Advertisement

ဖုန်းတစ်လုံးအတွက် ရက်စက်တဲ့မိခင်ကြောင့် အသက်စတေး လိုက်ရတဲ့ကလေး

ဖုန်းတစ်လုံးအတွက် ရက်စက်တဲ့မိခင်ကြောင့် အသက်စတေး လိုက်ရတဲ့ကလေး 2















Unicode >>>>

အချို့မီဘတွေ ဟာ ပစ္စည်းတစ်ခု ပျောက်ဆုံးပြီဆိုရင် ရှေနောက် မစဉ်းစားဘဲ

သားသမီးတွေအပေါ် ပြင်းထန်စွာရိုက်နှက်လေ့ရှိရာ အချို့ကလေးတွေ ဟာ

မိဘတွေရဲ့ ရက်စက်စွာရိုက်နှက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့အဖြစ်ပျက်တွေရှိခဲ့ဖူးပါတယ်။

အခုလည်း တရုတ်နိုင်ငံHuang Qiao ဒေသမှာ နေထိုင်တဲ့ အသက် ၉ နှစ်အရွယ်သာရှိသေးတဲ့

မင်မင်ဆိုတဲ့ ကလေးငယ်တစ်ဦးဟာ ဖုန်းပျောက်ဆုံးမှုကြောင့် မီခင်ဖြစ်ရဲ့ ရက်စက်စွာရိုက်နှက်မှုခံရပြီး သေဆုံးခဲ့တယ်လို့သိရပါတယ်။

မိခင်ဖြစ်သူ ဟာ သူမရဲ့ဖုန်းပျောက်ဆုံးသွားချိန်မှာ သားဖြစ်သူ မင်မင်ကို ထိုင်ခုံမှာ ကြိုးချည်ကာ

ညနေ ၆ နာရီကနေ ၁၁ နာရီအထိ သစ်သားတုတ်နဲ့ ရိုက်နှက်ခဲ့ပါတယ်။

အဲဒီလိုမျိုးရိုက်နှက်မှုတွေကြောင့် အသက် ၉ နှစ်အရွယ်သာရှိသေးတဲ့ကလေးတွေ ဟာ ဦးခေါင်း၊

မျက်နှာအပါ၀င် ခန္ဓာကိုယ်နေရာစုံမှာပြင်းထန်တဲ့ ဒဏ်ရာတွေရရှိပြီး သေဆုံးသွားခဲ့တယ်လို့ ဆေးမှတ်တမ်းတွေမှာဖော်ပြထားပါတယ်။

အိမ်နီချင်းတွေရဲ့အဆိုအရ မင်မင်ဟာ ဇန်နဝါရီ ၅ ရက်နေ့ကလွတ်ကျပြီးပျောက်ဆုံးသွားတဲ့ဖုန်းကိုရှာဖွေခဲ့ပြီး

ဖုန်းကိုမတွေချိန်မှာ ရဲစခန်းဆီသွားရောက်ပြီး အကူညီပေးဖို့လည်းတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

ဖုန်း ဟာချက်ခြင်းပြန်မတွေခဲ့ဘဲ မင်မင် ဟာမိခင် ဖြစ်သူရဲ့ရက်စက်စွာ ရိုက်နှက်မှုကြောင့်သေဆုံးခဲ့ရပြီး

ပျောက်ဆုံးနေတဲ့ဖုန်းကတော့ ၂ ရက်အကြာမှာ ပြန်တွေ့ခဲ့တယ်လို့ အိမ်နီချင်းတွေကပြောပါတယ်။

Credit: pthonlinemedia