၉ ႏွစ္ကေလးကို ဦးေခါင္းမွာ အိမ္ရိုက္သံစိုက္ဝင္တဲ့အထိေတာင္ ရက္စက္လိုက္ၾကတာ…။

အုပ္စုဖြဲ႕အနိုင္က်င့္မွုေၾကာင့္ ဦးေခါင္းမွာ အိမ္ရိုက္သံစိုက္ဝင္ခဲ့ရတဲ့ ၉ ႏွစ္ကေလး

အဖိုးအဖြားအိမ္ကို သြားလည္ၿပီး ျပန္လာစဥ္ မိဘေတြနဲ႔ ကြဲသြားတဲ့ အသက္ ၉ ႏွစ္အရြယ္ ကေလးတစ္ဦးကို သူ႔ထက္အသက္ႀကီးတဲ့ ကေလးမ်ား ဝိုင္းဝန္းအနိုင္က်င့္ခဲ့သျဖင့္ ဦးေခါင္းေနာက္ဘက္တြင္ သံစိုက္ဝင္ကာ ေသလုေမ်ာပါးခံစားခဲ့ရပါတယ္။

သူကိုဝိုင္းအနိုင္က်င့္ဖို႔ ေရာက္လာတဲ့ ကေလးေတြကို လမ္းေပၚမွ အမ်ိဳးသမီးတစ္ဦး ျမင္ေတြ႕လိုက္တဲ့အခါ ရိုမီယိုကို လြတ္လိုလြတ္ျငား သစ္ပင္ေပၚသို႔ ေျပးတက္ခိုင္းခဲ့ပါတယ္။ ဒါေပမယ့္ ေကာင္ေလးရဲ့ ဖခင္ျဖစ္သူ ခရစ္ဂ်ီ (၃၅ ႏွစ္) လာေရာက္ကယ္တဲ့အခ်ိန္မွာေတာ့ ရိုမီယိုရဲ့ ေနာက္ေစ့မွာ ၈ လက္မခန႔္ရွိတဲ့ အိမ္ရိုက္သံတစ္ေခ်ာင္း စိုက္ဝင္ေနခဲ့ပါၿပီ။

ရိုမီယိုရဲ့ မိခင္ နာတာရွာ စမစ္ (၃၀ ႏွစ္) ကေတာ့ အဲ့ဒါဟာ အရမ္းကိုေၾကာက္လန႔္ဖို႔ေကာင္းပါတယ္။ သူဟာ သူ႔ရဲ့ ေနာက္ေစ့မွာ သံခ်က္တန္းလန္းနဲ႔ ထိုင္ေနခဲ့ရတာပါလို႔ဆိုပါတယ္။ ရိုမီယိုက အရမ္းေၾကာက္လန႔္ေနၿပီး အထူးသျဖင့္ အဲ့ဒီသစ္သားျပားဟာ ကိုယ္မျမင္ရတဲ့ ေနာက္ေစ့မွာ ရွိေနတယ္ဆိုတဲ့ အေတြးဟာ သူ႔ကို ထိတ္လန႔္ေစပါတယ္လို႔ဆိုပါတယ္။ သူဟာ ေၾကာက္လြန္းလို႔ သူ႔ကိုယ္သူ ေသလူလို႔ေတာင္ သတ္မွတ္ထားတယ္လို႔ ဆိုပါတယ္။

အျဖစ္ပ်က္ညက အဖိုးအြားအိမ္ကေန မိဘေတြနဲ႔ အတူျပန္ခဲ့ေပမယ့္ ဟိုေငးဒီေငးလုပ္တတ္တဲ့ ရိုမီယိုက မိဘေတြေနာက္မွာ က်န္ခဲ့ပါတယ္။ အိမ္ကိုျပန္ေရာက္တဲ့ အခါမွာ ရိုမီယိုဟာ ပါမလာတာသိေတာ့မွ ဖခင္ျဖစ္သူ ခရစ္ဂ်ီကို လိုက္ရွာခိုင္းခဲ့တယ္လို႔ ဆိုပါတယ္။

သူ႔အေဖကေတာ့ ရိုမီယိုကို သစ္ပင္ေပၚမွာ ေတြ႕ခဲ့တယ္လို႔ေတာ့ ဆိုပါတယ္။ သစ္ပင္ေအာက္မွာေတာ့ သူ႔သားထက္ အသက္ႀကီးတဲ့ ေကာင္ေလး ေလးငါးေယာက္ကို ေတြ႕တယ္လို႔ဆိုပါတယ္။ ရိုမီယိုဟာ သူ႔အေဖကိုျမင္ေတာ့မွ သစ္ပင္ေပၚမွ ဆင္းလာတယ္လို႔ဆိုပါတယ္။

