသန္းစဥ္ ေတာင္ပံပါ အင္းဆက္မ်ားကုိ ဖမ္းယူ စားေသာက္ ေပသည္။

တိမ္ရွိသည့္ ေနရာအထိ ျမင့္မားစြာ ပ်ံသန္း ႏုိင္၍ အျမင္အာရံု စူးရွၿပီး လ်င္ျမန္ ျဖတ္လတ္၏။ တေပါင္း၊ တန္ခူးလမွ စ၍ ငွက္သုိက္ျပဳလုပ္တတ္သည္။

၄င္းတုိ႔၏ ငွက္သုိက္မ်ားသည္ အျခား ငွက္မ်ားကဲ့သုိ႔ သစ္ရြက္၊ သစ္ကုိင္းမ်ားျဖင့္ မျပဳလုပ္ၾကပဲ ထူးဆန္းစြာ အာေခါင္မွ အာေစး တစ္မ်ိဳးကုိ အန္ထုတ္၍ အသုိက္ျပဳလုပ္ၾကသည္။ ယင္းအသုိက္မ်ားတြင္ ငွက္မမ်ား ၀င္ဥ ၾကသည္။

တစ္ႏွစ္လ်င္ ႏွစ္ႀကိမ္ဥၿပီး တစ္ၿမံဳလွ်င္ ဥ ႏွစ္လံုးရွိသည္။ အမ်ားအားျဖင့္ အထီး တစ္ေကာင္၊ အမ တစ္ေကာင္ ေပါက္သည္။

ငွက္မသည္ ငွက္ကေလးမ်ားကုိ ႏွစ္လ ၾကာမွ် ေကၽြးေမြး ျပဳစုၿပီး ေနာက္ အသုိက္မွ ဆင္းသြားၾကသည္။

အသုိက္ျပဳလုပ္ပံု

ဇီ၀စုိးငွက္မ်ားသည္ မ်ိဳးပြားရာသီျဖစ္ေသာ ဇန္န၀ါရီလ ၊ ဧၿပီလႏွင့္ ၾသဂုတ္လမ်ားတြင္ ဥမ်ားဥရန္ အသုိက္ေဆာက္ေလ့ရွိသည္။ အသုိက္ေဆာက္မည့္ ေက်ာက္လိႈဏ္ဂူအမုိးမွာ ေပ ၄၅၀ ေက်ာ္ခန္႔အထိ ျမင့္မားလွ၏။

ဇိ၀စုိးငွက္အထီးကသာ အိမ္ဖဲြ႕ေပးေလ့ရွိသည္။ အသုိက္ ေဆာက္လုပ္ရာတြင္ ငွက္၏ တံေတြးဂလင္းမွ စစ္ထုတ္လုိက္ေသာ တံေတြးရည္မ်ားႏွင့္ ေခ်ဖ်က္ၿပီး အစာရည္အခ်ိဳ႕ပါ၀င္၏။

အသုိက္ျပဳလုပ္မည့္ ေနရာကုိ စိတ္ႀကိဳက္ေရြးခ်ယ္ၿပီး တံေတြးမ်ားကုိ အံထုတ္လုုိက္သည္။

ယင္းတံေတြးမ်ားသည္ ေလႏွင့္ ထိေတြ႔သည့္အခါ မာေၾကာသြား၏။ ယင္းအံဖတ္မ်ားကုိ ထပ္ခါထပ္ခါ အံၿပီး ႏႈတ္သီးျဖင့္ ခြက္ပံုသ႑ာန္ေဖာ္ေပး သည္။

တစ္ခါတစ္ရံတြင္ ငွက္သုိက္၏ ေသြးစမ်ား ပါလာတတ္သည္ကုိ ေတြရ၏။

ငွက္သုိက္မွာ အရြယ္ေရာက္ ငွက္တစ္ေကာင္ႏွင့္ ငွက္ေပါက္စ ႏွစ္ေကာင္ ေနရန္ လံုေလာက္သည္။ အျဖဴေရာင္ ငွက္သုိက္တြင္ အျဖဴေရာင္ ငွက္ေမြးႏုမ်ား ပါ၀င္သည္။

