ကန့်လန့်ကာ နောက်ကွယ်က ဇေရဲထက် နဲ့ ခင်ဇာခြည်ကျော်



Credit: Xpress

Unicode

သရုပ်ဆောင် ဇေရဲထက် နဲ့ ခင်ဇာခြည်ကျော်တို့ ဟာ ကန်လန့်ကာဧ၊်နောက်ကွယ် ဆိုတဲ့ ဗီဒီယိုဇာတ်ကားလေးကို ရွှေကေသရီ ၊ နေဆန်း ၊ ရဲလေးမ နဲ့ အခြား အနုပညာရှင်များစွာနဲ့ ရိုက်ကူးနေပါတယ် ။ ဇာတ်လမ်းပုံစံလေးကယခုခေတ်မှာဖြစ်တတ်တဲ့သဘောလေးကိုဇာတ်ရုပ်ဖော်ထားတာဖြစ်ပါတယ်၊ ပညာမတတ်တဲ့ကောင်လေးတစ်ယောက်မိဘတွေအတွက် ငွေကောင်းကောင်းရအောင်ကြေးစားလုပ်ခဲ့ပါတယ်၊

ကြေးစားလုပ်နေရင်းနဲ့ တွေခဲ့တဲ့အမျိုးသမီးကြီးတစ်ဦးကိုပတ်သတ်မိပြီးမှနောင်တများစွာရခဲ့သလို အမေကိုပစ်မှားစော်ကားမိတဲ့ပုံစံလေးပါ၊ကန့်လန့်ကာ၏နောက်ကွယ်မှာမသိလို့ဖြစ်တတ်တဲ့ပုံစံလေးကို ဖန်တီးပုံဖော်ထားတာပါ၊ အမေမှန်းမသိတဲ့စိတ်နဲ့ အမေကိုပစ်မှားစော်ကားမိတဲ့အပေါ်နောင်တများကြောက်ရွံ့ထိပ်လန့်မူများရှက်ကြောက်မူများနဲ့ဘယ်လိုအဆုံးသတ်ဖြစ်မလည်းပရိတ်သတ်ကောဘယ်လိုပညာတစ်ခုရမလည်းဆိုတာကိုတော့သရုပ်ဆောင်ဇေရဲထက်က ဗီဒီယိုဇာတ်ကားလေးထွက်ရင်အချိန်ပေးကြည့်ပေးကြပါလို့ပရိတ်သတ်ကို ချစ်ခင်စွားအသိပေးခဲ့ပါတယ်။

Credit: Xpress