​ေနာင္​တစ္​ခ်ိန္​မွာ

တခါတုန္​းက လူရြယ္​တစ္​စုဟာ

ကုန္​သြယ္ စီးပြား႐ွာဖို႔ ​ေတာႀကီးတစ္​ခုကိုျဖတ္​ရတယ္​

ဒီလိုနဲ႔ ည အိပ္​စက္​ဖို႔ ​ေနရာ႐ွာရင္​း

လြင္​ျပင္​တစ္​ခုမွာ အိပ္​စက္​ဖို႔​ဆံုးျဖတ္​လိုက္​တယ္​

အဲ့အခ်ိန္​မွာ မိုးစက္​​ေလးတစ္​ခ်ိဳ႕က်လာတယ္​

ဒါနဲ႔ အဖြဲ႔ထဲက လူတစ္​​ေယာက္​က

ဒီလြင္​ျပင္​မွာ အရိပ္​ရပင္​​ေလး​ေတြ႐ွိရင္​​ေကာင္​းမွာဆိုၿပီး

မ်ိဳး​ေစ့ သံုး​ေစ့ကို ​ေနရာခြဲၿပီးစိုက္​လိုက္​တယ္​

​ေနာက္​​ေန႔မနက္​လင္​း​ေတာ့ ခရီးဆက္​ထြက္​ၾကရင္​း

​ေခ်ာင္​းတစ္​ခု​ေတြ႔ၾကျပန္​တယ္​

ဒါနဲ႔ အားလံုးက ဒုကၡ ပါပဲ ဟိုဖက္​ကမ္​းကိုကူးဖို႔

တံတား႐ွိမွျဖစ္​မွာ က်ဳပ္​တို႔ပါတဲ့ကုန္​​ေတြက

​ေရထိလို႔ အဆင္​မ​ေျပဘူး….ဆိုၿပီး

တံတားတစ္​စင္​း ထိုးလိုက္​ၾကတယ္​

ဟိုဖက္​ကမ္​းကိုကူးၿပီး ခဏနား

ခရီးဆက္​ထြက္​ၾကတာ​ေပါ့

​ေနာက္​ဆံုးတစ္​​ေနရာအ​ေရာက္​မွာ

​​ေက်ာက္​​ေတာင္​ျပဳိက်ၿပီး ​ေက်ာက္​တံုးႀကီးတစ္​တံုးဟာ

လမ္​းမွာပိတ္​ဆို႔​ေနတာ​ေတြ႔​ေတာ့

အားလံုးတိုင္​ပင္​ၾကတယ္​

ငါတို႔ လမ္​း​ေဖာက္​ၾကမလားဒါမွမဟုတ္​

ဒီ​ေက်ာက္​တံုးဟိုတစ္​ဖက္​သြားလို႔ရ​ေအာင္​

​ေက်ာက္​တံုး​ေလး​ေတြ စီၿပီးသြားၾကမလား

တစ္​​ေယာက္​က​ေမးတယ္​

လမ္​း​ေဖာက္​ရင္​ဘယ္​​ေလာက္​ၾကာမွာလဲ

အနည္​းဆံုးတစ္​ရက္​ၾကာမယ္​

​ေတာင္​ကိုပတ္​ၿပီး​ေဖာက္​ရမွာ

ဒါဆိုဒီအတိုင္​းရ​ေအာင္​​ေ႐ွ႕ဆက္​မယ္​ဆိုရင္​​ေရာ

​ေန႔တစ္​ဝက္​မၾကာဘူး ဟိုဖက္​ကို​ေရာက္​ႏိုင္​တယ္​

ဒါဆို ဒီအတိုင္​းပဲသြားၾကမယ္​

ခုပဲ တျခား​ေက်ာက္​တံုး​ေလး​ေတြ ဆင္​့ၾကစို႔ဆိုၿပီး

​ေလွကားသ​ေဘာမ်ိဳး ​ေက်ာက္​တံုးအ​ေသးအႀကီးစီၿပီး

တဖက္​ကိုကူးၿပီး ၿမိဳ႕ကို​ေရာက္​သြားၾကတယ္​

ဒီလိုနဲ႔ ႏွစ္​သံုးဆယ္​​ေလာက္​ၾကာတဲ့အခါမွာ

ကုန္​သည္​တဲ့အဖြဲ႔ဟာ

အသက္​အရြယ္​​ေတြႀကီးရင္​့လာတာ​ေပါ့