အမဲေရာင္ငွက္သုိက္တြင္ အမဲေရာင္ ငွက္ေမြးႏုမ်ား ပါ၀င္သည္။

အရြယ္အစားအားျဖင့္ အမဲေရာင္ ငွက္သုိက္သည္ အျဖဴေရာင္ ငွက္သုိက္ထက္ (၂)ဆႀကီး၏။

စီးပြားေရး ေစ်းကြက္တြင္ အျဖဴေရာင္ ငွက္သုိက္ကုိ လူႀကိဳက္မ်ား ေသာေၾကာင့္ (၁၀)ဆမွ် ေစ်းပုိႀကီးသည္။

ငွက္သုိက္မ်ားထုတ္လုပ္ပံု

ငွက္သုိက္မ်ားကုိ ပင္လယ္ သမုဒၵရာတို႔အလယ္မွ လူသူမနီးေသာ ကၽြန္းမ်ားေပၚတြင္ အလြန္ျမင့္မားေသာ ေက်ာက္ေဆာင္ လိႈဏ္ဂူေစာင္းမ်ား၏ အထက္မ်က္ႏွာက်က္တြင္ ငွက္သုိက္ ဖဲြ႕ေလ့ရွိၾကသည္။

ထုိ႔ေၾကာင့္ ငွက္သုိက္ စုေဆာင္းခ်ိန္တြင္ ငွက္သုိက္မ်ား ရရွိႏုိင္သည့္ ေက်ာက္ေဆာင္ လိႈဏ္ေခါင္းအတြင္း ၀င္ေရာက္၍ အတြင္းနံရံကုိ ခဲယဥ္းစြာ တက္ေရာက္ ဆြတ္ယူၾကရ၏။

ထုိကဲ့သုိ႔ ဆြတ္ယူႏုိင္ရန္ ေက်ာက္ေဆာင္မ်ားကုိ ျငမ္းဆင္၍ သက္စြန္႔ဆံဖ်ား တက္ေရာက္ကာ ခဲယဥ္းစြာ လုိက္လံ စုေဆာင္း ၾကရသည္။

ျမန္မာႏုိင္ငံတြင္ ငွက္သုိက္ရေသာ ကၽြန္းမ်ားကုိ သစ္ေတာ ဦးစီးဌာနမွ အုပ္ခ်ဳပ္၍ ႏွစ္စဥ္ ငွက္သုိက္ သိမ္းယူခြင့္ လုိင္စင္ ထုတ္ေပးၿပီး ဥပေဒမ်ားကုိ လုိအပ္သလုိ ထုတ္ျပန္၍ ငွက္မ်ဳိးစိတ္မျပဳန္းေစရန္ ေစာင့္ေရွာက္ေပးထား၏။

၂၀၀၅ ခုႏွစ္တြင္ ငွက္သုိက္ စုေဆာင္းခ်ိန္ ကုိ မတ္လ ပထမပတ္မွ ဒုတိယပတ္၊ ဧၿပီလ ပထမပတ္မွ ဒုတိယပတ္၊ ဇူလုိင္လ ပထမပတ္မွ ဒုတိယပတ္၊ ႏုိ၀င္ဘာ (၂၁)မွ လကုန္အထိ (၄)ႀကိမ္ ခဲြ၍ စုေဆာင္းရန္ သတ္မွတ္ေပးထား သည္။

စုေဆာင္းခြင့္ရရွိေသာ ငွက္သုိက္မ်ားကုိ သစ္ေတာဦးစီးဌာနမွ စစ္ေဆး၏။ ေသြးပါေသာ ငွက္သုိက္မ်ားကုိ ေတြ႔ရွိပါက လုိင္စင္ရရွိထားသူကုိ ဒဏ္ရုိက္သည္။

လုိင္စင္ထုတ္ေပးရာတြင္ ထုိကၽြန္းမ်ားကုိ ႏွစ္စဥ္ တစ္လွည့္စီ ပိတ္ေပးထားရ၏။ ပိတ္ထားေသာ ကၽြန္းမ်ားေပၚ၌ ငွက္ကေလး မ်ားသည္ အေႏွာင့္အယွက္ မရွိဘဲ အသုိက္ ျပဳလုပ္ ေပါက္ဖြား ႏုိင္ၾကသည္။

ငွက္သုိက္အသံုး၀င္ပံု

ျမန္မာႏုိင္ငံတြင္ ငွက္သုိက္ကုိ နာတာရွည္ ေရာဂါရွိသူမ်ား၊ သက္ႀကီးရြယ္အုိမ်ား၊ အင္အားကုန္ခမ္းေနသူမ်ားကုိ ငွက္သုိက္ေပါင္း ေကၽြးေလ့ရွိသည္။