သူတို႔ႏွစ္ေယာက္ တူတူျပန္တဲ့ အခါမွာ ေကာင္ေလးတစ္ေယာက္က ေနာက္ကေန သစ္သားျပားနဲ႔ လွမ္းပစ္လိုက္တယ္။ ကံဆိုးစြာနဲ႔ပဲ အဲ့ဒီသစ္သားျပားမွာ ၈ လက္မခန႔္ရွိတဲ့ သံမွိုတစ္ေခ်ာင္းစိုက္ဝင္ေနတယ္။ အဲ့ဒီ သံမွိုဟာ ရိုမီယိုရဲ့ ေနာက္ေစ့ကို စိုက္ဝင္သြားခဲ့ပါတယ္။

သံမွိုစိုက္ဝင္ေနတဲ့ ရိုမီယိုကို ခ်ီၿပီး ခရစ္ဂ်ီဟာ အိမ္ကိုျပန္ေျပးခဲ့ပါတယ္။ နာတာရွာဟာ သူနာျပဳ တစ္ဦးျဖစ္လို႔ ေဆး႐ုံကို ခ်က္ခ်င္း ေျပးခဲ့ပါတယ္။ ေဆး႐ုံေရာက္မွ သံမွိုကို ျပန္ထုတ္နိုင္ခဲ့ပါတယ္။ ယခုဆိုရင္ေတာ့ သူဟာ ပတ္တီးနဲ႔ အိမ္ျပန္နိုင္ၿပီျဖစ္ကာ ဆရာဝန္မွ ေသာက္ေဆးေတြေပးထားတယ္လို႔ဆိုပါတယ္။

နာတာရွာကေတာ့ သူ႔ကို အနိုင့္က်င့္တဲ့ ကေလးေတြက သူ႔ထက္ေတာ့အသက္နည္းနည္းႀကီးတယ္။ အဲ့ဒါ ေၾကာင့္ အလြယ္တကူ ႏွိပ္စက္ခံရတာလို႔ဆိုပါတယ္။ လူႀကီးတစ္ေယာက္ရဲ့ ေရွ႕မွာ ဒီလိုအနိုင္က်င့္နိုင္ တယ္ဆိုရင္ အျခားဘာေတြလုပ္နိုင္ေသးလဲ မေတြးတတ္ေတာ့ဘူးဟုဆိုပါတယ္။

ၿပီးေတာ့လည္း ကေလးေတြ ျဖစ္တာေၾကာင့္ ဥပေဒအရ အေရးမယူခ်င္ဘူးလို႔ ဆိုပါတယ္။ ရဲေတြကေတာ့ ကေလးေတြဟာ အသက္ငယ္ ေသးတဲ့ေၾကာင့္ တရားစြဲလို႔ေတာ့ မရဘူးလို႔ဆိုပါတယ္။

Credit:popolay

==========

အဖိုးအဖွားအိမ်ကို သွားလည်ပြီး ပြန်လာစဉ် မိဘတွေနဲ့ ကွဲသွားတဲ့ အသက် ၉ နှစ်အရွယ် ကလေးတစ်ဦးကို သူ့ထက်အသက်ကြီးတဲ့ ကလေးများ ဝိုင်းဝန်းအနိုင်ကျင့်ခဲ့သဖြင့် ဦးခေါင်းနောက်ဘက်တွင် သံစိုက်ဝင်ကာ သေလုမျောပါးခံစားခဲ့ရပါတယ်။

သူကိုဝိုင်းအနိုင်ကျင့်ဖို့ ရောက်လာတဲ့ ကလေးတွေကို လမ်းပေါ်မှ အမျိုးသမီးတစ်ဦး မြင်တွေ့လိုက်တဲ့အခါ ရိုမီယိုကို လွတ်လိုလွတ်ငြား သစ်ပင်ပေါ်သို့ ပြေးတက်ခိုင်းခဲ့ပါတယ်။ ဒါပေမယ့် ကောင်လေးရဲ့ ဖခင်ဖြစ်သူ ခရစ်ဂျီ (၃၅ နှစ်) လာရောက်ကယ်တဲ့အချိန်မှာတော့ ရိုမီယိုရဲ့ နောက်စေ့မှာ ၈ လက်မခန့်ရှိတဲ့ အိမ်ရိုက်သံတစ်ချောင်း စိုက်ဝင်နေခဲ့ပါပြီ။

