ေျခဖေနာင့္နာျခင္း၊ ေအာင့္ျခင္းကိုျဖစ္ေစႏိုင္တဲ့ အေႀကာင္းအရင္းမ်ား…

ေျခဖေနာင့္နာျခင္း၊ ေအာင့္ျခင္းကိုျဖစ္ေစႏိုင္တဲ့ အေႀကာင္းမ်ားမွာ…..

၁။ ဖေနာင့္ေႀကာႏွင့္ အရြတ္ျပားမွာ ထိခိုက္မိျခင္း၊ ဒဏ္ျဖစ္ျခင္း။

၂။ ဖေနာင့္ရိုးပင္ကိုက ေနာက္ဖက္မွာခၽြန္၍ ျမင့္တက္ေနျခင္း၊ ထိုအေျခအေနကို ေဆးေ၀ါဟာရ (Haglund’s Calcaneum) လုိ႕လဲ ေခၚပါတယ္။

ဤအေျခအေနတြင္ အရြတ္ေတြ ဒဏ္ရာရလြယ္ေစပါတယ္။

၃။ ေျခဖ၀ါးခြက္လြန္းသည့္အေနအထားမွာ လမ္းေလွ်ာက္မ်ားလြန္းျခင္း၊ အရပ္မ်ားလြန္းျခင္းေႀကာင့္လဲ ဖေနာင့္ေအာက္ပိုင္းႏွင့္ေနာက္ပိုင္း နာေစတတ္ပါတယ္။

၄။ Spondy arthritis လို႕ေခၚေသာ အရိုးအဆစ္ေရာင္သည့္ ေရာဂါေႀကာင့္လဲ လူငယ္လူရြယ္တိုင္းမွာ ျဖစ္ေစတတ္ပါတယ္။

၅။ လူႀကီးလူငယ္မေရြး အမ်ားဆံုးျဖစ္ေစတတ္တာမွာေတာ့ Calcaneal Spur လုိ႕ေခၚေသာ ဖေနာင့္ရိုးမွာ က်ီးေပါင္းတတ္ၿပီး အတက္ကေလးထြက္ျခင္းပဲျဖစ္ပါတယ္။

၆။ ဖေနာင့္သားေႀကျခင္း၊ အသားမွ်င္ေရာင္ရမ္းျခင္းေႀကာင့္လဲ ျဖစ္ႏုိင္ပါတယ္။

သူ႕အလိုလိုျဖစ္ႏိုင္သလုိ အျမင့္ကခုန္ခ်ျခင္းလိုမ်ိဳး ထိခိုက္ဒဏ္ရာရမႈေႀကာင့္လဲ ျဖစ္ႏုိင္ပါတယ္။

ထုိကဲ့သို႕ျဖစ္လာခဲ့လွ်င္ ေတြ႕ရေလ့ရွိသည့္ ေရာဂါလကၡဏာေတြမွာ

၁။ အိပ္ရာႏိုးစ၊ ထုိင္ေနရာမွ မတ္တပ္ရပ္စမွာ ထူးထူးျခားျခားနာက်င္၍ လမ္းေလွ်က္လုိ႕ေသြးပူလာသည့္အခါ နာက်င္မႈေလ်ာ႕ပါးသြားျခင္း

၂။ ႀကာႀကာမတ္တပ္မရပ္ႏိုင္ျခင္း

၃။ ႀကာႀကာလမ္းမေလွ်ာက္ႏိုင္ျခင္း

၄။ ဖေနာင့္အတြင္းပိုင္း သို႕မဟုတ္ အျပင္ပိုင္းေတြတြင္ အနည္းငယ္ေရာင္ရမ္းေနတတ္ျခင္း

၅။ ဖိနပ္မာမာစီးလို႕မရျခင္း

၆။ လက္ႏွင့္ဖိႀကည့္၊ ေထာက္ႀကည့္သည့္အခါ နာက်င္ျခင္းစတာေတြပဲျဖစ္ပါတယ္။

သက္သာေအာင္ျပဳလုပ္ႏုိင္သည့္နည္းလမ္းမွာ ကုလားထုိင္မွာထုိင္ရင္း ႀကမ္းျပင္ေပၚမွာဖေနာင့္မေရြ႕ေစဘဲ ေျခေခ်ာင္းေလးေတြကိုေကြးေပးျခင္း၊

ေကာ့ေပးျခင္း ေလ့က်င့္ခန္းကို အႀကိမ္ ၂၀၊ ၃၀ ေလာက္လုပ္ေပးႏိုင္ပါတယ္။…

Credit : Original

Unicode >>>

ခြေဖနောင့်နာခြင်း၊ အောင့်ခြင်းကိုဖြစ်စေနိုင်တဲ့ အကြောင်းများမှာ…..