ငွက္သုိက္သည္ ပရုိတင္း ဓာတ္ၾကြယ္၀ၿပီး အာဟာရဓာတ္ မ်ားစြာ ပါ၀င္သည္။ သဘာ၀ ငွက္သုိက္ကုိ ေခတ္မီနည္းျဖင့္ သန္႔စင္ထားေသာ ငွက္သုိက္ရည္ကုိ ေဆးဖက္၀င္ အျခား ပစၥည္းမ်ားႏွင့္ ေပါင္းစပ္ေဖာ္ထား သျဖင့္

အဆုတ္ကုိ အားေကာင္း ေစၿပီး ေခ်ာင္းဆုိး၊ အေအးမိႏွင့္ တုပ္ေကြး ေရာဂါမ်ားကုိ သက္သာ ေပ်ာက္ကင္းေစႏုိင္ေၾကာင္း သိရပါသည္။

ေဆးဖက္၀င္ ပစၥည္း တစ္မ်ိဳး ျဖစ္ေသာေၾကာင့္ အလြန္ အဖုိးအနဂၣ ထုိက္သျဖင့္ ေရႊႏွင့္ စက္၍ပင္ ၀ယ္ယူၾကသည္။ ငွက္သုိက္ မ်ားကုိ ျပည္တြင္းတြင္ အသံုးျပဳရံုသာမက ျပည္ပသုိ႔ပါ တင္ပုိ႔ေရာင္းခ်သည္။

ႏုိင္ငံျခား၀င္ေငြရရွိေသာ ငွက္သုိက္သည္ တနသၤာရီတုိင္းမွ ရရွိေသာေၾကာင့္ တနသၤာရီတုိင္းသည္ ျပည္ေထာင္စုျမန္မာႏုိင္ငံေတာ္ႀကီး၏ စီးပြားေရး ဖံြ႕ၿဖိဳးတုိးတက္မႈတြင္ တစ္ဖက္တစ္လမ္းမွ ပါ၀င္ ေနေၾကာင္း တင္ျပအပ္ပါသည္။

ရည္ညႊန္း…..- ၿမိတ္တကၠသုိလ္ ၂၀၀၄-၂၀၀၅ ႏွစ္လည္မဂၢဇင္းတြင္ ထည့္သြင္းေဖာ္ျပထားေသာသတၱေဗဒဌာန(ဌာနမွဴး)ပါေမာကၡ ေဒၚျမင့္ျမင့္သန္း၏ “ ငွက္သုိက္ “ ေဆာင္းပါး

ဦးသန္းျမင့္ (၂၀၀၁) ၊ ´´ ျမန္မာျပည္ေတာင္ဘက္ ပင္လယ္တြင္းက“ စာအုပ္

ေမတၱာျဖင့္

TKW ( 17 Dec 2016 )

CREDIT -Ko Thet Khing Mdy

Unicode >>>

ငှက်သိုက်သည် ပျံလွှားငှက် တစ်မျိုးတွင် ပါ၀င်သည့်ငှက်များက လုပ်သော အသိုက် ဖြစ်ပါသည်။မိုးစာငှက်၊ ပြီးလဲငှက်၊ ဇီဝစိုးးငှက်များမှ ငှက်သိုက်ကို ထုတ်ယူရရှိနိုင်၏။

မြန်မာ နိုင်ငံတွင် ငှက်သိုက်ကို ဇီဝစိုးငှက်မှသာ ရရှိပါသည်။ ဇီဝစိုးငှက်သည် လေထဲတွင် ပျံသန်းရင်း ပိုးမွှားကောင်များကို ဖမ်းစားတတ်သောကြောင့် “လေစားငှက်´´ ဟုလည်းခေါ်သည်။

ဇီဝစိုး ငှက်မှ အမဲရောင်ငှက်သိုက်နှင့် အဖြူရောင် ငှက်သိုက် (၂)မျိုးရရှိပါသည်။ အမဲရောင်ငှက်သိုက် ကို Collocalia innominata ဆိုသည့် ဇီဝစိုးငှက်မှရရှိပြီး အဖြူရောင်ငှက်သိုက်ကို Collocalia fuciphaga ဆိုသည့် ငှက်သိုက်မှ ရရှိသည်။

ငှက်သိုက်ထွက်ရှိရာဒေသ

မြန်မာနိုင်ငံတွင် ငှက်သိုက်များကို ထားဝယ်ကမ်းခြေအနီးရှိ ကျွန်းများ၊ မြိတ်ကျွန်းစု၊ ပုသိမ်မြို့ အနောက်တောင်ဘက်ရှိ ကျွန်းများတွင် တွေ့ရ၏။