သူတို႔အားလံုးဟာ တစ္​ခုကိုဆံုးျဖတ္​လိုက္​တယ္​

ငါတို႔အားလံုးအသက္​အရြယ္​ႀကီးၾကၿပီ

ခုအရြယ္​ဟာ အိမ္​မွာနားနား​ေန​ေနနဲ႔

တရားအားထုတ္​ရမယ္​့ အရြယ္​​ေရာက္​လာၿပီသူငယ္​ခ်င္​းတို႔

ဒီ​ေတာ့ တို႔​ေတြရဲ႕အ​ေမြကို ဆက္​ခံလုပ္​ကိုင္​မယ္​့

သားသမီး​ေတြကို လမ္​းျပလုပ္​ရင္​း

ငါတို႔အဖြဲ႔ႏူတ္​ဆက္​ပြဲ​ေနာက္​ဆံုးကုန္​သြယ္​ၾကမယ္​လို႔

ဆံုးျဖတ္​ၿပီး ကိုယ္​့မိသားစုဆီျပန္​သြားၾကတယ္​

ဒါနဲ႔ သူတို႔မိသားစု​ေတြထဲက ကုန္​သြယ္​တဲ့လုပ္​ငန္​းကို

စိတ္​ပါဝင္​စားတဲ့သားသမီး​ေတြကို​ေခၚၿပီး

​ေနာက္​ဆံုးကုန္​သြယ္​ဖို႔ ခရီးထြက္​ခဲ့ၾကတယ္​

ပထမဆံုး လြင္​ျပင္​မွာ ညအိပ္​နားရင္​း

သူတို႔ကို သားသမီး​ေတြက ဆန္​ျပဳတ္​ခ်က္​​ေကြၽးၿပီး

ထင္​းၿပီးဖို႔ၿပီး သစ္​ကိုင္​း​ေတြနဲ႔ ​ေႏြး​ေႏြး​ေထြး​ေထြးအိပ္​စက္​ဖို႔

ယာယီ တဲ​ေလးထိုး​ေပး​ေတာ့

ဒါ​ေတြဘယ္​ကရတာလဲ သားတို႔ဆို​ေတာ့

ဟိုးအပင္​ကအကိုင္​း​ေတြပါ

​ေလကြယ္​​ေအာင္​ခ်ိဳးၿပီးကာလိုက္​တာ

ဆန္​ျပဳတ္​နဲ႔ထင္​းမီးဖိုတာက ဟိုအပင္​​ေအာက္​က

အကိုင္​း​ေျခာက္​​ေတြ အဘ ဆို​ေတာ့

​ေအာ္​ တစ္​ခ်ိန္​က ငါတို႔စိုက္​ထားခဲ့တဲ့ အရိပ္​ရပင္​​ေတြပဲ

အဲ့လိုနဲ႔ ​ေခ်ာင္​း​တံတား​ေလးကိုျဖတ္​​ေတာ့

​ေတာ္​​ေသးတယ္​​ေနာ္​ အဘတို႔

ဒီ​ေနရာမွာဒီတံတား​ေလး႐ွိလို႔

မဟုတ္​ မိုးႀကီး​ေလႀကီးဆို​ေခ်ာင္​း​ေရလ်ွံမွာ

​ေနာက္​ဆံုး​ေက်ာက္​တံုး​ေလး​ေတြစီထားတဲ့​ေနရာ​ေရာက္​​ေတာ့

အဖိုးအိုတစ္​​ေယာက္​က ​​ေျခ​ေခ်ာ္​ၾကၿပီး

​ေျခက်င္​း၀တ္​ လဲသြားတယ္​

အဲ့တာကိုျမင္​​ေတာ့ လူငယ္​တစ္​​ေယာက္​က​ေျပာတယ္​

ဘာလို႔မ်ား ဒီ​ေနရာကိုလမ္​းမ​ေဖာက္​ၾကရတာလဲ

ခု လို​ေက်ာက္​တံုး​ေတြစီၿပီးထာ​း​ေတာ့

ခု ဒုကၡ ျဖစ္​ၿပီ​ေပါ့တဲ့

အဲ့အခ်ိန္​မွာ အဖြဲ႔​ေခါင္​း​ေဆာင္​အဖိုးအိုက

​ေနာက္​တစ္​ခ်ိန္​ဒီလိုျဖစ္​မယ္​မွန္​းသိခဲ့ရင္​

ငါတို႔အားလံုး လမ္​း​ေဖာက္​မိမွာပါ

