




















Unicode >>>

တခါတုန်​းက သစ်​ပင​်​​လေးတစ်​ပင်​ရှိတယ် အဲ့သစ်​ပင်​​လေး​ပေါ်မှာ ​ပေါက်​ပြီးကာစ

ငှက်​​သိုက်​တစ်သိုက်​ရှိတယ်​…။အသိုက်​ထဲမှာ ငှက်​​ပေါက်​​လေးသုံး​ကောင်​ရှိတယ်​

အ​တောင်​မစုံ​သေးသလို ပျံသန်​းခြင်​းကိုမတတ်​​မြောက်​​သေးတဲ့ ငှက်​က​လေး​တွေ​ပေါ့။

တ​နေ့ကြ​တော့ ငှက်​​ပေါက်​​လေး​တွေမှီခိုတဲ့ အကိုင်​းကကျိုးကျသွားတယ်​

အဲ့လိုကျိုးကျတဲ့အချိန်​မှာ ငှက်​က​လေးသုံး​ကောင်​ဟာ အရမ်​းလန်​့သွားပြီး

ငှက်​တစ်​​ကောင်​က အ​ဖေနဲ့အ​မေကို​အော်​တယ်​ ​မြေပြင်​ကိုကျ​တော့အဲ့ငှက်​က​လေးအ​တောင်​ကျိုးရှာတယ်​

​နောက်​တစ်​​ကောင်​က မှီရာတစ်​ခုကိုခပ်​တင်​းတင်​းဆုပ်​ကိုင်​တယ်​ ​မြေပြင်​​ပေါ်​ရောက်​​တော့

သူ့​ခြေ​ထောက်​​လေး​တွေကျိုးသွားတယ်​

​နောက်​ တစ်​​ကောင်​က​တော့ မပျံတတ်​ ပျံတတ်​နဲ့ ပျံတယ်​ ​မြေပြင်​​ပေါ်ကျ​တော့ ရင်​ဘတ်​မှာပွန်​းပဲ့ရှာတယ်​။

ငှက်​က​လေးအားလုံးမလွတ်​​မြောက်​ပါဘူး နာကျင်​ခြင်​းဒဏ်​ကိုခံစားရရှာတယ်

​ ဒါ​ပေမယ်​့ တစ်​​ကောင်​​သော ငှက်​က​လေးက​တော့ ​စော​စောစီးစီးပျံသန်​းတတ်​သွားတယ်​။

ကျွန်​​တော်​တို့ ပတ်​ဝန်​းကျင်​မှာလည်​း ဒဏ်​ရာဆိုတာ ဘယ်​သူမှမလွတ်​ခဲ့ပါဘူး။

ကိုယ်​့ရဲ့မှီခိုအားထားရာဆိုတာလည်​း အမြဲတမ်​းမခိုင်​မြဲဘူး​လေ တစ်​ချိန်​အားလုံး ပြိုပျက်​သွားရမှာ။

ကိုယ်​့အ​တောင်​ကို ကိုယ်​အားကိုးတတ်​ဖို့ အားထားတတ်​ဖို့လိုတယ်​ ကိုယ်​ရဲ့

ကိုယ်​ပိုင်​အစွမ်​းအစကိုသာ ထုတ်​သုံးနိုင်​ရင်​အကျသက်​သာမှာ​ပေါ့။

ဒီလိုမှမဟုတ်​ပဲ ရှိတဲ့အရာတစ်​ခုကို ကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ကိုင်​ထားရင်​နာကျင်​ရမှာ။

ဘယ်​အရာမှအမြဲမရှိပါဘူး အခက်​ခဲက​တော့ အနည်​းအများရှိ​နေမှာ

ဒါကို​ရှောင်​ပုန်​း​နေသ​ရွှေ့အခက်​ခဲကခက်​ခဲ​နေဦးမှာပါ။

ငှက်​တစ်​​ကောင်​ သစ်​ကိုင်​း​ပေါ်နားတယ်​ဆိုတာ သစ်​ပင်​ကိုယုံလို့မဟုတ်​ဘူး သူ့ရဲ့

​တောင်​ပံ​တွေကိုယုံကြည်​လို့​ဆိုတာ သတိရပါ။

ဘာမထီဘွား…အ​တွေးစာစု​လေးများ