တနင်္သာရီတိုင်းအတွင်းရှိ ငှက်သိုက် ကျွန်းပေါင်း (၃၂)ကျွန်းမှ အဖိုးတန်းငှက်သိုက်များ ထွက်ရှိပါသည်။

မြိတ်ကျွန်းစုရှိ ငှက်သိုက်များကို ပုလောမြို့နယ်ရှိ မလိကျွန်း၊ ကျွန်းစုမြို့နယ်ရှိ ရေအေးကျွန်းစု၊ ဘုတ်ပြင်း မြို့နယ်ရှိ ပုလုတိကျွန်းစု၊ ကော့သောင်းမြို့နယ်ရှိ ကဆိုင်းလှနှင့် ကော့ငန်းကျွန်းစု များမှ ရရှိ၏။ ယင်းကျွန်းစုများ အနက် မလိကျွန်းမှ ငှက်သိုက်အများဆုံး ရရှိသည်။

ဇီဝစိုးငှက်ပုံသဏ္ဍန်

မြန်မာနိုင်ငံတွင် ငှက်သိုက်အများဆုံး ထုတ်လုပ်ပေးသော ဇီဝစိုးငှက်သည် စာကလေး အရွယ်ခန့်သာ ရှိပြီး မီလီမီတာ ၁၀၀ မှ ၄၀၀ အတွင်းရှိသည်။

ကျောဘက် ငှက်မွေးမှာ အမဲရောင် ရှိပြီး ၀မ်းဘက် ငှက်မွေးမှာ မီးခိုးရောင် ဖြစ်နေ၏။ ဦးခေါင်းမှာ သေးလုံးနေပြီး ကတော့ပုံရှိ မာသော နှုတ်သီးနှင့် ကျယ်သော ပါးစပ်ပေါက် ရှိသည်။

တောင်ပံသည် ချွန်ပြီး အမြီးတိုသောကြောင့် ပျံသန်းမှုကို လျင်မြန်စေသည့် အပြင် ညအိပ်သည့် အချိန်မှ လွဲ၍ တစ်နေ့လုံး ပျံနိုင်သည်။ တိုပြီးကောက်နေသော ခြေသည်းပါသည့် ခြေချောင်း(၄)ချောင်းရှိ၏။

ခြေချောင်း(၄)ချောင်းအနက် (၃)ချောင်းသည် အရှေ့ဘက်သို့ ကား၍ ညွှန်းနေသောကြောင့် ကျောက်ဆောင် အစွန်းနှင့် အဆောက်အဦး များတွင် ခိုင်မြဲစွာ ကုတ်တွယ်ထားနိုင်သည်။

ဇီဝစိုးငှက်ရဲ့သဘာဝ

ဇီဝစိုးငှက်သည် လူနှင့်ဝေးသည့် ပင်လယ်တွင်း ကျွန်းအချို့၌ ကျောက်ဆောင် လှိုဏ်ဂူများ အကြားတွင် နေထိုင်လေ့ရှိသည်။ အုပ်စုဖွဲ့နေတတ်၍ တစ်အုပ်စုလျှင် ထောင်ပေါင်း များစွာ ပါ၀င်၏ ။

မြေပြင်တွင် ကျက်စားလေ့မရှိပေ။ ဝေဟင်နှင့် ပင်လယ် ရေပြင် ထက်တွင် လျင်မြန်စွာ ပျံသန်းစဉ် တောင်ပံပါ အင်းဆက်များကို ဖမ်းယူ စားသောက် ပေသည်။

တိမ်ရှိသည့် နေရာအထိ မြင့်မားစွာ ပျံသန်း နိုင်၍ အမြင်အာရုံ စူးရှပြီး လျင်မြန် ဖြတ်လတ်၏။ တပေါင်း၊ တန်ခူးလမှ စ၍ ငှက်သိုက်ပြုလုပ်တတ်သည်။

၄င်းတို့၏ ငှက်သိုက်များသည် အခြား ငှက်များကဲ့သို့ သစ်ရွက်၊ သစ်ကိုင်းများဖြင့် မပြုလုပ်ကြပဲ ထူးဆန်းစွာ အာခေါင်မှ အာစေး တစ်မျိုးကို အန်ထုတ်၍ အသိုက်ပြုလုပ်ကြသည်။ ယင်းအသိုက်များတွင် ငှက်မများ ၀င်ဥ ကြသည်။