ဒါ​ေပမယ္​့ လြန္​ခဲ့တဲ့ႏွစ္​သံုးဆယ္​ကိုမင္​းတို႔လည္​းမမွီဘူး

ငါတို႔လည္​း​ေျပာင္​းလဲခြင္​့မ႐ွိဘူး

အဲ့​ေတာ့ မင္​းတို႔သြားဖို႔ မင္​းတို႔လမ္​း​ေဖာက္​ၾကပါ

မင္​းတို႔ ျဖတ္​သန္​းလာတဲ့ တံတား​ေလးငါတို႔အခက္​ခဲ​ေၾကာင္​့

ထိုးခဲ့တယ္​…

ဒါ​ေပမယ္​့ လူ​ေပါင္​းမ်ားစြာအတြက္​အသံုးဝင္​တယ္​

မင္​းတို႔ ​ေအးျမ​ေနခ်ိန္​ ​ေႏြး​ေထြးမႈ​ေပးခဲ့တဲ့ထင္​း​ေျခာက္​​ေတြ

မင္​းတို႔ အာဟာရ ျဖစ္​​ေအာင္​​ေလာင္​ၿမိဳက္​ခံခဲ့တဲ့အပင္​ၿကီးကို

ငါတို႔အခ်ိန္​က ႐ွိရင္​​ေကာင္​းမွာပဲဆိုတဲ့စိတ္​က​ေလးနဲ႔

စိုက္​ပ်ိဳးခဲ့တယ္​

ခုဒီ​ေက်ာက္​တံုးလမ္​းဟာ ငါတို႔အတြက္​အ​ေႏွာင္​့အယွက္​

မျဖစ္​ခဲ့လို႔အဆင္​​ေျပသလိုပဲ ခရီးဆက္​ကုန္​သြယ္​ခဲ့တယ္​

ဒါ​ေၾကာင္​့ပဲ ဘဝမွာ ဘာမွမဟုတ္ဘူး​ထင္​တဲ့အရာ​ေတြဟာ

တခါတ​ေလ ကိုယ္​့ကို ဒုကၡ ​ေပးမွန္​းသိခ်ိန္​မွာ

ျပန္​လည္​ျပင္​ဆင္​ခြင္​့မ႐ွိၾကဘူး​ေလ

ကိုယ္​့အခက္​ခဲ​ေၾကာင္​့ ​

​ေဆာက္​လုပ္​ခဲ့တဲ့ႀကိဳးစားမႈတံတားဟာ

​ေဘးလူ​ေတြအတြက္​ အားက်စရာျဖစ္​သလို

ကိုယ္​တိုင္​အတြက္​လည္​းအ​ေထာက္​အပံ့မ်ားစြာျဖစ္​တယ္​

​ကိုယ္​စိုက္​ပ်ိဳးတဲ့ ​ေစတနာသစ္​ပင္​ဟာလည္​း

ကိုယ္​့အတြက္​ မခံစားရဖူးတဲ့အက်ိဳး​ေက်းဇူးကို​ေပးစြမ္​းတယ္​

ဘယ္​အခ်ိန္​​ေပးစြမ္​းမယ္​ဆိုတာမသိခဲ့ရ​ေပမယ္​့

မင္​းတို႔ခ်က္​ျပဳတ္​​ေကြၽးတဲ့ဆန္​ျပဳတ္​တစ္​ခြက္​

မင္​း​တို႔​ေဆာက္​လုပ္​​ေပးတဲ့ ယာယီတဲ​ေလးဟာ

ငါတို႔အတြက္​ ​ေစတနာ​ေရာင္​ျပန္​ဟပ္​ျခင္​းပဲ​ေလ

ဒါ​ေၾကာင္​့မင္​းတို႔ရဲ႕ ​ေနာက္​လူ​ေတြအတြက္​

မင္​းတို႔အားနဲ႔ ဒီလမ္​းကို​ေကာင္​း​မြန္​​ေအာင္​​ေဖာက္​ပါ

ခု အခ်ိန္​ မင္​းတို႔အပင္​ပန္​းခံျခင္​းဟာ

​ေနာက္​တစ္​ခ်ိန္​မွာ တို႔လို႔မနာက်င္​​ေစခ်င္​လို႔ဆိုတာ

ငါတို႔အရြယ္​​ေရာက္​ရင္​ မင္​းတို႔နားလည္​မွာပါ။

Credit- ဘာမထီဘြား…အ​ေတြးစာစု​ေလးမ်ား

