2017ရဲ့အကယ္ဒမီဆုရွင္က စိုးျပည့္သဇင္မ်ားျဖစ္ေလမလား?

မင္းသမီးေခ်ာေလး သ႐ုပ္ေဆာင္စိုးျပည့္သဇင္ဟာ အဆိုဘက္မွာေရာ သ႐ုပ္ေဆာင္ပိုင္းမွာပါ ပါရမီေကာင္းတဲ့သူေလးတစ္ဦးျဖစ္ပါတယ္။

ရႊန္းလဲ့ေတာက္ပတဲ့မ်က္ဝန္းတစ္စုံ အျပဳံးခ်ိဳခ်ိဳေလးေတြနဲ႔ ခ်စ္စရာပုံစံေလးေၾကာင့္ ပရိတ္သတ္ေတြရဲ့

အခ်စ္ေတြကိုသိမ္းပိုက္ရယူထားနိုင္သူေလးပါ။

အႏုပညာေလာကထဲဝင္ေရာက္ၿပီး မၾကာမွီမွာဘဲသူမရဲ့သ႐ုပ္ေဆာင္ပီျပင္မွုေတြေၾကာင့္

စိုးျပည့္တစ္ေယာက္ဟာ ၂၀၀၉ခုႏွစ္ အကယ္ဒမီေပးပြဲမွာလည္း “မိုးညအိမ္မက္ျဖဴ”ဇာတ္ကားနဲ႔ အမ်ိဳးသမီးအေကာင္းဆုံးဇာတ္ေဆာင္ဆုရရွိပိုင္ဆိုင္ထားသူလည္းျဖစ္ပါတယ္။

ဒီႏွစ္မွာလည္း စိုးျပည့္ကိုခ်စ္တဲ့ ပရိတ္သတ္ေတြက

သူမပါဝင္သ႐ုပ္ေဆာင္ထားတဲ့ “ေခါက္ထီးေလးမလုံ႔တလုံ”ဇာတ္ကားနဲ႔ အကယ္ဒမီမွန္းထားၾကပါတယ္။

“ ထင္ေၾကးေပးတယ္လို႔ေျပာတဲ့ အတြက္ေၾကာင့္လည္း ဝမ္းသာပါတယ္။

ဒါေပမယ့္ အကယ္ဒမီ ဆိုတာကလည္း တစ္ျခားေသာဇာတ္ကားေတြလည္း အမ်ားႀကီးရွိတယ္ေလ။

ကိုယ့္ဘက္ကေတာ့ အတတ္နိုင္ဆုံး ႀကိဳးစားဖို႔ပဲရွိပါတယ္။ ေကာင္းတဲ့သူေတြ ေတာ္တဲ့သူေတြရမွာပါ။

ဒီဇာတ္ကား႐ုံတင္ခ်ိန္မွာလည္း ဒီလိုေျပာတာေတြ ၾကားေတာ့ တစ္ကယ့္ကို ဝမ္းသာပီတိျဖစ္ပါတယ္။

အရမ္းႀကီးေမၽွာ္လင့္တာမ်ိဳးေတာ့ စိုးျပည့္မွာ မရွိပါဘူး။

ဒီဇာတ္ကားနဲ႔ပက္သက္ၿပီး အကယ္ဒမီ မွန္းေပးၾကတာ ၾကားတဲ့အတြက္ေၾကာင့္ အရမ္းေက်နပ္သလို၊ ဝမ္းသာပါတယ္။

ဆက္ၿပီးေတာ့ ႀကိဳးစားပါ့မယ္လို႔ စိုးျပည့္ေျပာခ်င္ပါတယ္ ”ဆိုၿပီး ပရိတ္သတ္ေတြတြက္

စကားလက္ေဆာင္ေလးျပန္ေျပာေပးထားပါတယ္။

အဆိုဘက္မွာေရာ သ႐ုပ္ေဆာင္ဘက္မွာပါ ေတာ္တဲ့မင္းသမီးေခ်ာေလး စိုးျပည့္သဇင္တစ္ေယာက္ သူမကိုခ်စ္တဲ့ပရိတ္သတ္ေတြ

