မနက္အိပ္ရာထလွ်င္ ဘာေၾကာင့္ခံတြင္းအနံ႔ဆိုးထြက္ရသလဲ

မနက္အိပ္ရာႏုိးခ်ိန္မွာခံတြင္းမွာခ်ဥ္ေနသလိုျဖစ္ၿပီး ခံတြင္းနံ႔မေကာင္းျခင္း၊ ခံတြင္းထဲမွာေျခာက္ကပ္ကပ္ ျဖစ္ေနသလိုခံစားေနရတတ္ပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ ညဘက္အိပ္စက္ခ်ိန္မွာ တံေတြးထြက္တာနည္းသြားျခင္းေၾကာင့္

ခံတြင္းမွာစိုစြတ္မႈမရွိဘဲ ခံတြင္းေျခာက္ျခင္းကိုျဖစ္ေစၿပီး ပါးစပ္ဟၿပီး(ေဟာက္ျခင္း) အိပ္စက္တတ္သူေတြမွာဆုိရင္ ခံတြင္းပိုေျခာက္ေစပါတယ္။

ယင္းကဲ့သုိ႔ခံတြင္းေျခာက္ေနခ်ိန္မွာ အာခံတြင္းထဲမွာရွိတဲ့ ဘက္တီးရီးယားပိုးေတြဟာ

ဆာလဖာျဒပ္ေပါင္းေတြကိုထုတ္ျခင္းေၾကာင့္ ခံတြင္းအနံ႔ဆိုးထြက္လာရျခင္းျဖစ္ပါတယ္။

ေဆးလိပ္ေသာက္တတ္ၿပီး ညဘက္သြားတိုက္တဲ့အေလ့အက်င့္လည္း မရွိဘူးဆုိပါက

သြားမွာအစာေတြကပ္က်န္ေနၿပီး ဆာလဖာကိုပိုထြက္ေစတဲ့အတြက္ ခံတြင္းနံ႔ကိုပိုဆိုးေစႏုိင္ပါတယ္။

Credit: CMS (drmyanmar)

Unicode >>>>

မနက်အိပ်ရာနိုးချိန်မှာခံတွင်းမှာချဉ်နေသလိုဖြစ်ပြီး ခံတွင်းနံ့မကောင်းခြင်း၊ ခံတွင်းထဲမှာခြောက်ကပ်ကပ် ဖြစ်နေသလိုခံစားနေရတတ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ညဘက်အိပ်စက်ချိန်မှာ တံတွေးထွက်တာနည်းသွားခြင်းကြောင့်

ခံတွင်းမှာစိုစွတ်မှုမရှိဘဲ ခံတွင်းခြောက်ခြင်းကိုဖြစ်စေပြီး ပါးစပ်ဟပြီး(ဟောက်ခြင်း) အိပ်စက်တတ်သူတွေမှာဆိုရင် ခံတွင်းပိုခြောက်စေပါတယ်။

ယင်းကဲ့သို့ခံတွင်းခြောက်နေချိန်မှာ အာခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေဟာ

ဆာလဖာဒြပ်ပေါင်းတွေကိုထုတ်ခြင်းကြောင့် ခံတွင်းအနံ့ဆိုးထွက်လာရခြင်းဖြစ်ပါတယ်။

ဆေးလိပ်သောက်တတ်ပြီး ညဘက်သွားတိုက်တဲ့အလေ့အကျင့်လည်း မရှိဘူးဆိုပါက

သွားမှာအစာတွေကပ်ကျန်နေပြီး ဆာလဖာကိုပိုထွက်စေတဲ့အတွက် ခံတွင်းနံ့ကိုပိုဆိုးစေနိုင်ပါတယ်။

Credit: CMS (drmyanmar)