Unicode >>>

တခါတုန်​းက လူရွယ်​တစ်​စုဟာ

ကုန်​သွယ် စီးပွားရှာဖို့ ​တောကြီးတစ်​ခုကိုဖြတ်​ရတယ်​

ဒီလိုနဲ့ ည အိပ်​စက်​ဖို့ ​နေရာရှာရင်​း

လွင်​ပြင်​တစ်​ခုမှာ အိပ်​စက်​ဖို့​ဆုံးဖြတ်​လိုက်​တယ်​

အဲ့အချိန်​မှာ မိုးစက်​​လေးတစ်​ချို့ကျလာတယ်​

ဒါနဲ့ အဖွဲ့ထဲက လူတစ်​​ယောက်​က

ဒီလွင်​ပြင်​မှာ အရိပ်​ရပင်​​လေး​တွေရှိရင်​​ကောင်​းမှာဆိုပြီး

မျိုး​စေ့ သုံး​စေ့ကို ​နေရာခွဲပြီးစိုက်​လိုက်​တယ်​

​နောက်​​နေ့မနက်​လင်​း​တော့ ခရီးဆက်​ထွက်​ကြရင်​း

​ချောင်​းတစ်​ခု​တွေ့ကြပြန်​တယ်​

ဒါနဲ့ အားလုံးက ဒုက္ခ ပါပဲ ဟိုဖက်​ကမ်​းကိုကူးဖို့

တံတားရှိမှဖြစ်​မှာ ကျုပ်​တို့ပါတဲ့ကုန်​​တွေက

​ရေထိလို့ အဆင်​မ​ပြေဘူး….ဆိုပြီး

တံတားတစ်​စင်​း ထိုးလိုက်​ကြတယ်​

ဟိုဖက်​ကမ်​းကိုကူးပြီး ခဏနား

ခရီးဆက်​ထွက်​ကြတာ​ပေါ့

​နောက်​ဆုံးတစ်​​နေရာအ​ရောက်​မှာ

​​ကျောက်​​တောင်​ပြိုကျပြီး ​ကျောက်​တုံးကြီးတစ်​တုံးဟာ

လမ်​းမှာပိတ်​ဆို့​နေတာ​တွေ့​တော့

အားလုံးတိုင်​ပင်​ကြတယ်​

ငါတို့ လမ်​း​ဖောက်​ကြမလားဒါမှမဟုတ်​

ဒီ​ကျောက်​တုံးဟိုတစ်​ဖက်​သွားလို့ရ​အောင်​

​ကျောက်​တုံး​လေး​တွေ စီပြီးသွားကြမလား

တစ်​​ယောက်​က​မေးတယ်​

လမ်​း​ဖောက်​ရင်​ဘယ်​​လောက်​ကြာမှာလဲ

အနည်​းဆုံးတစ်​ရက်​ကြာမယ်​

​တောင်​ကိုပတ်​ပြီး​ဖောက်​ရမှာ

ဒါဆိုဒီအတိုင်​းရ​အောင်​​ရှေ့ဆက်​မယ်​ဆိုရင်​​ရော

​နေ့တစ်​ဝက်​မကြာဘူး ဟိုဖက်​ကို​ရောက်​နိုင်​တယ်​

ဒါဆို ဒီအတိုင်​းပဲသွားကြမယ်​

ခုပဲ တခြား​ကျောက်​တုံး​လေး​တွေ ဆင်​့ကြစို့ဆိုပြီး

​လှေကားသ​ဘောမျိုး ​ကျောက်​တုံးအ​သေးအကြီးစီပြီး

တဖက်​ကိုကူးပြီး မြို့ကို​ရောက်​သွားကြတယ်​

ဒီလိုနဲ့ နှစ်​သုံးဆယ်​​လောက်​ကြာတဲ့အခါမှာ

ကုန်​သည်​တဲ့အဖွဲ့ဟာ

အသက်​အရွယ်​​တွေကြီးရင်​့လာတာ​ပေါ့

သူတို့အားလုံးဟာ တစ်​ခုကိုဆုံးဖြတ်​လိုက်​တယ်​

