Unicode >>>
အခက်အခဲနဲ့ အဆင်မပြေမှုတွေကတော့ အချိန်မရွေး ကြုံရတတ်တာပဲ။
ဆင်းရဲတဲ့ သူချည်း အဆင်မပြေမှုရှိတယ် မထင်ပါနဲ့၊
သန်းကြွယ်သူဌေးကြီးလည်း အဆင်မပြေ ဖြစ်တတ်တာပါပဲ။
အညတရချည်းပဲ အဆင်မပြေဖြစ်တယ် မထင်ပါနဲ့၊ အထင်ကရတွေလည်း
အဆင်မပြေမှုတွေ ကြုံရတတ်တာပါပဲ။
အခွင့်အာဏာမရှိတဲ့ သူမှ အဆင်မပြေဖြစ်တယ် မထင်ပါနဲ့။
ရာထူးအာဏာမြင့်မားတဲ့ သူတွေလည်း အဆင်မပြေမှုတွေ ကြုံရတတ်တာပါပဲ။
အဓိကကတော့ အဆင်မပြေမှုကို စိတ်က လက်ခံပြီးတော့
လုပ်သင့်လုပ်ထိုက်တာကို ဆက်ပြီး လုပ်သွားဖို့ပါပဲ။အခက်အခဲကို
လက်မခံနိုင်ရင်၊လုပ်သင့်လုပ်ထိုက်တာလည်း မလုပ်နိုင်ဘူး၊
စိတ်ညစ်နေတာနဲ့ အချိန်ကုန်သွားမယ်၊ဒါကြောင့် အခက်အခဲတွေ
အဆင်မပြေမှုတွေ ဖြစ်လာရင်…ဖြစ်သင့်လို့ ဖြစ်တာလို့ လက်ခံလိုက်ပါ၊
ပြီးရင်တော့ စွမ်းအားရှိသလောက် ကြိုးစားအားထုတ်ပါ၊အဆင်မပြေမှုကနေ
အဆင်ပြေမှုဆီ တိုးတက်ပြောင်းလဲသွားပါလိမ့်မယ်။
Credit;【အရှင်တေဇာနန္ဒ- “စေတနာပန်းခင်း ဆရာတော်”】