၁။ ဖနောင့်ကြောနှင့် အရွတ်ပြားမှာ ထိခိုက်မိခြင်း၊ ဒဏ်ဖြစ်ခြင်း။

၂။ ဖနောင့်ရိုးပင်ကိုက နောက်ဖက်မှာချွန်၍ မြင့်တက်နေခြင်း၊ ထိုအခြေအနေကို ဆေးဝေါဟာရ (Haglund’s Calcaneum) လို့လဲ ခေါ်ပါတယ်။

ဤအခြေအနေတွင် အရွတ်တွေ ဒဏ်ရာရလွယ်စေပါတယ်။

၃။ ခြေဖဝါးခွက်လွန်းသည့်အနေအထားမှာ လမ်းလျှောက်များလွန်းခြင်း၊ အရပ်များလွန်းခြင်းကြောင့်လဲ ဖနောင့်အောက်ပိုင်းနှင့်နောက်ပိုင်း နာစေတတ်ပါတယ်။

၄။ Spondy arthritis လို့ခေါ်သော အရိုးအဆစ်ရောင်သည့် ရောဂါကြောင့်လဲ လူငယ်လူရွယ်တိုင်းမှာ ဖြစ်စေတတ်ပါတယ်။

၅။ လူကြီးလူငယ်မရွေး အများဆုံးဖြစ်စေတတ်တာမှာတော့ Calcaneal Spur လို့ခေါ်သော ဖနောင့်ရိုးမှာ ကျီးပေါင်းတတ်ပြီး အတက်ကလေးထွက်ခြင်းပဲဖြစ်ပါတယ်။

၆။ ဖနောင့်သားကြေခြင်း၊ အသားမျှင်ရောင်ရမ်းခြင်းကြောင့်လဲ ဖြစ်နိုင်ပါတယ်။

သူ့အလိုလိုဖြစ်နိုင်သလို အမြင့်ကခုန်ချခြင်းလိုမျိုး ထိခိုက်ဒဏ်ရာရမှုကြောင့်လဲ ဖြစ်နိုင်ပါတယ်။

ထိုကဲ့သို့ဖြစ်လာခဲ့လျှင် တွေ့ရလေ့ရှိသည့် ရောဂါလက္ခဏာတွေမှာ

၁။ အိပ်ရာနိုးစ၊ ထိုင်နေရာမှ မတ်တပ်ရပ်စမှာ ထူးထူးခြားခြားနာကျင်၍ လမ်းလျှေက်လို့သွေးပူလာသည့်အခါ နာကျင်မှုလျော့ပါးသွားခြင်း

၂။ ကြာကြာမတ်တပ်မရပ်နိုင်ခြင်း

၃။ ကြာကြာလမ်းမလျှောက်နိုင်ခြင်း

၄။ ဖနောင့်အတွင်းပိုင်း သို့မဟုတ် အပြင်ပိုင်းတွေတွင် အနည်းငယ်ရောင်ရမ်းနေတတ်ခြင်း

၅။ ဖိနပ်မာမာစီးလို့မရခြင်း

၆။ လက်နှင့်ဖိကြည့်၊ ထောက်ကြည့်သည့်အခါ နာကျင်ခြင်းစတာတွေပဲဖြစ်ပါတယ်။

သက်သာအောင်ပြုလုပ်နိုင်သည့်နည်းလမ်းမှာ ကုလားထိုင်မှာထိုင်ရင်း ကြမ်းပြင်ပေါ်မှာဖနောင့်မရွေ့စေဘဲ ခြေချောင်းလေးတွေကိုကွေးပေးခြင်း၊

ကော့ပေးခြင်း လေ့ကျင့်ခန်းကို အကြိမ် ၂၀၊ ၃၀ လောက်လုပ်ပေးနိုင်ပါတယ်။…

Credit : Original