ငါတို့အားလုံးအသက်​အရွယ်​ကြီးကြပြီ

ခုအရွယ်​ဟာ အိမ်​မှာနားနား​နေ​နေနဲ့

တရားအားထုတ်​ရမယ်​့ အရွယ်​​ရောက်​လာပြီသူငယ်​ချင်​းတို့

ဒီ​တော့ တို့​တွေရဲ့အ​မွေကို ဆက်​ခံလုပ်​ကိုင်​မယ်​့

သားသမီး​တွေကို လမ်​းပြလုပ်​ရင်​း

ငါတို့အဖွဲ့နူတ်​ဆက်​ပွဲ​နောက်​ဆုံးကုန်​သွယ်​ကြမယ်​လို့

ဆုံးဖြတ်​ပြီး ကိုယ်​့မိသားစုဆီပြန်​သွားကြတယ်​

ဒါနဲ့ သူတို့မိသားစု​တွေထဲက ကုန်​သွယ်​တဲ့လုပ်​ငန်​းကို

စိတ်​ပါဝင်​စားတဲ့သားသမီး​တွေကို​ခေါ်ပြီး

​နောက်​ဆုံးကုန်​သွယ်​ဖို့ ခရီးထွက်​ခဲ့ကြတယ်​

ပထမဆုံး လွင်​ပြင်​မှာ ညအိပ်​နားရင်​း

သူတို့ကို သားသမီး​တွေက ဆန်​ပြုတ်​ချက်​​ကျွေးပြီး

ထင်​းပြီးဖို့ပြီး သစ်​ကိုင်​း​တွေနဲ့ ​နွေး​နွေး​ထွေး​ထွေးအိပ်​စက်​ဖို့

ယာယီ တဲ​လေးထိုး​ပေး​တော့

ဒါ​တွေဘယ်​ကရတာလဲ သားတို့ဆို​တော့

ဟိုးအပင်​ကအကိုင်​း​တွေပါ

​လေကွယ်​​အောင်​ချိုးပြီးကာလိုက်​တာ

ဆန်​ပြုတ်​နဲ့ထင်​းမီးဖိုတာက ဟိုအပင်​​အောက်​က

အကိုင်​း​ခြောက်​​တွေ အဘ ဆို​တော့

​အော်​ တစ်​ချိန်​က ငါတို့စိုက်​ထားခဲ့တဲ့ အရိပ်​ရပင်​​တွေပဲ

အဲ့လိုနဲ့ ​ချောင်​း​တံတား​လေးကိုဖြတ်​​တော့

​တော်​​သေးတယ်​​နော်​ အဘတို့

ဒီ​နေရာမှာဒီတံတား​လေးရှိလို့

မဟုတ်​ မိုးကြီး​လေကြီးဆို​ချောင်​း​ရေလျှံမှာ

​နောက်​ဆုံး​ကျောက်​တုံး​လေး​တွေစီထားတဲ့​နေရာ​ရောက်​​တော့

အဖိုးအိုတစ်​​ယောက်​က ​​ခြေ​ချော်​ကြပြီး

​ခြေကျင်​းဝတ်​ လဲသွားတယ်​

အဲ့တာကိုမြင်​​တော့ လူငယ်​တစ်​​ယောက်​က​ပြောတယ်​

ဘာလို့များ ဒီ​နေရာကိုလမ်​းမ​ဖောက်​ကြရတာလဲ

ခု လို​ကျောက်​တုံး​တွေစီပြီးထာ​း​တော့

ခု ဒုက္ခ ဖြစ်​ပြီ​ပေါ့တဲ့

အဲ့အချိန်​မှာ အဖွဲ့​ခေါင်​း​ဆောင်​အဖိုးအိုက

​နောက်​တစ်​ချိန်​ဒီလိုဖြစ်​မယ်​မှန်​းသိခဲ့ရင်​

ငါတို့အားလုံး လမ်​း​ဖောက်​မိမှာပါ