ရိုမီယိုရဲ့ မိခင် နာတာရှာ စမစ် (၃၀ နှစ်) ကတော့ အဲ့ဒါဟာ အရမ်းကိုကြောက်လန့်ဖို့ကောင်းပါတယ်။ သူဟာ သူ့ရဲ့ နောက်စေ့မှာ သံချက်တန်းလန်းနဲ့ ထိုင်နေခဲ့ရတာပါလို့ဆိုပါတယ်။ ရိုမီယိုက အရမ်းကြောက်လန့်နေပြီး အထူးသဖြင့် အဲ့ဒီသစ်သားပြားဟာ ကိုယ်မမြင်ရတဲ့ နောက်စေ့မှာ ရှိနေတယ်ဆိုတဲ့ အတွေးဟာ သူ့ကို ထိတ်လန့်စေပါတယ်လို့ဆိုပါတယ်။ သူဟာ ကြောက်လွန်းလို့ သူ့ကိုယ်သူ သေလူလို့တောင် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

အဖြစ်ပျက်ညက အဖိုးအွားအိမ်ကနေ မိဘတွေနဲ့ အတူပြန်ခဲ့ပေမယ့် ဟိုငေးဒီငေးလုပ်တတ်တဲ့ ရိုမီယိုက မိဘတွေနောက်မှာ ကျန်ခဲ့ပါတယ်။ အိမ်ကိုပြန်ရောက်တဲ့ အခါမှာ ရိုမီယိုဟာ ပါမလာတာသိတော့မှ ဖခင်ဖြစ်သူ ခရစ်ဂျီကို လိုက်ရှာခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

သူ့အဖေကတော့ ရိုမီယိုကို သစ်ပင်ပေါ်မှာ တွေ့ခဲ့တယ်လို့တော့ ဆိုပါတယ်။ သစ်ပင်အောက်မှာတော့ သူ့သားထက် အသက်ကြီးတဲ့ ကောင်လေး လေးငါးယောက်ကို တွေ့တယ်လို့ဆိုပါတယ်။ ရိုမီယိုဟာ သူ့အဖေကိုမြင်တော့မှ သစ်ပင်ပေါ်မှ ဆင်းလာတယ်လို့ဆိုပါတယ်။

သူတို့နှစ်ယောက် တူတူပြန်တဲ့ အခါမှာ ကောင်လေးတစ်ယောက်က နောက်ကနေ သစ်သားပြားနဲ့ လှမ်းပစ်လိုက်တယ်။ ကံဆိုးစွာနဲ့ပဲ အဲ့ဒီသစ်သားပြားမှာ ၈ လက်မခန့်ရှိတဲ့ သံမှိုတစ်ချောင်းစိုက်ဝင်နေတယ်။ အဲ့ဒီ သံမှိုဟာ ရိုမီယိုရဲ့ နောက်စေ့ကို စိုက်ဝင်သွားခဲ့ပါတယ်။

သံမှိုစိုက်ဝင်နေတဲ့ ရိုမီယိုကို ချီပြီး ခရစ်ဂျီဟာ အိမ်ကိုပြန်ပြေးခဲ့ပါတယ်။ နာတာရှာဟာ သူနာပြု တစ်ဦးဖြစ်လို့ ဆေးရုံကို ချက်ချင်း ပြေးခဲ့ပါတယ်။ ဆေးရုံရောက်မှ သံမှိုကို ပြန်ထုတ်နိုင်ခဲ့ပါတယ်။ ယခုဆိုရင်တော့ သူဟာ ပတ်တီးနဲ့ အိမ်ပြန်နိုင်ပြီဖြစ်ကာ ဆရာဝန်မှ သောက်ဆေးတွေပေးထားတယ်လို့ဆိုပါတယ်။

နာတာရှာကတော့ သူ့ကို အနိုင့်ကျင့်တဲ့ ကလေးတွေက သူ့ထက်တော့အသက်နည်းနည်းကြီးတယ်။ အဲ့ဒါ ကြောင့် အလွယ်တကူ နှိပ်စက်ခံရတာလို့ဆိုပါတယ်။ လူကြီးတစ်ယောက်ရဲ့ ရှေ့မှာ ဒီလိုအနိုင်ကျင့်နိုင် တယ်ဆိုရင် အခြားဘာတွေလုပ်နိုင်သေးလဲ မတွေးတတ်တော့ဘူးဟုဆိုပါတယ်။

ပြီးတော့လည်း ကလေးတွေ ဖြစ်တာကြောင့် ဥပဒေအရ အရေးမယူချင်ဘူးလို့ ဆိုပါတယ်။ ရဲတွေကတော့ ကလေးတွေဟာ အသက်ငယ် သေးတဲ့ကြောင့် တရားစွဲလို့တော့ မရဘူးလို့ဆိုပါတယ်။

Credit:popolay