ထင္ေၾကးေပးထားသလို အကယ္ဒမီဆုႀကီးကိုဆြတ္ခူးနိုင္ပါေစလို႔ ပရီတ္သတ္ႏွင့္အတူ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Credit myanmar load
=======================

မင်းသမီးချောလေး သရုပ်ဆောင်စိုးပြည့်သဇင်ဟာ အဆိုဘက်မှာရော သရုပ်ဆောင်ပိုင်းမှာပါ ပါရမီကောင်းတဲ့သူလေးတစ်ဦးဖြစ်ပါတယ်။ ရွှန်းလဲ့တောက်ပတဲ့မျက်ဝန်းတစ်စုံ အပြုံးချိုချိုလေးတွေနဲ့ ချစ်စရာပုံစံလေးကြောင့် ပရိတ်သတ်တွေရဲ့ အချစ်တွေကိုသိမ်းပိုက်ရယူထားနိုင်သူလေးပါ။

အနုပညာလောကထဲဝင်ရောက်ပြီး မကြာမှီမှာဘဲသူမရဲ့သရုပ်ဆောင်ပီပြင်မှုတွေကြောင့် စိုးပြည့်တစ်ယောက်ဟာ ၂၀၀၉ခုနှစ် အကယ်ဒမီပေးပွဲမှာလည်း “မိုးညအိမ်မက်ဖြူ”ဇာတ်ကားနဲ့ အမျိုးသမီးအကောင်းဆုံးဇာတ်ဆောင်ဆုရရှိပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ ဒီနှစ်မှာလည်း စိုးပြည့်ကိုချစ်တဲ့ ပရိတ်သတ်တွေက သူမပါဝင်သရုပ်ဆောင်ထားတဲ့ “ခေါက်ထီးလေးမလုံ့တလုံ”ဇာတ်ကားနဲ့ အကယ်ဒမီမှန်းထားကြပါတယ်။

“ ထင်ကြေးပေးတယ်လို့ပြောတဲ့ အတွက်ကြောင့်လည်း ဝမ်းသာပါတယ်။ ဒါပေမယ့် အကယ်ဒမီ ဆိုတာကလည်း တစ်ခြားသောဇာတ်ကားတွေလည်း အများကြီးရှိတယ်လေ။ ကိုယ့်ဘက်ကတော့ အတတ်နိုင်ဆုံး ကြိုးစားဖို့ပဲရှိပါတယ်။ ကောင်းတဲ့သူတွေ တော်တဲ့သူတွေရမှာပါ။ ဒီဇာတ်ကားရုံတင်ချိန်မှာလည်း ဒီလိုပြောတာတွေ ကြားတော့ တစ်ကယ့်ကို ဝမ်းသာပီတိဖြစ်ပါတယ်။ အရမ်းကြီးမျှော်လင့်တာမျိုးတော့ စိုးပြည့်မှာ မရှိပါဘူး။ ဒီဇာတ်ကားနဲ့ပက်သက်ပြီး အကယ်ဒမီ မှန်းပေးကြတာ ကြားတဲ့အတွက်ကြောင့် အရမ်းကျေနပ်သလို၊ ဝမ်းသာပါတယ်။ ဆက်ပြီးတော့ ကြိုးစားပါ့မယ်လို့ စိုးပြည့်ပြောချင်ပါတယ် ”ဆိုပြီး ပရိတ်သတ်တွေတွက် စကားလက်ဆောင်လေးပြန်ပြောပေးထားပါတယ်။

အဆိုဘက်မှာရော သရုပ်ဆောင်ဘက်မှာပါ တော်တဲ့မင်းသမီးချောလေး စိုးပြည့်သဇင်တစ်ယောက် သူမကိုချစ်တဲ့ပရိတ်သတ်တွေ ထင်ကြေးပေးထားသလို အကယ်ဒမီဆုကြီးကိုဆွတ်ခူးနိုင်ပါစေလို့ ပရီတ်သတ်နှင့်အတူ ဆုတောင်းပေးလိုက်ပါတယ်နော်။