ဒါ​ပေမယ်​့ လွန်​ခဲ့တဲ့နှစ်​သုံးဆယ်​ကိုမင်​းတို့လည်​းမမှီဘူး

ငါတို့လည်​း​ပြောင်​းလဲခွင်​့မရှိဘူး

အဲ့​တော့ မင်​းတို့သွားဖို့ မင်​းတို့လမ်​း​ဖောက်​ကြပါ

မင်​းတို့ ဖြတ်​သန်​းလာတဲ့ တံတား​လေးငါတို့အခက်​ခဲ​ကြောင်​့

ထိုးခဲ့တယ်​…

ဒါ​ပေမယ်​့ လူ​ပေါင်​းများစွာအတွက်​အသုံးဝင်​တယ်​

မင်​းတို့ ​အေးမြ​နေချိန်​ ​နွေး​ထွေးမှု​ပေးခဲ့တဲ့ထင်​း​ခြောက်​​တွေ

မင်​းတို့ အာဟာရ ဖြစ်​​အောင်​​လောင်​မြိုက်​ခံခဲ့တဲ့အပင်​ကြီးကို

ငါတို့အချိန်​က ရှိရင်​​ကောင်​းမှာပဲဆိုတဲ့စိတ်​က​လေးနဲ့

စိုက်​ပျိုးခဲ့တယ်​

ခုဒီ​ကျောက်​တုံးလမ်​းဟာ ငါတို့အတွက်​အ​နှောင်​့အယှက်​

မဖြစ်​ခဲ့လို့အဆင်​​ပြေသလိုပဲ ခရီးဆက်​ကုန်​သွယ်​ခဲ့တယ်​

ဒါ​ကြောင်​့ပဲ ဘဝမှာ ဘာမှမဟုတ်ဘူး​ထင်​တဲ့အရာ​တွေဟာ

တခါတ​လေ ကိုယ်​့ကို ဒုက္ခ ​ပေးမှန်​းသိချိန်​မှာ

ပြန်​လည်​ပြင်​ဆင်​ခွင်​့မရှိကြဘူး​လေ

ကိုယ်​့အခက်​ခဲ​ကြောင်​့ ​

​ဆောက်​လုပ်​ခဲ့တဲ့ကြိုးစားမှုတံတားဟာ

​ဘေးလူ​တွေအတွက်​ အားကျစရာဖြစ်​သလို

ကိုယ်​တိုင်​အတွက်​လည်​းအ​ထောက်​အပံ့များစွာဖြစ်​တယ်​

​ကိုယ်​စိုက်​ပျိုးတဲ့ ​စေတနာသစ်​ပင်​ဟာလည်​း

ကိုယ်​့အတွက်​ မခံစားရဖူးတဲ့အကျိုး​ကျေးဇူးကို​ပေးစွမ်​းတယ်​

ဘယ်​အချိန်​​ပေးစွမ်​းမယ်​ဆိုတာမသိခဲ့ရ​ပေမယ်​့

မင်​းတို့ချက်​ပြုတ်​​ကျွေးတဲ့ဆန်​ပြုတ်​တစ်​ခွက်​

မင်​း​တို့​ဆောက်​လုပ်​​ပေးတဲ့ ယာယီတဲ​လေးဟာ

ငါတို့အတွက်​ ​စေတနာ​ရောင်​ပြန်​ဟပ်​ခြင်​းပဲ​လေ

ဒါ​ကြောင်​့မင်​းတို့ရဲ့ ​နောက်​လူ​တွေအတွက်​

မင်​းတို့အားနဲ့ ဒီလမ်​းကို​ကောင်​း​မွန်​​အောင်​​ဖောက်​ပါ

ခု အချိန်​ မင်​းတို့အပင်​ပန်​းခံခြင်​းဟာ

​နောက်​တစ်​ချိန်​မှာ တို့လို့မနာကျင်​​စေချင်​လို့ဆိုတာ

ငါတို့အရွယ်​​ရောက်​ရင်​ မင်​းတို့နားလည်​မှာပါ။

Credit- ဘာမထီဘွား…အ​တွေးစာစု​လေးများ