တစ်နှစ်လျင် နှစ်ကြိမ်ဥပြီး တစ်မြုံလျှင် ဥ နှစ်လုံးရှိသည်။ အများအားဖြင့် အထီး တစ်ကောင်၊ အမ တစ်ကောင် ပေါက်သည်။

ငှက်မသည် ငှက်ကလေးများကို နှစ်လ ကြာမျှ ကျွေးမွေး ပြုစုပြီး နောက် အသိုက်မှ ဆင်းသွားကြသည်။

အသိုက်ပြုလုပ်ပုံ

ဇီဝစိုးငှက်များသည် မျိုးပွားရာသီဖြစ်သော ဇန်နဝါရီလ ၊ ဧပြီလနှင့် သြဂုတ်လများတွင် ဥများဥရန် အသိုက်ဆောက်လေ့ရှိသည်။ အသိုက်ဆောက်မည့် ကျောက်လှိုဏ်ဂူအမိုးမှာ ပေ ၄၅၀ ကျော်ခန့်အထိ မြင့်မားလှ၏။

ဇိ၀စိုးငှက်အထီးကသာ အိမ်ဖွဲ့ပေးလေ့ရှိသည်။ အသိုက် ဆောက်လုပ်ရာတွင် ငှက်၏ တံတွေးဂလင်းမှ စစ်ထုတ်လိုက်သော တံတွေးရည်များနှင့် ချေဖျက်ပြီး အစာရည်အချို့ပါ၀င်၏။

အသိုက်ပြုလုပ်မည့် နေရာကို စိတ်ကြိုက်ရွေးချယ်ပြီး တံတွေးများကို အံထုတ်လုုိက်သည်။

ယင်းတံတွေးများသည် လေနှင့် ထိတွေ့သည့်အခါ မာကြောသွား၏။ ယင်းအံဖတ်များကို ထပ်ခါထပ်ခါ အံပြီး နှုတ်သီးဖြင့် ခွက်ပုံသဏ္ဍာန်ဖော်ပေး သည်။

တစ်ခါတစ်ရံတွင် ငှက်သိုက်၏ သွေးစများ ပါလာတတ်သည်ကို တွေရ၏။

ငှက်သိုက်မှာ အရွယ်ရောက် ငှက်တစ်ကောင်နှင့် ငှက်ပေါက်စ နှစ်ကောင် နေရန် လုံလောက်သည်။ အဖြူရောင် ငှက်သိုက်တွင် အဖြူရောင် ငှက်မွေးနုများ ပါ၀င်သည်။

အမဲရောင်ငှက်သိုက်တွင် အမဲရောင် ငှက်မွေးနုများ ပါ၀င်သည်။

အရွယ်အစားအားဖြင့် အမဲရောင် ငှက်သိုက်သည် အဖြူရောင် ငှက်သိုက်ထက် (၂)ဆကြီး၏။

စီးပွားရေး စျေးကွက်တွင် အဖြူရောင် ငှက်သိုက်ကို လူကြိုက်များ သောကြောင့် (၁၀)ဆမျှ စျေးပိုကြီးသည်။

ငှက်သိုက်များထုတ်လုပ်ပုံ

ငှက်သိုက်များကို ပင်လယ် သမုဒ္ဒရာတို့အလယ်မှ လူသူမနီးသော ကျွန်းများပေါ်တွင် အလွန်မြင့်မားသော ကျောက်ဆောင် လှိုဏ်ဂူစောင်းများ၏ အထက်မျက်နှာကျက်တွင် ငှက်သိုက် ဖွဲ့လေ့ရှိကြသည်။

ထို့ကြောင့် ငှက်သိုက် စုဆောင်းချိန်တွင် ငှက်သိုက်များ ရရှိနိုင်သည့် ကျောက်ဆောင် လှိုဏ်ခေါင်းအတွင်း ၀င်ရောက်၍ အတွင်းနံရံကို ခဲယဉ်းစွာ တက်ရောက် ဆွတ်ယူကြရ၏။

ထိုကဲ့သို့ ဆွတ်ယူနိုင်ရန် ကျောက်ဆောင်များကို ငြမ်းဆင်၍ သက်စွန့်ဆံဖျား တက်ရောက်ကာ ခဲယဉ်းစွာ လိုက်လံ စုဆောင်း ကြရသည်။

