




































သင့်​ကိုအ​ဖြေ​ပေးတာပါ။


Unicode >>>

လူတစ်​​ယောက်​ဟာ အမြဲတမ်​း​အောင်​မြင်​ခြင်​းမှာ

ရပ်​မ​နေဘူး လူတစ်​​ယောက်​ဟာ

အမြဲတမ်​းကျဆုံးခြင်​းမှာ နစ်​မွန်​းမ​နေဘူး

​နေရာအလိုက်​ အနိမ်​့အမြင်​့ အတက်​အကျရှိတယ်​

ကျွန်​​တော်​မှာ ဒီလိုမ​ကောင်​းတဲ့အားနည်​းချက်​ရှိ​နေတယ်

​ ဒါဟာအရမ်​း​တော်​တဲ့လူ..ဥပမာတစ်​ခု​ပေါ့

ကျွန်​​တော်​မှာ aidsလို့​ခေါ်တဲ့

ခုခံအားကျဆင်​းတဲ့​ရောဂါရှိပါတယ်​လို့​ပြောလာခဲ့ရင်​

သင်​့ စိတ်​ထဲက ဘာဖြစ်​သွားမလဲ

အနည်​းဆုံး​တော့သူကိုထိ​တွေ့ဖို့ တွန်​့ဆုတ်​သွားမယ်​

သနားတာက သနားတာပဲ ကိုယ်​့ကိုယ်​ကို

ကာကွယ်​မှု​တွေလုပ်​ပြီးမှသာ သူ့ကို​ထိ​တွေ့ကိုင်​တွယ်​ကြတာ

အဲ့မှာစဉ်​းစားကြည်​့လိုက်​ ​ပြောလိုက်​တဲ့လူရဲ့ စိတ်​ထား…

လူတိုင်​းမဖြစ်​ချင်​တဲ့အရာကိုသူခံစား​နေရ​ပေမယ်​့

သူထားတဲ့ ကိုယ်​ချင်​းစာစိတ်​..

သူ​ပြောမှဝန်​ခံမှသိရမယ်​အရာ

တချို့​နေရာ​တွေက ​ကောင်​းတဲ့လူ​တွေက

အားနည်​းချက်​ရှိတဲ့​သူ​တွေထက်​စိတ်​ဓာတ်​

နိမ်​့ပါးလွန်​းတယ်​ ​ဖေးမချင်​စိတ်​ရှိ​ပေမယ်​့

​တွေး​ကြောက်​တယ်​ ငါသာ သူလို့ဆိုတဲ့

ကိုယ်​ချင်​းစာစိတ်​ရှိ​ပေမယ်​့ အမှန်​ကိုမလုပ်​ရဲ

မဖွင်​့ဟရဲကြဘူး လက်​​တွေ့မပါတဲ့အား​ပေးမှုက

အထီးကျန်​ သူကိုအကျည်​းတန်​​စေတယ်​

ဒါဟာလွယ်​လွယ်​​တွေးရင်​သူ့ကျူ းလွန်​လို့

သူခံစားရတာ… တချို့​သော​နေရာ​တွေမှာ

ကိုယ်​တိုင်​မကျူ းလွန်​ပဲ ကံဆရာရဲ့လှည်​့စားမှုမှာ

​ပေးဆပ်​လိုက်​ရတာ​တွေရှိတယ်​

လူဆိုတာ ကိုယ်​တိုင်​ကြုံမှအခက်​ခဲမှန်​းသိတာ

​အောင်​မြင်​ခြင်​းကျဆုံးခြင်​းဆိုတာ တကယ်​​တော့

ခံယူချက်​သက်​သက်​ပဲ ကိုယ်​့ပိုင်​ဆိုင်​မှုအတွက်​

​ကြောက်​လန်​့​နေသူ​တွေ ​ဒါဟာ​အောင်​မြင်​​နေသူ​တွေလား

ပူ​လောင်​​နေတာ ခံစား​နေရတာ ငပိရည်​နဲ့စားပြီး

​ပျော်​ရွင်​လွတ်​လပ်​​နေသူ​တွေ သူတို့က​ရော ကျရှုံး​နေတာလား

စည်​းဆိုတာ မျဉ်​းတစ်​ခု အဲ့မျဉ်​းကို ဘယ်​သူကမှမဆွဲဘူး

သင်​့ရဲ့အားငယ်​တတ်​တဲ့စိတ်​ကပိုင်​းခြားသွားတာ

​အောင်​မြင်​တယ်​ ကျရှုံးဆိုတာ ​ငွေ​ကြေး

​နေထိုင်​မှု​တွေထက်​ သင်​့ခံယူချက်​ ခံစားချက်​ကသာ

သင်​့ကိုအ​ဖြေ​ပေးတာပါ။

Credit – ဘာမထီဘွား…အ​တွေးစာစု​လေးများ