မြန်မာနိုင်ငံတွင် ငှက်သိုက်ရသော ကျွန်းများကို သစ်တော ဦးစီးဌာနမှ အုပ်ချုပ်၍ နှစ်စဉ် ငှက်သိုက် သိမ်းယူခွင့် လိုင်စင် ထုတ်ပေးပြီး ဥပဒေများကို လိုအပ်သလို ထုတ်ပြန်၍ ငှက်မျိုးစိတ်မပြုန်းစေရန် စောင့်ရှောက်ပေးထား၏။

၂၀၀၅ ခုနှစ်တွင် ငှက်သိုက် စုဆောင်းချိန် ကို မတ်လ ပထမပတ်မှ ဒုတိယပတ်၊ ဧပြီလ ပထမပတ်မှ ဒုတိယပတ်၊ ဇူလိုင်လ ပထမပတ်မှ ဒုတိယပတ်၊ နို၀င်ဘာ (၂၁)မှ လကုန်အထိ (၄)ကြိမ် ခွဲ၍ စုဆောင်းရန် သတ်မှတ်ပေးထား သည်။

စုဆောင်းခွင့်ရရှိသော ငှက်သိုက်များကို သစ်တောဦးစီးဌာနမှ စစ်ဆေး၏။ သွေးပါသော ငှက်သိုက်များကို တွေ့ရှိပါက လိုင်စင်ရရှိထားသူကို ဒဏ်ရိုက်သည်။

လိုင်စင်ထုတ်ပေးရာတွင် ထိုကျွန်းများကို နှစ်စဉ် တစ်လှည့်စီ ပိတ်ပေးထားရ၏။ ပိတ်ထားသော ကျွန်းများပေါ်၌ ငှက်ကလေး များသည် အနှောင့်အယှက် မရှိဘဲ အသိုက် ပြုလုပ် ပေါက်ဖွား နိုင်ကြသည်။

ငှက်သိုက်အသုံးဝင်ပုံ

မြန်မာနိုင်ငံတွင် ငှက်သိုက်ကို နာတာရှည် ရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများ၊ အင်အားကုန်ခမ်းနေသူများကို ငှက်သိုက်ပေါင်း ကျွေးလေ့ရှိသည်။

ငှက်သိုက်သည် ပရိုတင်း ဓာတ်ကြွယ်ဝပြီး အာဟာရဓာတ် များစွာ ပါ၀င်သည်။ သဘာဝ ငှက်သိုက်ကို ခေတ်မီနည်းဖြင့် သန့်စင်ထားသော ငှက်သိုက်ရည်ကို ဆေးဖက်ဝင် အခြား ပစ္စည်းများနှင့် ပေါင်းစပ်ဖော်ထား သဖြင့်

အဆုတ်ကို အားကောင်း စေပြီး ချောင်းဆိုး၊ အအေးမိနှင့် တုပ်ကွေး ရောဂါများကို သက်သာ ပျောက်ကင်းစေနိုင်ကြောင်း သိရပါသည်။

ဆေးဖက်ဝင် ပစ္စည်း တစ်မျိုး ဖြစ်သောကြောင့် အလွန် အဖိုးအနဂ္ဃ ထိုက်သဖြင့် ရွှေနှင့် စက်၍ပင် ၀ယ်ယူကြသည်။ ငှက်သိုက် များကို ပြည်တွင်းတွင် အသုံးပြုရုံသာမက ပြည်ပသို့ပါ တင်ပို့ရောင်းချသည်။

နိုင်ငံခြားဝင်ငွေရရှိသော ငှက်သိုက်သည် တနင်္သာရီတိုင်းမှ ရရှိသောကြောင့် တနင်္သာရီတိုင်းသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် တစ်ဖက်တစ်လမ်းမှ ပါ၀င် နေကြောင်း တင်ပြအပ်ပါသည်။

ရည်ညွှန်း…..- မြိတ်တက္ကသိုလ် ၂၀၀၄-၂၀၀၅ နှစ်လည်မဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြထားသောသတ္တဗေဒဌာန(ဌာနမှူး)ပါမောက္ခ ဒေါ်မြင့်မြင့်သန်း၏ “ ငှက်သိုက် “ ဆောင်းပါး

ဦးသန်းမြင့် (၂၀၀၁) ၊ ´´ မြန်မာပြည်တောင်ဘက် ပင်လယ်တွင်းက“ စာအုပ်

မေတ္တာဖြင့်

TKW ( 17 Dec 2016 )

CREDIT -Ko Thet Khing Mdy